လက်ထဲကဆွဲခြင်းထဲ ဘ၀ကိုထည့်ဆွဲလိုက်တယ်
လေးလံမှုကို တစ်ရက်စာတစ်ရက်ပဲတွေး
တစ်နိုင်တစ်ပိုင်လို ဆိုတာမျိုး။
အသံပေါင်းစုံနဲ့အရောင်တွေလည်းမျိုးစုံ
အလေးထည့်ချိန်တဲ့ချိန်ခွင်တွေသေဆုံးသွားတာ
ဈေးထဲမှာပေါ့
ခေတ်ဟာ အဆင်သင့်လိုက်ပုံများ
စဉ်းနှီတုံးတစ်တုံးနဲ့ဓားတစ်လက်ဟာ
မိသားတစ်စုအတွက်ဟင်းတစ်ခွက်မည်တယ်။
အသားနဲ့ငါး
အသီးနဲ့အရွက်
အသွေးအသားနဲ့ဓာတ်ပြုနိုင်ဖို့
မနက်ခင်းပန်းချီကို ရေးဆွဲ
ဈေးသက်သာတဲ့ဘ၀ဆိုတာမျိုးရဖို့
ဈေးဆစ်ကြည့်လိုက်တော့
လောကကြီးက ဈေးသည်တစ်ယောက်လို
မျက်စောင်းပြန်ထိုးတယ်။
ဒညင်းသီးခွံခင်းတဲ့လမ်းပေါ်မှာတော့
ခြေရာပေါင်းများစွာမညဉ်းမငြူဖြတ်လျှောက်နေတာပဲလေ
အဲဒီလမ်းပေါ်မှာ တစ်ချို့အုတ်ခဲကျိုးလေးတွေ
က
မျက်နှာပန်းလှကြရသလို
မာတဲ့အရာတိုင်းအနင်းပိုခံခဲ့ကြရတာပဲ
လောက ဟာ အမှန်တရားအတွက်တော့
နေရာများများပေးမထားတာသေချာတယ်။
ဈေးထဲကငါးစိမ်းတန်းဟာ ကြမ်းသလား
ဒီထက်ကြမ်းတာတွေရုံးပြင်ကနားမှာ
ပေါင်လှုပ်နေတာပဲ
ကိုယ်ကိုကိုယ် ဘာလိုချင်တာလဲပြန်မေး
ငါးဟင်းတစ်ခွက်အတွက်
ငါးစိမ်းသည်တွေကိုတည့်အောင်ပေါင်းလိုက်သလို
ဘ၀ဆိုတာ ကိုယ့်ငွေနဲ့ကိုယ်အောက်ကျခံခြင်းတစ်မျိုးပါပဲ။
ဆန္ဒတွေတစ်လွှာချင်းဖြန့်ခင်းထား
ကိုယ်လမ်းကြောင်းနဲ့ကိုယ်
ရောက်သူလည်းရောက်
လျှောက်သူလည်းလျှောက်
မနက်စောစောထ ပြီးနေ့တိုင်းမေတ္တာမပို့ဖြစ်ပေမယ့်
ဈေးထဲတော့ရောက်ဖြစ်တယ်
အိပ်ရာထနောက်ကျတဲ့ နေ့တွေလို့
ဘ၀ ဟာ အရင်လိုနေတယ်
ဆွဲခြင်းထဲက
လတ်လတ်ဆတ်ဆတ် ငါးတစ်ကောင်ရဲ့
အကူအညီတောင်းသံဟာ
ထမင်းဝိုင်းထဲက မျက်နှာပန်းပွင့်နေမယ့်
ကောင်မလေးတစ်ယောက်လို။
ပန်းသီကြိုး(ရသေ့တောင်)
၃.၉.၂၀၁၉
အလေးထည့်ချိန်တဲ့ချိန်ခွင်တွေသေဆုံးသွားတာ
ဈေးထဲမှာပေါ့
ခေတ်ဟာ အဆင်သင့်လိုက်ပုံများ
စဉ်းနှီတုံးတစ်တုံးနဲ့ဓားတစ်လက်ဟာ
မိသားတစ်စုအတွက်ဟင်းတစ်ခွက်မည်တယ်။
အသားနဲ့ငါး
အသီးနဲ့အရွက်
အသွေးအသားနဲ့ဓာတ်ပြုနိုင်ဖို့
မနက်ခင်းပန်းချီကို ရေးဆွဲ
ဈေးသက်သာတဲ့ဘ၀ဆိုတာမျိုးရဖို့
ဈေးဆစ်ကြည့်လိုက်တော့
လောကကြီးက ဈေးသည်တစ်ယောက်လို
မျက်စောင်းပြန်ထိုးတယ်။
ဒညင်းသီးခွံခင်းတဲ့လမ်းပေါ်မှာတော့
ခြေရာပေါင်းများစွာမညဉ်းမငြူဖြတ်လျှောက်နေတာပဲလေ
အဲဒီလမ်းပေါ်မှာ တစ်ချို့အုတ်ခဲကျိုးလေးတွေ
က
မျက်နှာပန်းလှကြရသလို
မာတဲ့အရာတိုင်းအနင်းပိုခံခဲ့ကြရတာပဲ
လောက ဟာ အမှန်တရားအတွက်တော့
နေရာများများပေးမထားတာသေချာတယ်။
ဈေးထဲကငါးစိမ်းတန်းဟာ ကြမ်းသလား
ဒီထက်ကြမ်းတာတွေရုံးပြင်ကနားမှာ
ပေါင်လှုပ်နေတာပဲ
ကိုယ်ကိုကိုယ် ဘာလိုချင်တာလဲပြန်မေး
ငါးဟင်းတစ်ခွက်အတွက်
ငါးစိမ်းသည်တွေကိုတည့်အောင်ပေါင်းလိုက်သလို
ဘ၀ဆိုတာ ကိုယ့်ငွေနဲ့ကိုယ်အောက်ကျခံခြင်းတစ်မျိုးပါပဲ။
ဆန္ဒတွေတစ်လွှာချင်းဖြန့်ခင်းထား
ကိုယ်လမ်းကြောင်းနဲ့ကိုယ်
ရောက်သူလည်းရောက်
လျှောက်သူလည်းလျှောက်
မနက်စောစောထ ပြီးနေ့တိုင်းမေတ္တာမပို့ဖြစ်ပေမယ့်
ဈေးထဲတော့ရောက်ဖြစ်တယ်
အိပ်ရာထနောက်ကျတဲ့ နေ့တွေလို့
ဘ၀ ဟာ အရင်လိုနေတယ်
ဆွဲခြင်းထဲက
လတ်လတ်ဆတ်ဆတ် ငါးတစ်ကောင်ရဲ့
အကူအညီတောင်းသံဟာ
ထမင်းဝိုင်းထဲက မျက်နှာပန်းပွင့်နေမယ့်
ကောင်မလေးတစ်ယောက်လို။
ပန်းသီကြိုး(ရသေ့တောင်)
၃.၉.၂၀၁၉
No comments:
Post a Comment