Saturday, February 16, 2019

အစွဲအလမ်း



...................

သံ​ချောင်း​ခေါက်​သံလို
အဆက်​မပြတ်​ကြားတယ်

ငါဟာအိပ်​စက်​​နေတာ​သေချာရဲ့လား

မငြိမ်းချမ်းနိုင်​​သေးတဲ့နယ်​​မြေထဲ
အိပ်​စက်​ခြင်းဆိုတာ
သေမင်းရဲ့နှုတ်​ခမ်းဝမှာဝဲ​နေတယ်​။

သောကြာ​နေ့ကိုပဲသတိထားရမှာလား
မဟုတ်​​သေးဘူး
အ​နောက်​ဘက်​အရပ်​မှာ
သောကြာ​နေ့​တွေများတယ်

နှစ်​နှစ်​ခြိုက်​ခြိုက်​ မရှိလှတဲ့
လန့်​နိုးမှုတစ်​ခု ​ပေမယ့်
တံစက်​မြိတ်​ကကျ​နေတဲ့မိုးစက်​​တွေဟာ
သံ​ချောင်း​ခေါက်​သံလိုအဆက်​မပြတ်​ကြား​နေတယ်​။

ဒါဟာ ​မှော်​ရုံ​တောမှာ​မော​နေမယ့်
ဂေါ်ဂင်​မဟုတ်​ဘူး
စစ်​​မြေပြင်​မှာကြင်​နာပြမယ့်​မာသာထရီဆာမဟုတ်​ဘူး
ကမ္ဘာ​ကျော်​​နေတဲ့ကဗျာဆရာ
ရာဘင်​ဒြာနတ်​တဂိုးလည်းမဟုတ်​ဘူး...

အသက်​ရှင်​သန်​မှုအတွက်
အောက်​စီဂျင်​တစ်​ခုနဲ့မပြီးသလို
ဘ၀ ရူး​လောက်​​အောင်​လှ​နေတယ်​။

          ပန်းသီကြိုး(ရ​သေ့​တောင်​)
          ၁၁.၇.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ