Thursday, February 21, 2019

ရနေှာင်ဗေဒ


မင်းအလှစစ်​ပရိယယ်​မာ
အမြင်​အာရုံတိကသုံပန်းဖြစ်​လားယာ
မူးယစ်​စရာတိမ​သောက်​သုံးခဘဲ
ငါမူးယစ်​နီယာကား​ယေ
မင်းအလှတိရွင့်​လာ​ရေခါ
ရှောင်​ပုန်းလို့မရ​ရေ မျက်​၀န်းတိ
ဇာ​လောက်​မိန်း​မောနီခ​ရေလဲ...

နွီအလယ်​တည့်​တည့်​မာ
နီမင်း​ရေဇာ​လောက်​အပူပြင်းပြင်း
မင်းအလှမာ ဒီဂရီ​လျော့ဆင်းလားစွာ
ငါသတိပြုမိ​ရေနိက
ယင်းနိကိုငါမိန့်​မရဆို​ကေ
မင်းဘ​လောက်​လှလဲသိလိမ့်​​မေ။

အချစ်​ကိုစစ်​မက်​တစ်​ခုပိုင်
အနိဋ္ဌာရုံတိနန့်​ငါမဖုံးပိုက်​ချင်​ပါ​ဝေ
ဒေဘ၀ကိုရခစွာကိုက
အနိုင်​ရခြင်းတစ်​မျိုးရာမလား
မင်းအလှကိုခံစားရစွာက​တော့ခါ
အခိုက်​အတန့်​တိတိုင်းအတွက်
ရပ်​တန့်​လို့မရ​ရေပန်းချီကားတစ်​ချပ်​နန့်​တူ​ရေ။

စံကားပန်း​ချေတိဖူးယင့်​​မေ
ဒေရာသီနက္ခတ်​တိထက်
မင်းမျက်​၀န်း​ချေ​တောက်​ပလွန်း​ရေကား
ဒေရာသီပန်းတိထက်
မင်းပါးပြင်​​ချေပိုလို့ဝင်းပလွန်း​ရေကား
ဒေရာသီနီမင်းထက်
မင်းနူတ်​ခမ်း​ချေပိုလို့နီမြန်းလွန်း​ရေကား
ငါထင်​​ရေအတိုင်း
မင်း​ကောက်​​ကြောင်းတိ၏အတိမ်​အနက်​ကို
ဇာပိုင်​နာရီတိထက်​မှာ
ဆင်းသက်​လီဖို့လဲ။

ဒေအလှတရားတိနန့်​မင်းကို
ဇရာတိမဖုံးလွှမ်းပါစီ​ကေ့လို့ငါဆု​တောင်း​ရေ
သဘာဝစာမျက်​နှာအသစ်​ကို
ငါရာရွီးစပ်​ခွင့်​ရခဖို့ဆို​ကေ
မညိုးနွမ်းနိုင်​​ရေအလှနန့်
ထာဝရလှနီနိုင်​ဖို့က မင်းတစ်​​ယောက်​ရာ​ယေ။

ပန်းတိ၏ရနံ့ကိုရှူ ရှိုက်​ဖို့
မိစ္ဆာတိရဲတင်းလာ​ရေလမ်းမာ
အလှဆိုစွာမာန်​တက်​စရာတစ်​မျိုးမဟုတ်​​ကြောင်းကို
မင်းစာလုံးမှန်​​အောင်​​ပေါင်းတတ်​ပါစီ
မင်းအလှတိ​ကြောင့်
မင်းကိုမနာကြင်​စီချင်​​ရေအတိုင်းရာ
မင်းလှနီပါလီ
ငါစွာမခူးဝံ့မဆွတ်​၀ံ့နန့်
ပစီပဇာကျယ်​​ရေလူတစ်​​ယောက်​မဟုတ်​​ကေလည်း
ဒေအတိုင်း​ချေ ရာမြင်​ခွင့်​ရနီဖို့
ဘ၀​ပေါင်းဇာ​လောက်​ဖြစ်​တည်​ပြရဖို့လဲ
ချစ်​ခြင်းကို​နှောင်​ဖွဲ့မှုတစ်​ခုနန့်​ရာမြင်​တတ်​​တေလူတိထက်
ငါကပိုလွတ်​လပ်​ပါ​ရေ။

လည်​တိုင်​ထက်​ကိုအုပ်​ဖွဲ့ပျံသန်းနီ​ရေ
ဆံနွယ်​တိ၏အခွီအလိပ်​အတိုင်းကို
ကြာလက်​ကြာနွယ်​တိတိုးဝင်​လား​ရေပိုင်
အသာ့​ချေထိုးဖွလိုက်​ချင်​​ရေ​ဝေ
ငါ၏ဆန္ဒတစ်​ခုတည်းရာဆို​ကေ
တစ်​ဆင့်​ချင်းမြင့်​တက်​လာဖို့တန်​ပိုတိကို
သံစိုင်​အလှဆုံးနန့်
သာယာ​အောင်​တီးခတ်​မိလီဖို့။

လီအပင့်​မာရွင့်​လာ​ရေအသံတိုင်းကို
မင်းလားလို့ရှာကြည့်​မိ​ရေ
ငါဇာ​လောက်​ရူးသွပ်​နီယာလဲ
တပ်​မက်​စိတ်​၏လားရာတိုင်းမာ
အစင်​ကြည်​ဆုံး
မင်းအပြုံးတိကိုရွီတွက်​ဖို့
မျက်​​တောင်​မခတ်​မိခ​....
နီခင်းသားမာမြင်​ခွင့်​ရ​ရေကြယ်​တစ်​လုံးအဖြစ်
မင်း​တောက်​ပနီခစွာငါအသိဆုံးပါ
ငါ​ရေအပြစ်​မကင်း​ရေခံစားမှုသက်​သက်​နန့်
နှလုံးသားကိုထိန်း​ကျောင်းဖို့
ဒေအသိတရားတိကိုမုန်း​ရေ။

ဗလာသက်​သက်​နန့်
လောဘတိအပ်​​တေညဉ့်​ကိုသီကုံး
ဘ၀ကိုနှလုံးသားနန့်​​ဆောင်းပါးထည့်​လိုက်​​တေလက်​တိက
မင်းလက်​​ချေတိထက်​ကြမ်းပါ​လိမ့်​​မေ။

စိတ်​ခံစားမှုအာရုံ၏အမြင့်​ဆုံးအရပ်​မာ
အလှတရား၏ရစ်​​နှောင်​မှုတိနန့်
ထွက်​သက်​၀င်​သက်​ကိုစည်းဝါးကိုက်​ဖို့
မကြာမကြာ အသက်​ရှူ မှားဖူးခယာ​ယေ
မှော်​၀င်​လာ​ရေစီး​မျောမှုတိက
ပင့်​သက်​ချ လိုက်​​တေလီတိုင်းအဓိပ္ပါယ်​ဟိမ့်​​ရေအ​ကြောင်း
ငါဇာကိုတိုင်​တည်​ရဖို့လဲ။

ငါလိုချင်​​ရေ​လောဘတစ်​ခုက
မင်းနာ​မေဇာ​လောက်​လှလဲလို့သိချင်​​ရေ
ချစ်​ခြင်းတရားမာ​ပျော်​၀င်​နီ​ရေဆဲလ်​တိုင်း
သင်းပျံ့နိုင်​​ရေဆို​ကေ
ငါ့နှလုံးသားကိုမြင်​​အောင်​ကြည့်​ပါ​ဝေ
ဒေကဗျာတစ်​ပုဒ်​ထက်
ချစ်​သူကပိုလှ​ရေလို့
မရိုးမသား​ပြောဖို့အစား
ဒေကဗျာစာသားကို
ထပ်​ကာထပ်​ကာရွတ်​ပြလိုက်​ချင်​ပါ​ရေ
အတိုင်းအတာဆိုစွာ
ဆန္ဒနန့်​ရာထပ်​တူကျပါ​ရေ
မင်းစွာငါ့အတွက်
ဒေကဗျာကိုမကြာမကြာရွတ်​လီဖို့ဆို​ကေ
ဒေရစ်​​နှောင်​မှု​ဗေဒ၏အတိမ်​အနက်​ကို
ငါဘ​လောက်​ရွက်​ရွင့်​နီလီဖို့လဲ။

               ပန်းသီကြိုး(ရ​သေ့​တောင်​)
               13.5.2018



No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ