........
ငါတို့တွေသေမင်းနဲ့လက်တစ်ကမ်းမှာ
အဲဒီနေ့က မျှော်လင့်ချက်မဲ့ရင်ဘ၀ဟာသေတာနဲ့
အတူတူပဲဆိုတဲ့စကားကို နားလည်ခဲ့တယ်
အကြောက်တရားရဲ့အဆုံးမှာ
ရဲရင့်ခြင်းတွေရှိကြောင်းပိုသိခဲ့တယ်
ဒုက္ခရောက်သူခြင်းဟာ
ရိုင်းပင်းကူညီကြကြောင်းနားလည်ခဲ့တယ်
အသက်ဆိုတာအပိုမပါပေမယ့်
ကူရာမဲ့နေတဲ့အရပ်မှာ
ငါတို့ဟာ အစိုးရ
ဒီနေ့....
ဒီနေ့....ရောက်တိုင်း
ငါတို့ဟာသမ္မတဖြစ်ပါတယ်။
ပန်းသီကြိုး(ရသေ့တောင်)
၈.၆.၂၀၁၈
မှတ်ချက်။၈.၆.၂၀၁၂မှာသေတွင်းကထွက်လာကြသူများသို့။
No comments:
Post a Comment