----------------
နူတ်ဆက်သင့်သူတွေကိုနူတ်ဆက်ခဲ့ပြီးပြီ
နိမိတ်ဖတ်နေတယ်လို့ပြောနေကြမယ့်အသံတွေ
ငါမကြားနိုင်တော့ဘူး
လွတ်လပ်ရေးကြေငြာချက်တွေ
ငါ့မိတ်ဆွေတွေရဲ့နာရေးသတင်းတွေ
ငါ့ရွာငါ့ပြည့်ရဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေ
ငါမကြားနိုင်တော့ဘူး။
မျိုးဆက်တစ်ခုကိုလက်ဆင့်ကမ်းဖို့
ငါတို့ရယူရမယ့်မနက်ဖြန်ဟာ
တောင်ပံဖြန့်လေဟုန်စီးပျံဝဲနေဖို့
သဘာဝတရားရဲ့လက်ဆောင်တွေကို
ခံစားနားလည်နိုင်ဖို့
မွေးရပ်မြေက သွေးထွက်နေကြရတာ
သွေးသားတွေအတွက်
အသက်နဲ့ရင်းခဲ့ကြတာ
ငါမရှိလည်းဆက်သွားရအုန်းမယ့်ခရီး
မင်းမရှိလည်းဆက်သွားရအုန်းမယ့်ခရီး
သူမရှိလည်းဆက်သွားရအုန်းမယ့်ခရီး
ပန်းတိုင်ဆိုတာသွားရင်းနီးလာစမြဲပဲ။
နိုင်ငံတော်ကိုကြည်ညိုကြရင်း
သရဏဂုံ မတင်လိုက်ရတဲ့မိတ်ဆွေ
သရဏဂုံ မတင်လိုက်ရတဲ့ငါတို့ကို
ယမ်းငွေ့တွေဟာနှင်းလို့ဖုံးလွှမ်းထားလိုက်ပြီ
ဒီဘ၀ရဲ့ရုပ်ကြွင်းဟာ
သိပ်မကြာခင်ပျောက်ကွယ်လိမ့်မယ်
စနစ်တစ်ခုပြောင်းဖို့
လူတွေဘယ်လောက်သေပေးဖို့လိုသလဲ
အုပ်ချုပ်သူနဲ့ပြည်သူ
၂၄နာရီချင်းမတူတော့ဘူးလား
ငါတို့ ရဲ့လမ်းခုလတ်မှာ
ငါတို့ဟာ ကိုယ့်လျှာကိုယ်တစ်စောင်းကိုက်ထားလိုက်ပြီ။
ပန်းသီကြိုး(ရသေ့တောင်)
၁၉.၁၂.၂၀၁၈
No comments:
Post a Comment