နှလုံးအိမ်တစ်ခုနန့်မဆန့်ရေနာကျည်းစိတ်တိရာ
ဖူးပွင့်နီလီယင့်
...။
ညီမချေ...
တရားဝင်လူသတ်ခွင့်ဟိမ့်ရေလက်တိနန့်
နင့်ကိုခြွီယူလိုက်ကတ်ယာကားယေ
လက်ဗလာသက်သက်နန့်လူကိုမှ
ကျည်ထိုးမောင်းဖြုတ်လားကတ်တေ...
ငါရို့တိအသက်က
မင်္သကာမှုဆိုရေ
ပုဒ်မတစ်ခုလောက်တောင်
အသုံးမ၀င်ခ...
စိတ်ဆာရေ
စိတ်ဆာရေ
စိတ်ဆာရေ...ဝေး...။
နိုင်လိုမင်းထက်စရိုက်တိ
ဒေမြီမာ
ခြီရာထပ်နီသမျှ
ငါရို့တိဘဝ
ကို ကျုံးသွင်းခံရရေ။
မယူတောင်တရိုးကို
မစဲတမ်းရွာချဖို့
မျက်ရည်တိ...
ငါရို့မျက်ရည်တိ...
ကျွန်ကပ်ကမ္ဘာပျက်တေနိ
အမျှဝီယင်းငိုမေ
ညီမချေ...။
မကြွီသင့်ရေ
အကြွီပန်းချေတိ
သီကုံးထားရရေ
အဖရင်ခွင်ထက်မာ
လွတ်မြောက်အောင်လျှောက်တေလမ်းတိုင်း
အတွက်
အမှတ်ရနီပါမေ
ညီမချေ။
နင်မငိုပါကေ့...
နင့်အိမ်ခြံထဲက
ငှက်ချေတိလန့်လို့ပျံခရေပိုင်
နင် အမြင့်ကိုပျံပါလီ
အီးမြသာယာရေဘ၀နန့်
အဖရခိုင်ပြည်မာ
သန္ဓေတည်ပါလီ
နင်မငိုပါကေ့....။
ပန်းသီကြိုး(ရသေ့တောင်)
၂၀.၂.၂၀၁၉
No comments:
Post a Comment