ရခိုင်ပြည်၏
ပြောင်းလဲလာရေ နိုင်ငံရေးအခြေအနေအောက်မာ ပညာရေးစနစ်အပြောင်းအလဲတခု အဖြစ်
ရခိုင်ဗဟိုပြု ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အရေးတကြီးလိုအပ်လာရေလို့
အမျိုးသားတော်လှန်ရေး လှုပ်ရှားသူတိပါးက ကြားလာရပါရေ။ ရခိုင်ပြည်ရေ
ဗမာအစိုးရလက်အောက်မာ နှစ်ပေါင်းများစွာ ပညာရေးအဆင့်နိမ့်ကျနီရေ
ပြည်နယ်တခုဖြစ်ပါရေ။ဇာကြောင့် ဒေပိုင်ပညာရေးအဆင့် နိမ့် ကျခရေလည်း။ဗမာအစိုးရ
သင်ရိုးကို မြန်မာတစ်နိုင်ငံလုံးက တိုင်းနန့်ပြည်နယ်တိကို တပြေးညီသင်ပီးစွာ
ဖြစ်ကေလည်း ရခိုင့်ပညာရေးအဆင့်ရေ ပညားရေးအဆင့်သတ်မှတ်ချက်ဇယား၏ အောက်ဆုံးမာ
မယိုင်းမယိုင်ရပ်တည်နိန်ခစွာဖြစ်ပါရေ။
ပညာရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ရေနေရာမာ သင်ရိုး၏အရေးပါမှုကိုမိန့်ထားလို့ မရရေပိုင်။ပညာရေးကို ထဲထဲဝင်ဝင်အကောင်အထည်ဖော်ဆောင်ရွက်နိန်
ကတ်တေ ပညာရေးဝန်ထမ်းတိ၏ အရေးပါမှုကလည်း အရေးကြီးရေအစိတ်အပိုင်းတခုဖြစ်ပါရေ။ဗမာအစိုးရ၏
ပညာရေးစနစ်အောက်မာ ရခိုင် ပြည်၏ပညာရေးအခြေအနေ ရေ
အောက်ဆုံးကိုဇာကြောင့်ထိုးကျခရေလည်း။သင်ရိုးတစ်ခုတည်းကို သင်စွာချင်းတတူတူမာ
ရခိုင်ပြည်က ဇာကြောင့်အောက်ဆုံးမာဂျေးနေရာယူနိန်စွာလည်း။ရခိုင်ပြည်မာ
ပညာရေးဝန်ထမ်းအများစုက ရခိုင်သား/ရခိုင်သမ တိဖြစ်ပါရေ။ ပညာရေးကိုအကောင်အထည်ဖော်ရေ
နေရာမာ အကျိုးရလဒ်ကို ချက်ချင်း မြင်တွိရစွာမျိုးမဟုတ်ပါ။ ပညာရေးဆိုစွာ ဥယျာဉ်
စိုက်စွာနန့်တူပါရေ။ နှစ်ကာလ တချို့ စောင့်ပြီးမှရာ
အသီးအပွင့်ကိုမြင့်ရစွာမျိုးဖြစ်ပါရေ။
ယင်းကြောင့် ပညာရေးလောကသားဆရာ/မတိ ၏ လုပ်ဆောင်မှုကြောင့်
ပညာရေးတိုးတက်မှု အခြေအနေကိုလည်း နှစ်ကာလ အတိုင်းအတာတစ်ခုထိ စောင့်ပြီးမှရာ
မြင်ရစွာမျိုးဖြစ်ပါရေ။ယင်းအတွက် နန့်ပညာရေးကိုအဓိက အကောင်အထည်ဖော်ဆောင်ရွက်ရရေ
အခြေခံပညာကျောင်းတိမာတာဝန်ထမ်း ဆောင်နိန်ကတ် တေ ပညာရေးလောကသားတိ၏ တာဝန်ကျေပွန်မှုကိုလည်း
နှစ်ကာလတစ်ချို့စောင့်ပြီးမှ မြင်နိုင်ပါရေ။ဆိုလိုစွာက သင်ကြားရေးကို
အကောင်အထည်ဖော်နိန်ရေဆရာ/မ တိ၏ မိမိအလုပ်ပေါ် တာဝန် ကျီပွန်မှု ကို
ကျောင်းသား/သူချေတိ ၏ သင်ယူတတ်မြောက်မှုနန့်ရာတိုင်းတာနိုင်စွာဖြစ်ပါရေ။ယင်းကြောင့်
ရခိုင်ပြည်ပညာရေး အောက်ဆုံးကို ရောက်နိန်ရေအချက်ရေ ရခိုင်ပြည်ကပညာရေးလောကသားတိမာ
အများဆုံးတာဝန်ဟိမ့်ပါရေ။
ဆရာ/မတိဘက် ကလည်း အခက်အခဲမျိုးစုံဟိမ့်နိန်ပါရေ။ရခိုင်ပြည် ပညာရေး၏
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မာ သိသိသာသာ လိုအပ်နိန်စွာတိလည်း အများကြီးဖြစ်ပါရေ။ယေကေလည်း
အဂုနောက်ပိုင်း ရုပ်ဝတ္ထုပိုင်း မာလည်းအတန်အသင့်ပြည့်စုံနိန်ယာလို့ပြောလို့ရပါရေ။
ဆောက်လုပ်ထားရေ အဆောက်အဦ ရုပ်ဝတ္ထုပိုင်း ၏အရည်အသွေးပိုင်းကတော့ ဒေနှစ်ဆောက်
နောက်နှစ်ပြို ဆိုစွာမျိုးပါ။ဒေကိစ္စကလည်း ရခိုင်သားကုမ္ပဏီ ဆောက်စွာဖြစ်လို့
ကိုယ့်ရခိုင်သား၏ စေတနာရာဖြစ်ပါရေ။အဓိက ပြောချင်စွာကတော့ ဒေကိစ္စမဟုတ်ပါ။ ဆရာ /မ
တိဘက်က အခက်အခဲတိဟိမ့်ရေဆိုရေ ကိစ္စမာ ဆရာ/မတိရေ တာဝန်ကျရာဒေသမာ နီရေးထိုင်ရေးက အစ
ခက်ခဲရေ ကျေးရွာတိဟိမ့်ပါရေ။ ဆရာ/မတိရေ ကိုယ့်ရပ်ကိုယ်ရွာ မဟုတ်တေနေရာကို လားလို့
တာဝန်ထမ်းဆောင်ကတ်တေ နေရာမာ အခက်အခဲပေါင်းစုံနန့် ရင်ဆိုင်ကတ်ရပါရေ။
ဒေပိုင်အခက်အခဲတိ ဟိမ့်လို့ မိမိတာဝန်ကို ခေါင်းရှောင်နိန်ရေ ဆရာ/မတိ
လည်းဟိမ့်ပါရေ။ အခြားအခြေအနေတိအရ ကိုယ့်တာဝန်ကို ခေါင်းရှောင်နိန်ကတ်တေ ဆရာ/မတိ
လည်းအများကြီးဖြစ်ပါရေ။ အများဆုံးနန့်အဆိုးဆုံးက
ကျောင်းကိုပုံမှန် ရောက်ပြီးကေ သင်ကြားရေးကို တာဝန်ကျီသင်နိန်ရေ ဆရာ/မ
တိဖြစ်ပါရေ။ကျောင်းချိန်ပုံမှန်ရောက်သည့်တိုင်အောင် အချေတိကို သင်ကြားပီးရေ နေရာမာ
စေတနာမပါ။ ဒေအချက်တိက ရခိုင်ပြည်ပညာရေး နိမ့်ကျရခြင်း၏ အဓိက လက်သည်တရားခံဖြစ်ပါရေ။
ဆရာ/မတိကို ကျွန်တော်ရို့ လူမှုအသိုင်းအဝိုင်းမာ
ဘုရားနန့်တစ်ကိုင်းတည်းထားကတ်ပါရေ။ အာစရိယဂုဏ်ကို
လေးစားကတ်ပါရေ။ဆရာဖြစ်သင်တန်းတစ်ခုခုကြောင့်ဖြစ်စီ အကြောင်းတစ်ခုခုနန့်
ဆရာ/မဖြစ်လာတိုင်း ကျွန်တော်ရို့
ဘုရားနန့်တစ်ဂိုဏ်းတည်းထားကတ်ရဖို့ယာလား။အထက်မာဖော်ပြခရေ ပိုင်ဆရာ/မတိကို
ကျွန်တော်ရို့ ဘုရားနန့်တစ်ဂိုဏ်းတည်းထားရဖို့လား။ယင်းပိုင်ထားဖို့ကား ထိုက်တန့်
ယင့်လား။
ဆရာ/မ တိ တာဝန်ကျရာနေရာမာ နီရေးထိုင်ရေး ဇာကြောင့်ခက်ခဲရလည်း။ဆရာ/မတိကိုမိန့်ခီကေ
ယင်းရွာရေ ပညာရေးကိုစိတ်မဝင်စားကြောင်း ကို အစချီပနာရွာသားတိ၏ ပညာရေးကို
အလေးမထားရေ အကြောင်းတိနန့်မဆုံးနိုင်အောင်ပြောလာတတ်ပါရေ။ ပညာရေးလောကသားတိရေ
စာသင်ရေကိစ္စတစ်ခုရာ တာဝန်ဟိမ့်ရေ အခြားတစ်ခုလည်းမလိုအပ်လို့ဆိုကေ တက်တက်စင်အောင်မှားပါရေ။
ဆရာ/မ လို့ဖြစ်လာ ကေ တာဝန်မဟုတ်သည့်တိုင် ဆရာ/မတိဘက်က လိုက်နာကျင့်ကြံရဖို့
ဝတ္တရားတိ ဟိမ့်ပါရေ။ယင်းဝတ္တရား တိကို
အကျယ်ချဲ့လို့ပြောဖို့မလိုပါယာ။ဆရာ/မတိုင်းသိပြီးသားတိပါရာ။ယင်းပိုင်လိုက်နာကျင့်ကြံသင်ရေ
ဝတ္တရားတိ ပျက်ကွက်နိန်ကေ ယင်းဆရာ/မရေ တာဝန်ကျရာဒေသနန့်တသားတည်းမကျနိုင်ပါ။ယင်းပိုင်တ
သားတည်းမကျကေ ယင်းဆရာ/မတိရေ ယင်းရပ်ရွာမာနီရေးထိုင်ရေးကအစ အခက်အခဲတိဟိမ့်လာတတ်ပါ
ရေ။နောက်ဆုံးရလဒ်ကတော့ ပြောင်းဖို့အချိန်ကို စောင့်ပြီးကေ
ယင်းဒေသယင်းကျောင်းမာတာဝန်ကျနိန်စွာ ရေ ငရဲခန်းတစ်ခုပိုင်ဖြစ်လာပါရေ။ယင်းပိုင်
ဖြစ်နိန်ရေ ဆရာ/မရေ သင်ကြားရေးဘက်မာ အာရုံစိုက်မှုက လည်းတာဝန်ကျီဖြစ်လာပါရေ။ယင်းကြောင့်ပထမအချက်ကတာဝန်ကျရာဒေသမာ
သဟဇာတဖြစ်အောင် မနိန်နိုင်ရေ ဆရာ/မ တိနန့်လည်း
ရခိုင့်ပညာရေးကိုတည်ဆောက်လို့မရပါ။
ဆရာ/မ ဆိုစွာကျောင်းသား/သူချေတိကို
ရင်ဝယ်သားပိုင်မှတ်ပြီးကေ ပညာသင်ကြားရေး အလုပ်ကို
လုပ်ရစွာဖြစ်ပါရေ။ဇာကြောင့်ရယ်ဝယ်သားပိုင် မှတ်ထားရဖို့လည်း ။ကိုယ့်တပည့်ကို
ကိုယ့်သားသမီးပိုင် မှတ် နိုင်မှ ဒေအချေတိ၏ အလေ့အထ၊အကျင့်စရိုက်၊
အားသာချက်၊အားနည်းချက်ကို သိဖို့ဖြစ်ပါရေ။တပည့်တစ် ယောက်၏ အကြောင်းကို
ညက်နိန်အောင်သိမှလည်း သင်ကြားသင်ယူမှုတိလုပ်တေနေရာ မာ ထိရောက် လွယ်ကူဖို့ဖြစ်ပါရေ။ယေမှလည်း
အားနည်းရေသူကို ဇာပိုင်ပံ့ပိုးပီးရဖို့ အားသာရေသူကို ဇာပိုင်ဖြည့်ဆည်းပီး
ရဖို့ဆိုစွာကို ဆရာ/မ လုပ်သူက သိနိုင်ဖို့ဖြစ်ပါရေ။ဒေအချက်က လွယ်ကူရေကိစ္စ မဟုတ်ပါ
။ဆရာ/မတိဘက် က ကိုယ့်ကျောင်းသားတိအပေါ် နိစဉ်နန့်အမျှ စောင့်ကြည့်ပီးကေ
အကဲဖြတ်နိုင်မှဖြစ်ပါရေ။
ဒေနေရာမာ ဆရာ/မ တိဘက်က
စောဒကတက်စရာတစ်ခု ဟိမ့်စွာက ။ဆရာ/မတိရေ ခေတ်ကာလ အခြေအနေအရ လစာနှစ်သိန်းကျော်ရုံလောက်နန့်
ဒေခေတ်မာ သားသမီး ပညာရေး၊ စားရေးသောက်ရေး၊ လူမှုရေး၊ ကျန်းမာရေး ဆိုရေပိုင်
အရေးပေါင်းစုံ ကိုလည်းတစ်ချိန်တည်းမာ ဖြေရှင်းနိန်ကတ်ရသူတိဖြစ်ပါရေ။ ယင်းကြောင့်
ဆရာ/မတိမာလည်း တစ်ဘက်ကတာဝန်နန့်ဝတ္တရားတိဟိမ့်ရေပိုင် တစ်ဘက်မာလည်း မိသားစုအရေး
ဟိမ့်နိန်ပါရေ။ ယေခါ မိသားစုအရေးနန့်ယှဉ်လာရေခါ လူသားရို့၏သဘာဝအတိုင်း ကိုယ့်မိသားစု
အရေးအဆင်ပြေဖို့ကိုရာဦးတည်လားပါရေ။မိသားစုအရေးပေါင်းစုံနန့် လက်မလည်အောင်
ဖြစ်နိန်ပြီးကေ ယင်းစိတ်တိနန့် ကျောင်းကိုရောက်လာရေခါ ယင်းဆရာ/မရေ
ကိုယ့်တပည့်တိကိုအာရုံစိုက် အကဲဖြတ်နိုင်ဖို့စွာကိုထားလို့ ကိုယ့်သင်ကြားရေးကို
ကိုယ်လုပ်ဖို့တောင် စိတ်ပန်းလူပန်းဖြစ်လားပါရေ။ ယင်းကြောင့် ဒုတိယအချက်
ကဆရာ/မတိ သင်ကြားရေးကို ဇောက်ချပြီး ကေစိတ်ဝင်တစားနန့် လုပ်နိုင်ဖို့အတွက် မိသားစု
အရေးပြေလည်လောက်တေ ဝင်ငွေမျိုးထောက်ပံ့ပီးဖို့လိုပါရေ။
ဆရာ/မတိကို ခေတ်ကာလအခြေအနေအရ
နောက်ဆံတင်းစရာမလိုရေ အခြေအနေမျိုး ဖန်တီးပီး ထားနိုင်ကေ နောက်ဆက်တွဲအနေနန့်
ဒေနိခေတ်စားနိန်ရေ ကျူရှင်ကိစ္စ တစ်ပါတည်းငြိမ်းပြီးသားဖြစ်လားဖို့ ဖြစ်ပါရေ။
အရေးပေါင်းစုံနန့် ဆရာ/မတိ အိမ်နန့်ကျောင်း၊ ကျောင်းနန့်အိမ်တင်မကဘဲ ကျူရှင်ပါ
သင်ဖို့ဆိုစွာရေလွယ်စာတော့မဟုတ်ပါ။ တစ်ရက်လုံးကိုကျောင်းမာပင်ပန်းလို့လာစွာ အားလုံးသူအိမ်ပြန်လို့
နားချင်ရေဆန္ဒဟိမ့်ပါရေ။မနားနိုင်ဘဲကျူရှင်ဘက်ကိုအချိန်ပြန်ပီးရရေဆိုစွာကလည်းမိသားစုအရေးပြေလည်ဖို့
ဆရာ/မတိ၏ ထွက်ပေါက်တစ်ခု ဖြစ်နိန်လို့ဖြစ်ပါရေ။ တစ်ခုပြောစရာဟိမ့်စွာက
အခြားတိုင်းနန့်ပြည်နယ် တိက ဆရာ/မတိလည်း ဒေလစာ၊ ဒေအချိန် နန့်
ဒေပိုင်လည်ပတ်နိန်ကတ်စွာရာမလား အခြားတိုင်းနန့် ပြည်နယ်တိကို ရခိုင်ပြည် ပညာရေးမာ
ဇာကြောင့်လိုက်မမီစွာလည်း လို့ပြောစရာဟိမ့်ပါရေ။
ဒေသျှင့်က တတိယအချက်
ဖြစ်ပါရေ။ဒေအချက် ကဇာကလာလည်းဆိုကေ ကျွန်တော်ရို့ ရခိုင်ပြည်က ဆရာ/မ
တစ်ယောက်ချင်းစီတိုင်း၏ သဘောထားက လာပါရေ။ဇာပိုင်သဘောထားလဲဆိုကေ မနာခံတတ်တေ သဘော ၊
အလေးမထားရေသဘော ဖြစ်ပါရေ။ ဆိုလိုစွာက အစိုးရက စီမံချက်တစ်ခုချမှတ် လို
ပညာရေးဝန်ထမ်းဆရာ/မတိ လုပ်ကတ်ရဖို့လို့ဆိုကေ
ကျွန်တော်ရို့ ရခိုင်က ဆရာ/မတိရေ တာဝန်ကျီ
လုပ်ကတ်တေ။သင်တန်းတက်ဆိုတက်လိုက်တေ။သင်တန်းမာ သရုပ်ပြဆို ပြလိုက်တေ။သင်တန်း ပြီးကေ
သင်တန်းက ပီးလိုက်တေနည်းစနစ်တိစွာ သင်တန်းခန်းထဲမာပဲ ကျန်လိုက်ပါရေ။
အကိုးအကားအဖြစ်ပီးထား ရေ
ယင်းသင်တန်းနန့်ယင်းနည်းစနစ်တိနန့်သက်ဆိုင်စာအုပ်စာတမ်းတိကိုလည်း
ယင်းအခန်းထဲမာပဲထား ခကတ်ပါရေ။ အချေဗဟိုပြုသင်ကြားနည်းစနစ်ကို အစိုးရက
အကောင်အထည်ဖော်ဖို့ဆိုခါ ပထမဆုံး စီမံကိန်းဝင်မြို့နယ်တိသတ်မှတ်တေခါ ရခိုင်ပြည်က
မြို့တစ်ချို့ ထိပ်ဆုံးကပါခပါရေ။ ယေကေလည်း ယင်းအချေဗဟိုပြု သင်ကြားနည်းစနစ် ကို
ရခိုင်က ဆရာ/မတိမရလိုက်ပါ။ဆိုလိုစွာက ဒေသင်ကြားနည်း စနစ်ကို
ဇာပိုင်အကောင်အထည်ဖော်ရဖို့လည်းဆိုစွာကို မသိ မတတ်လို့ပြောချင်စွာမဟုတ်ပါ။
စာသင်ခန်းထဲ ကို ဒေနည်းစနစ်တ်ရောက်မလာပါ ။နဂိုအတိုင်းရာသင်ကတ်တေခါ
အချေဗဟိုပြိုသင်ကြားနည်းစနစ်စွာ ရခိုင်ပြည်မာ မအောင်မြင်ခပါ။ရခိုင်ထက်
အများကြီနောက်ကျရေ ကယားပြည်နယ်ပိုင်နေရာ ဒေနစ်စွာ အအောင်မြင်ဆုံးဖြစ်တေလို့
ဒေသင်ကြားနည်းစနစ်ကို အကောင်အထည်ဖော်ရာမာ အဓိကပါဝင်အားဖြည့် ပီးရေး အဖွဲ့အစည်းတိပါးကပြန်ကြားရပါရေ။ဒေအချက်က
ဇာကိုပြလည်းဆိုကေ ရခိုင်ပြည်က ဆရာ/မတိရေ ကိုယ်မာဟိမ့်ရေအခြေအနေနန့်
အခက်အခဲတိကိုပြပြိီးကေ ဒေလောက်ဟိမ့်လို့ဒေစနစ်ကိုဇာပိုင်အကောင် အထည်ဖော်ဖို့လည်း
။ကျောင်းဥပဓိရုပ်မကောင်း၊ အခန်းတိမကောင်း၊သင်ထောက်ကူမဟိမ့် ဆိုရေ
အကြောင်းပြချက်ပေါင်းမျိုးစုံပြပြီးကေ
တစ်ခုလည်းမလုပ်ကတ်။တစ်ချို့ဆရာ/မတိတတ်နိုင်သလောက်
ကြိုးစားလုပ်သူတိလည်းဟိမ့်ပါရေ။လုံးဝမဟိမ့်စွာတော့မဟုတ်။ယေကေလည်း
အများနန့်တွက်ကြည့်ကေ အကောင်အထည်မပေါ်ခ။
မဟိမ်လို့မလုပ် အလုပ်လို့မဖြစ် ကျပါရေ။ယင်းပိုင်မဟုတ်ဘဲ ကိုယ့်ရို့မာ ဟိမ့်ရေ
အခြေအနေနန့် တတ်နိုင်သလောက်ရာကြိုးကြံပြီးကေ လုပ်ကတ်ဖို့ဆိုကေ
မဖြစ်နိုင်စရာအကြောင်းမဟိမ့်ပါ။ ယင်းအတွက်နန့် တတိယအချက် ကဆရာ/မတိရေ ပညာရေးလုပ်ငန်းကိုအလေးမထား
တာဝန်ကျီလောက် ရာ မှတ်ပြီးကေ အကြောင်းပြချက်မျိုးစုံပီးပနာ ခေါင်းရှောင်တတ်တေလို့
ကောက်ချက်ချလို့ရပါရေ။
ပညာရေးလုပ်ငန်းတိ အောင်မြင်ချောမွေ့
ပြီးကေ ထိရောက်ဖို့ အခြားအရေးကြီးရေ အချက်တစ်ခုက မြို့နယ်ပညာရေးမှူးရုံးတိ၏
အရေးပါမှုဖြစ်ပါရေ။ မြို့နယ်ရုံးတိက ကိုယ်ရို့မြို့နယ်ထဲမာ ဟိမ့်ရေ
အခြေခံပညာကျောင်းတိုင်းကို ထိထိရောက်ရောက်
လမ်းညွှန်ကွပ်ကဲနိုင်ဖို့လိုပါရေ။ယင်းပိုင်လမ်းညွှန်ကွပ်ကဲ ရေနေရာမာ
ထိရောက်ဖို့အတွက် မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းတိ၏ ကဏ္ဍကလည်း မပါမပြီးဖြစ်ပါရေ။
မြို့နယ်ပညာရေးမှူးရုံးတိရေ အထက်ရုံးတိ၏ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရာမာ
ဆောင်ရွက်ပီးရ ရေပိုင် ကိုယ့်မြို့နယ်ထဲမာ တာဝန်ထမ်းဆောင်နိန်ကတ်တေ ဆရာ/မတိကို
လည်းကြီးကြပ်ရပါရေ။ ဆရာ/မတိ၏ အခက်အခဲတိကို သင့်တင်ရေပိုင် ကူညီဖြေရှင်းပီးဖို့လည်း
ဝတ္တရားဟိမ့်ပါရေ။ဒေနေရာမာ မြို့နယ်တစ်ခုလုံးကို တာဝန်ခံထားရရေ မြို့နယ်ပညာရေးမှူး
ဆိုရေပုဂ္ဂိုလ်၏ စေတနာမှန်ကန်ရေ ဆုံးဖြတ်ချက်တိ၊ လမ်းညွှန်ချက်
၊လုပ်ဆောင်ချက်တိဆိုစွာကလည်းအရေးပါပါရေ။မြို့နယ်ပညာရေမှူးဆိုရေ ပုဂ္ဂိုလ်တိရေ
မြို့နယ်တစ်ခုမာ နှစ်တိအများကြီးမနိန်တတ်ပါ ။ ဇာကြောင့်လည်းဆိုကေ
မြို့နယ်ပညာရေမှူး တိရေ ပညာရေးဌာနကို လေးငါးနှစ်လောက်ဖြတ်သန်းပြီးကေ ပင်စင်လားဖို့
ပါးနိန်ရေ ပုဂ္ဂိုလ်တိများပါရေ။ ယင်းကြောင့် ပညာရေးဌာနက အနားမယူခင်
တတ်နိုင်သလောက်စုမိဆောင်းမိဖြစ်အောင် ယူလားချင်ရေ ဆန္ဒတိနန့် ရသမျှကို
လုံးယူလားတတ်တေစိတ်နန့် ရောက်လာတတ်စွာတိဟိမ့်ပါရေ။ယင်းပိုင် ပုဂ္ဂိုလ်လက် အောင်မာ
ယင်းမြို့နယ်၏ ပညာရေးလုပ်ငန်းတိရေ ဖရိုဖရဲနန့် ဇာလူကို အဖခေါ်ရမှန်းမသိ
ဖြစ်တတ်ပါရေ။ မြို့နယ်တစ်ခု၏ ပညာရေးအတက်တကျရေ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်ကွပ်ကဲနိုင်မှု
အပေါ်မာ အများကြီး မူတည်ပါရေ။သက်ဆိုင်ရာမြို့နယ်ထဲက အခြေခံပညာကျောင်းတိကို
ကြီးကြပ်ကွပ်ကဲရေနေရာမာ ဘက်လိုက်မှုကင်းပြီးကေ
မှန်ကန်ပြတ်သားဖို့လိုရေ။မြို့နယ်ပညာရေးမှူးရုံးတိရေ အခြေခံပညာကျောင်းတိ
မာတာဝန်ထမ်းဆောင်နိန်ကတ်တေ ပညာရေးဝန်ထမ်းအသီးသီး၏ မှီခိုအားထားရာဖြစ်နိန်ဖို့လိုပါရေ။
ယင်းပိုင် မဟုတ်ဘဲ ဆရာ/မတိအမြင်မာ မြို့နယ်ရုံးကို ယုံကြည်မှုပျက်လားဖို့ဆိုကေ
မြို့နယ်ရုံး၏ ပုံရိပ်ရေ ကျဆင်းလားဖို့ဖြစ်ပါရေ။ဇာပိုင်အခြေအနေတိမာ
မြို့နယ်ရုံးတိပုံရိပ်ကျဆင်းလားလိုဲ့ဆိုကေ မြို့နယ်ရုံးက ဝန်ထမ်းတိရေ
ရိုးသားမှုမရှိရေ အခြေအနေမာ ပုံရိပ်ကျဆင်းပါရေ။ရိုးသားမှုလို့ဆိုရေနေရာမာ
ငွေကြေးတစ်စုံ တစ်ရာယူပြီးကေ လာတ်စားနိန်မှ မရိုးသားလို့မဆိုလိုပါ။မလိုအပ်ဘဲ
ပါဝါပြစွာမျိုး၊ဆရာ/မတိ ရုံးကိစ္စနန့် ရုံးကိုရောက်လာရေအချိန်မာ
အပြောအဆိုမောက်မာစွာမျိုးတိကလည်း ရိုးသားမှုမရှိစွာဖြစ်ပါရေ။ဇာကြောင့် လဲဆိုကေ
ပညာရေးလောကသားအချင်းချင်း ပညာရေးလုပ်ငန်းတိကို လုပ်ဆောင်နိန်ကတ်စွာမာ ငါရို့ရာ
အရေးပါအရာရောက်တေ ငါရို့လုပ်မပီးကေ တစ်ခုလည်းအဆင်မပြေဆိုရေ အချိုးမျိုးနန့်
တလွဲမာနထားနိန် လို့ဖြစ်ပါရေ။ယင်းကြောင့် စတုတ္ထအချက် အနီနန့်
မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းတိ၏ လမ်းညွှန်ချက်တိ ရေ စေတနာမှန်ပြီးကေ ရိုးသားမှု
ဟိမ့်ဖို့လိုပါရေ။
ပညာရေးလုပ်ငန်းတိ
အောင်မြင်ပြီးမြောက်ဖို့အတွက် နောက်ထပ် အရေးတကြီးမပါမဖြစ်တေ အခန်း ကဏ္ဍ တစ်ခုက
ကျောင်းအုပ်ဆရာကြီးတိဖြစ်ပါရေ။ ကျောင်းအုပ်ကောင်းကေ ကျောင်းကောင်းပါရေ။
ကျောင်းကောင်းကေ ယင်းကျောင်းမာ ပညာသင်ယူနိန်ကတ်တေ အချေတိ၏ပညာရေးကောင်းပါရေ။
အချေတိပညာရေးကောင်းရေအတွက်နန့် ယင်းအချေတိနိန်ထိုင်ရေ ကျေးရွာ ပညာရေးတိုးတက်ပါရေ။
ယင်းရွာ ပညာရေးတိုးတက်တေအတွက်နန့် အရည်အချင်းဟိမ့်ရေ၊ တော်ရေ
ရွာသူရွာသားတိထွက်ပေါ်ပါရေ။ ယင်းပိုင်
အရည်အချင်းပြည့်ဝရေ ၊ တော်ရေ ၊ကောင်းမွန်ရေ ရွာသားတိဦးဆောင်လာရေ ရွာမာ နိန်ထိုင်ရေ
အခြားရွာသူရွာသားတိလည်း အီးချမ်းရေ၊ စည်းလုံးညီညွတ်ပါရေ။ ကျောင်းအုပ်ရာ
မကောင်းခဆိုရေ ယင်းကျောင်းအုပ်
တာဝန်ယူထားရေကျောင်းလည်းမကောင်းပါ။ယင်းကြောင့်အထက်မာပြောခစွာတိနန့် ပြောင်းပြန်
အချိုးကျဖို့ဖြစ်ပါရေ။ ကျောင်းအုပ်ဆိုစွာရေ တစ်နည်းဆိုရကေ ကျေးရွာ၏
ပညာရေးမှူးတိလို့ ပြောလို့ရပါရေ။ယင်းကျေးရွာ၏ ပညာရေးအတက်အကျရေ
ကျောင်းအုပ်အပေါ်မာ အများကြီးမူတည်နိန် ပါရေ။
ကျောင်းအုပ် ပျက်ကျနိန်လည်း
ကျောင်းလည်းပျက်ကျပါရေ။ယင်းကျောင်းမာ တာဝန်ထမ်းဆောင် နိန်ကတ်တေ ဆရာ/မတိလည်း
ပျက်ကျပါရေ။ယင်းကြောင့် ကျောင်းအုပ်ရေ စည်းကမ်းကောင်းဖို့လိုရေ။
ကိုယ်ကဦးဆောင်ပြီးကေ ကျေးရွာတစ်ရွာ၏ ပညာရေးကို တည်ဆောက်နိန်စွာဖြစ်တေဆိုရေ
ခံယူချက်နန့် ပညာရေးလမ်းကို အခက်အခဲပေါင်းစုံကို ကျော်ဖြတ်နိုင်ဖို့အရေးကြီးပါရေ။
လက်ရှိအခြေအနေအရ ရခိုင်ပြည်က
ကျေးရွာတိမာ တာဝန်ထမ်းဆောင်နိန်ကတ်တေ ကျောင်းအုပ် တိ၏ (၉၀ %)လောက်က
ပျက်ကျနိန်စွာများပါရေ။တစ်ချို့ လေးစွားဖို့ကောင်းရေ ကျောင်းအုပ်ဆရာကြီး
၊ဆရာမကြီးတိလည်း ရှိပါရေ။ယေကေလည်း အများနန့်ယှဉ်လို့ကြည့်ဖို့ဆိုကေ
အပျက်ဖက်ကိုဦးတည်နိန်ရေ ကျောင်းအုပ်တိရာများပါရေ။ယင်းအတွက်နန့် ပဉ္စမအချက် က
စည်းကမ်းကောင်းမွန်ပြီးကေ ၊ ပညာရေး တိုးတက်ဖို့ အမှန်တကယ် ဦးဆောင်နိုင်ရေ
ကျောင်းအုပ်တိ ဖြစ်ဖို့လိုပါရေ။
ရခိုင်ဗဟိုပြုပညာရေးစနစ်
တစ်ခုပေါ်ထွက်လာဖို့အတွက်ဆိုကေ နောက်ဆုံးနန့် အရေးအကြီးဆုံး တစ်ခုကျန်ပါသိမ့်ရေ။ယင်းအချက်ကဇာလဲဆိုကေ
ပညာရေးတိုးတက်ဖို့ အတွက် အချေတိနန့် အနီး ကပ်ဆုံး ဖြစ်တေ ဆရာ/မတိနန့်
ကျောင်းသားမိဘတိဖြစ်ပါရေ။ ဆရာ/မတိအနီနန့် ရခိုင်ဗဟိုပြု ပညာရေးစနစ် ဖြစ်ဖို့ အတွက်
အရေးအပါဆုံးလည်းဖြစ်ပါရေ။ ရခိုင်ဗဟိုပြု ပညာရေးစနစ် လို့ဆိုရေနေရာမာ
လက်ရှိသင်ရိုးက ခွဲထွက်ပြီးကေ သင်ရဖို့ ပညာရေးစနစ်လို့ မဆိုလိုပါ။ နိမ့်ကျနိန်ရေ
ရခိုင်ပြည်၏ ပညာရေးကို ဦးမော့လာအောင် ဖော်ဆောင်စွာလည်း ရခိုင်ဗဟိုပြု
ပညာရေးစနစ်ဖြစ်ပါရေ။ ရခိုင်ပြည်မာ ရခိုင်ချေတိကို ရခိုင်ဆရာ/မတိ သင်နိန်လို့
ရခိုင်ပြည်ပညာရေး နိမ့်ကျနိန်ရစွာရေ ရခိုင်ဆရာ/မ တိအပေါ်မာ အများကြီးမူတည်ရေ
ဆိုရေအချက်ကို ငြင်းလို့မရပါ လက်ခံရဖို့ဖြစ်ပါရေ။ဒေအမှန်တရားကို လက်မခံဘဲ
ကိုယ်နန့်မဆိုင်ဆိုရေ သဘောထားမျိုးနန့်တော့ခါ အလုပ်မဖြစ်ပါ။နောက်တစ်ခုက
ရခိုင်ဗဟိုပြု ပညာရေးစနစ် မာ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု
နန့်သက်ဆိုင်ရေ အသိပညာတိကို အချေတိပါး ကိုရောက်အောင် ပီးလိုက်နိုင်ဖို့အတွက်
ဆရာ/မတိ အနိန်နန့် ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ကိုယ့်ယဉ်ကျေးမှု နန့်
သက်ဆိုင်ရေအကြောင်းအရာတိကို ကိုယ်တိုင်သိထားဖို့လိုအပ်ပါရေ။ ဆရာ/မကိုယ်တိုင်က
ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာနန့် သက်ဆိုင်ရေ အကြောင်းအရာတိကို လေ့လာမှုမရှိဆိုကေ
အချေတိကို လည်း ကိုယ့်လူမျိုး ၏ အစဉ်အလာကြီးမားခရေသမိုင်း ကို
လက်ဆင့်ကမ်းပီးနိုင်ဖို့မဟုတ်ပါ။
လက်ရှိအခြေအနေအရ ဆရာ/မ တိရေ
ပြင်ပစာပေဗဟုသုတ တိကို လေ့လာမှုမဟိမ့်သလောက်ဖြစ် နိန်ပါရေ။တက္ကသိုလ်က ဘွဲ့တစ်ခုရကေ
ပညာတတ် ဖြစ်ယာလို့ မှတ်ထင်နိန်ပြီးကေ အခြားလေ့လာစရာတိ ကိုလည်း မလေ့လာရေ
ဆရာ/မတိများပါရေ။ အမှန်က ဒေပိုင်ဖြစ်စွာရေ ပညာတတ်ဖြစ်စွာမဟုတ်ဘဲ ပညာရပ်
တိဖြစ်လားစွာပါ။ ဘွဲ့ရဆိုရေ လက်မှတ်တစ်စောင်နန့်တတူ ရပ်တန့်လားရေ ပညာကို ပညာရပ်
လို့ခေါ်ပါရေ။
ကျောင်းသားမိဘတိဆိုစွာလည်း အချေတိ
ပညာရေးတိုးတက်ကောင်းမွန်ဖို့ အတွက် အရေးပါရေ အခန်းကဏ္ဍမာပါဝင်ပါရေ။ကျွန်တော်ရို့
ရခိုင်ပြည်ရေ ဒေနိ ဒေအချိန်မာ အဖက်ဖက်က နိမ့်ကျနိန်ရေ အတွက်
ကျောင်းသားမိဘတိအနေနန့် လည်း ကိုယ့်သားသမီး ပညာရေးထက် မိသားစု စားဝတ်နီ ရေးကို
ပိုလို့ အာရုံစိုက်နိန်ရရေ အခြေအနေဖြစ်ပါရေ။ယင်းပိုင်ဖြစ်နိန်တိုင်းကို
သားသမီးပညာရေး အပေါ်အလေးမထား နိုင်ဆိုကေလည်း ကျွန်တော်ရို့တိ၏ဘဝရေ
ပိုလို့နိမ့်ကျလားရုံကလွဲလို့ အခြားမဟိမ့်ပါ။
ယင်းအတွက်နန့်
ရခိုင်ဗဟိုပြုပညာရေးစနစ် တစ်ခု ခိုင်ခိုင်မာမာပေါ်လာဖို့အတွက်ဆိုကေ ပညာရေး လောကသား
ဆရာ/မတိ အပါအဝင် ပညာရေးနန့်နှီးနွယ်ပတ်သတ်နိန်သူတိုင်း ကိုယ်စီကိုယ်စီ အသိတရား
နန့်ယှဉ်ပြီးကေ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ၊ကိုယ့်ဘာသာ အတွက် ရိုးသားမှုနန့်
မှန်ကန်ရေစေတနာ လိုအပ်ပါရေ။ဒေအချက်ရေ အပြောလွယ်သလောက် ကိုယ်စီကိုယ်စီ
တာဝန်သိစိတ်နန့် လိုက်နာကျင့်ကြံ နိုင်မှ ရခိုင်ဗဟိုပြု ပညာရေးစနစ် တစ်ခုကို
ကျွန်တော်ရို့၏ အနာဂတ်မာ ဝင့်ထည်စွာ မြင်နိုင်ဖို့ဖြစ်ပါရေ။
ပန်းသီကြိုး(ရသေ့တောင်)
Zawgyi
No comments:
Post a Comment