Sunday, November 17, 2019

ပညာရေးလောကမှာ သည်းခံစရာတွေများတယ်



               မြို့နယ်တစ်ခုမှာ ပညာရေးမှူးအသစ်တစ်ယောက်ပြောင်းတိုင်း အရင်လူလိုပဲလား ဆိုပြီးဆရာ/မတွေကြားမှာ
တီးတိုးတီးတိုးနဲ့ ပြောကြဆိုကြသံနေ ထွက်စမြဲပါ။မြို့နယ်ပညာရေးမှူးဆိုတာက တကယ်တော့ ပင်စင်သွားခါနီးဆရာကြီး
ဆရာမကြီးတွေဖြစ် နေတာများပါတယ်။လုပ်သက်အားဖြင့်လည်း များ ၊ အသက်အားဖြင့်လည်း ကြီးနေကြပါပြီ။ ပညာရေး
ဌာနမှာ ကျင်လည်ခဲ့တဲ့ လုပ်သက်အရ အတွေအကြုံတွေလည်းများတဲ့သူတွေလို့လည်းဆိုနိုင်ပါတယ်   ။ နှစ်ပေါင်းများစွာ
 အမှုထမ်းဘ၀နဲ့ဖြတ်သန်းလာခဲ့သူတွေဖြစ်ပါတယ် ။  ဒီလို့အတွေ့အကြုံတွေ ကြောင့်လည်း မြို့နယ်ပညာရေးမှူး  ဆိုတဲ့
ရာထူးကိုရလာကြတယ်လို့ဆိုလည်းမမှားနိုင်ပါဘူး။မြို့နယ်ပညာရေးမှူးတစ်ဦးရဲ့လုပ်ရည်ကိုင်ရည်ကောင်းရင်ကောင်းသ
လို အဲဒီမြို့နယ်ရဲ့ပညာရေးလုပ်ငန်းတွေဟာလည်းအတက်အကျတွေ ရှိတတ်ပါတယ်။စီမံခန့်ခွဲမှုကောင်းတဲ့မြို့နယ်ပညာရေး
မှူးတွေရဲ့လက်အောက်မှာ အမှုထမ်းကြရတဲ့ ပညာရေးဝန်ထမ်းတွေအနေနဲ့လည်း လုပ်ငန်းတွေကို ပိုမိုကောင်းမွန်ထိရောက်
အောင်ဆောင်ရွက်နိုင်ကြပါတယ်။ဒါကလည်း ခေါင်းဆောင်ကောင်းတဲ့အတွက်ကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ တိကျတဲ့
ညွှန်ကြားချက်တွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပေးနိုင်မှုကြောင့် လို့ဆိုနိုင်ပါတယ်။ဒါကြောင့်မြို့နယ်ပညာရေး
မှူးတွေဟာ အတွေအကြုံရှိပြီးလုပ်ရည်ကိုင်ရည်ရှိတဲ့၊စီမံခန်ခွဲမှုကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်လှ
ပါတယ်။
             တစ်ချို့သောမြို့နယ်ပညာရေးမှူးများဟာ မိမိဦးဆောင်ခွင့်ရတဲ့ မြို့နယ်မှာ အများကလေးစားအတုယူရတဲ့ ရိုသေ
ထိုက်တဲ့ ဆရာကြီး ၊ ဆရာမကြီးတွေဖြစ်ကြပေမယ့် တစ်ချို့ဆရာကြီး ဆရာမကြီးတွေကိုတော့ ပညာရေးဝန်ထမ်းတွေအနေနဲ့
အောင့်အီးသည်းခံပြီး ဆက်ဆံပေးလိုက်ရသူတွေလည်းအများအပြားကို ရှိပါတယ်။သည်းခံပြီးဆက်ဆံလိုက်ရတယ်ဆိုတာက
တော့ အဲလိုဆရာကြီး ဆရာမကြီးတွေဟာ ပင်စင်ယူခါနီးတွေဖြစ်တာကြောင့် လုပ်သက်ကိုအားနာလို့ ပြဿနာမလုပ်ချင်တာ
တွေကြောင့် တတ်နိုင်သလောက် အောင့်ခံလိုက်ကြရတာမျိုးဖြစ်ပါတယ်။
အဲလို့သည်းခံပြီး နေလိုက်ကြရတာတွေဟာ တကယ်တော့ပညာရေးလောကမှာ များနေပါပြီ။ပင်စင်ယူခါနီး မြို့နယ်မှူးဆရာကြီး အပြင်လောကရောက်သွားရင် နေစရာအိမ်မရှိသေးတာတွေ။စီးပွားရေးအရ အဆင်မပြေသေးတာတွေ
ကို ဖြေရှင်းဖို့ ရသလောက်အချိန်လေးမှာ နိုင်သလောက်စားသွားကြဖို့လုံးပန်းနေသူတွေသာများတာကြောင့် ပညာရေးလောကဟာ သည်းခံစရာတွေများပါတယ်။အဂတိလိုက်စားမှုတွေနဲ့ အလုပ်ပြုတ်သွားကြတဲ့ ဆရာကြီးတွေလည်း
ခုနောက်ပိုင်းမှာ ကြားနေမြင်နေရပါတယ်။ဒါပေမယ့်ဒီလိုအလုပ်ပြုတ်သွားသူအများစုဟာ အပြင်လောကမှာ တင့်တောင်းတင့်
တယ်နေနိုင်တဲ့အခြေအနေတစ်ခုကိုပိုင်ဆိုင်ထားကြတာများပါတယ်။တစ်ချို့ပါးရည်နပ်ရည်ရှိကြတဲ့ ဆရာကြီးဆရာမကြီးတွေ
ကတော့ အောက်ခြေ၀န်ထမ်းတွေရဲ့ သည်းခံမှုကို အခွင့်ကောင်းယူပြီး ရသမျှသိမ်းထုပ်သွားနိုင်ကြပါတယ်။

တစ်ချို့ဆရာကြီးဆရာမကြီးများဟာ ပင်စင်သွားခါနီးတစ်နှစ်အလို မှာ မြို့နယ်ပညာရေးမှူးဖြစ်လာကြတဲ့အတွက် သူတို့ရဲ့
လုပ်နည်းလုပ်ဟန်တွေမှားယွင်းနေရင်တောင် ပညာရေးဝန်ထမ်းဆရာ/မတွေဟာ တိုင်တာတောတာမျိုးမလုပ်ကြတော့ပါဘူး။
ပင်စင်ယူခါနီးနေတာကြောင့် လုပ်သက်ကိုအားနာတဲ့အတွက် နားလည်ပေးလိုက်ကြပါတယ်။တစ်ခုရှိတာက ပညာရေးမှူးတွေ
အတိုင်ခံရတယ်ဆိုတာမျိုးတွေရှိပေမယ့် အဲဒီအတိုင်ခံရတဲ့ပုဂ္ဂိုလ်ဟာ လွန်လွန်ကျွံကျွံမတရားလုပ်တာမျိုးတွေကြောင့် အောက်ခြေ၀န်ထမ်းတွေ သည်းမခံနိုင်ဖြစ်ပြီးတိုင်ကြတာများပါတယ်။ဒီလိုအတိုင်ခံကြရပေမယ့် တစ်ချို့ဆရာကြီးတွေအနေ
နဲ့အရေးယူခံရတာမျိုးမရှိတာတွေလည်းရှိပါတယ်။ဌာနဆိုင်ရာ စစ်ဆေးမှုတွေလုပ်တာကိုခံယူရတာမှန်ပေမယ့် သူလူကိုယ့်
ဘက်စစ်ဆေးတာတွေရှိနေတာကြောင့်လည်း အနေရှောင်သွားကြတာမျိုးတွေဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် အတိုင်ခံ
ရပေမယ့် ထွေထွေထူးထူး အရေးယူခံရခြင်းမရှိသူတွေဟာ အရင်ကထက်အစွယ်ပိုရှည်လာကြပါတယ်။ဘယ်လောက်တိုင်
တိုင် ငါတို့ကဘာမှမဖြစ်ဘူးဆိုပြီး လူကိုလူမမြင်ပိုဖြစ်လာကြပါတယ်။ ဒါ့ကြောင့် ပညာရေးလောကသားတွေဟာ သည်းခံကြ
ရပြန်ပါတယ်။
သည်းခံခြင်းဟာ ကောင်းမြတ်တယ်လို့ဆိုပေမယ့် မတရားလုပ်နေတာတွေကို သည်းခံနေရတာကိုကောင်းမြတ်တယ်လို့ဆို
နိုင်မလား ။ မကြာခဏပြောင်းလဲတတ်တဲ့ ရာထူးကြီးကြီးနေရာတွေကို ရိက္ခာစုရုံ လောက်ရောက်လာကြတဲ့သူတွေလက်ထဲ
ကိုတိုင်းပြည်ရဲ့အနာဂတ်တွေ ထိုးအပ်လိုက်တာကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ပညာရေးဟာ တဖြေးဖြေးလုံးပါးပါးလာတာဖြစ်
ပါတယ်။တကယ်တော့ ကျွန်တော်တို့ဟာအလေးမထားသင့်တာကိုအလေးထားတတ်ကြပြီး အလေးထားသင့်တာတွေကို
အလေးမထားတတ်တာတွေကြောင့် အခြေအနေတွေကို ပိုပိုဆိုးလာစေပါတယ်။ အကျင့်ပျက်တဲ့ ကျောင်းဆရာတစ်ယောက်
ကလေးတွေအပေါ်မှာစေတနာ မထားတတ်တဲ့ ကျောင်းဆရာတစ်ယောက် ရွာတစ်ရွာမှာတာဝန်ကျလာပြီးငါးနှစ်လောက်နေခဲ့
မယ်ဆိုရင် အဲဒီရွာရဲ့ အနာဂတ်က မြောင်းထဲရောက်ပြီးသားဖြစ်ပါတယ်။သူတာဝန်ကျခဲ့တဲ့နှစ်တွေမှာ ပညာကောင်းကောင်း
မသင်ရဘဲ အတန်းတင်ပေးလိုက်တဲ့စနစ်တွေကြောင့် ကလေးတွေမှာ အခြေခံပါမလာတော့ပါဘူး။တဖြေးဖြေး အတန်းကြီး
လာတဲ့အခါ စာမလိုက်နိုင်တာတွေနဲ့ ကလေးက စိတ်လေပြီးကျောင်းထွက်လိုက်တယ်။အဲလို့ကျောင်းသားတွေဟာ အဲဒီရွာမှာတစ်ယောက်စ နှစ်ယောက်စမဟုတ်ဘူး။ အကျင့်မကောင်းတဲ့ဆရာ တာဝန်ကျခဲ့တဲ့ငါးနှစ်တာကာလမှာ ကံဆိုးစွာ
ပညာသင်ကြားခဲ့ရတဲ့ကလေးတွေ အားလုံးပါပဲ။အဲကလေးတွေ ကြီးပြင်းလို့ကျေးရွာကိုဦးဆောင်ရမယ့် အချိန်လည်းရောက်
ရော ရွာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်ခေါင်းဆောင်မျိုး မရှိတော့ဘူး။ဒီလို ဖြစ်ရပ်မျိုးတွေကို စာရေးသူတို့ ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေမှာ တော်တော်များများမြင့်နေရတယ်။အိမ်ခြေ (၈၀)လောက်ရှိတဲ့ ရွာတစ်ရွာမှာ ဆိုရင် ဆယ်တန်းအောင်မရှိတဲ့အချိန်တွေ ကို ဆယ်စုနှစ်သုံးနှစ်စာလောက်ဖြတ်သန်းခဲ့ရတယ်။ခုနောက်ပိုင်း မှာတော့ တစ်ယောက်စ နှစ်ယောက်စအောင်လာကြပြီလို့သိရပါတယ်။ ကျောင်းဆရာဆိုသူတွေဘက်ကလည်း ကိုယ်သင်ပေးခဲ့တဲ့တပည့်တွေ ကို ကိုယ်တာဝန်ယူတုန်းလောက်သာသက်ဆိုင်တဲ့ ဆိုပြီး ပြီးပြီးရော သဘောထားနေကြတာတွေဟာ တာဝန်မဲ့လွန်းရာ ရောက်ပါတယ်။ကိုယ့်ပညာသင်ပေးခဲ့တဲ့ ကလေးတွေ လက်တွေဘ၀နယ်ပယ်ထဲမှာ ကျင်လည်ပြီးဘ၀ကိုရင်ဆိုင်ကြရတဲ့အခါ ပညာပြည့်ဝတဲ့၊အရည်အသွေးမှီတဲ့၊ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေဖြစ်တဲ့ ကလေးတွေဖြစ်လာရဲ့လားဆိုတာကို ကိုယ်ဘယ်နေရာရောက်ရောက် လေ့လာနေဖို့လိုပါတယ်။
ဒါမှလည်း ကိုယ့်တပည့်လေးတွေရဲ့ အခြေအနေကိုကြည့်ပြီး ကိုယ်တာဝန်ယူခဲ့စဉ်က တာဝန်ကျေခဲ့ရဲ့လားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ဒီယောက်ပြောင်းပြီး နောက်တစ်ယောက်လာရင် ကောင်းနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သည်းခံစောင့်ရင်းကျွန်တော်တို့မျိုးဆက်တွေ ခွေးဖြစ်မယ့်နေကို ထိုင်ကြည့်နေကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့အနာဂတ်ကို
ကျွန်တော်တို့ကိုယ်တိုင်ဖျက်ဆီးပစ်လိုက်သလိုဖြစ်နေပါလိမ့်မယ်။

ပန်းသီကြိုး(ရသေ့တောင်)

၁၀..၂၀၁၉

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ