Thursday, February 21, 2019

ကြည့်​​လေလှ​လေ



----------------------

အရိုးစွဲ​နေတဲ့အာသီသ​တွေက
အိမ်​မက်​​တွေကိုဖန်​ဆင်းပြီး
ကိုယ်​ထင်​လာပြတယ်​။

ယောင်​လို့ထ​အော်​မိတဲ့မပီမသစကား​တွေ
တစ်​အိမ်​လုံးပြည့်​လို့ပါပဲ
ဒါဟာဘယ်​သူမှနားမလည်​တဲ့​တေးသွား
ရင်​တစ်​ခုလုံး​ရေစိမ်​ခံထားရသလို
ပွတက်​လာတဲ့ခံစားချက်​​တွေကို
ထိုးသိပ်​ထားလိုက်​ပြန်​တယ်​။

ကြည့်​​လေလှ​လေပဲတဲ့
လူ​တွေရဲ့မှတ်​ချက်​အဆုံးမှာ
ကပ်​ပါလာမယ့်​ ရမ္မက်​ ​တွေကို
ငါအတင်းလိုက်​လိုက်​ခွါခဲ့တာ
ငါအတ္တဟာငါကို့ရယ်​​နေ​ရော​ပေါ့။

အဖြူ ဟာအ​ရောင်​တစ်​ခုပါပဲ
နင်​ဟာအ​ဆောင်​တစ်​ခုပါပဲ
ငါသာအ​တောင်​တပ်​ထားတဲ့နှလုံးသားနဲ့
နားခိုရာ​ပျောက်​ဆုံးခဲ့သူ
နင့်​အလှစူးဖျားမှာ
ငါဟာညှိခဲ့ပြီးသားပါ
နဂိုအတိုင်းမဖြစ်​မယ့်​အတူ
ချစ်​တတ်​ခဲ့တာပိုမ​ကောင်းဘူးလား။

             ပန်းသီကြိုး(ရ​သေ့​တောင်​)
             ၁၉.၅.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ