Tuesday, February 19, 2019

မိုး စက်တေွ သီးနေ တဲ့မေး ဖျားလေး



------------------------------------

သြရမ​တောင်​တန်းကြီးဆီ
အ​ရောက်​သွားခဲ့တဲ့တိမ်​​တွေလို
ငါတို့မျက်​၀န်းဟာညို​နေပါ​ရောလား

လူဆိုတဲ့​ခေါင်းစဉ်​​လေးတစ်​ခု​အောက်​မှာ
ဘ၀​တွေဘယ်​​လောက်​​ပျောက်​ဆုံးသွားမှန်းမသိ​တော့ပါဘူး။

ဒီအရပ်​နဲ့ဒီဇာတ်​ကို
သေနပ်​သံတစ်​ချက်​နဲ့​ခြောက်​လှန့်​ပစ်​လိုက်​သလို
လက်​​မြှောက်​....
နောက်​​ကြောင်းမ​အေးတဲ့စက္ကန့်​​တွေထဲ
သွေးတစ်​စက်​ဟာအသက်​ကင်းမဲ့​နေလိုက်​ပုံများ
မယူမြစ်​ကြီးကလှိုင်းဂယက်​​တွေထသွားတယ်​။

မိုးနဲ့​ရောပြီးအိပ်​​ပျော်​​နေရမယ့်​ည​တွေဆီလွမ်းတယ်
လက်​နှိပ်​ဓာတ်​မီးအ​ရောင်​တစ်​ချက်​လက်​တိုင်း
ကင်းတဲထိပ်​ကသံ​ချောင်းကို​ကောက်​ကိုင်​လိုက်​မိတယ်
မိုးစက်​​တွေလိုပဲ ငါတို့နားမှာတ​ဒေါက်​​ဒေါက်​နဲ့ကြား​နေရတုန်း

မေးဖျားမှာလာသီး​နေတဲ့မိုးစက်​ထဲ
အငံဓာတ်​​တွေ​ရောပါသွားခဲ့ပြီ။

          ပန်းသီကြိုး(ရ​သေ့​တောင်​)
          ၉.၆.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ