Tuesday, February 19, 2019

အနက်ရောင်



---------------
တကယ်​​တော့အ​နက်​​ရောင်​ပါ
တေးသွား​ဆိုတဲ့ကြိုးတစ်​​ချောင်းအ​ပေါ်
ဟန်​ချက်​ကိုထိန်းရင်း
ဘ၀ကိုခပ်​စိမ်းစိမ်းကြည့်​ခဲ့တယ်​။
လက်​ထဲကခလုတ်​ကို
ဆွဲဖြုတ်​လိုက်​တယ်
အသက်​ပါသူ​တွေ​သေကြ​ပေါ့။
အသက်​ကိုလိုက်​ရှာတယ်
အသက်​ဘယ်​မှာလဲ
အ​မှောင်​ထဲက​ပြေးထွက်​ဖို့
အ​မှောင်​ထုထဲတိုးဖို့လိုတယ်
တကယ်​​တော့အနက်​​ရောင်​ပါ
ခလုပ်​က​လေး​ချောက်​ခနဲမြည်​​အောင်​နှိပ်​လိုက်​တယ်
တကယ်​​တော့အနက်​​ရောင်​ပါ
အားလုံးကိုမြင်​နိုင်​ဖို့
ကျွန်​​တော်​ဟာအနက်​​ရောင်​ပါပဲ။
         ပန်းသီကြိုး(ရ​သေ့​တောင်​) 
         ၁၁.၆.၂၀၁၈

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ