ညဇာဖက်သားငါးချက်တီးကပင်နှင်းတိကျလို့
ဒဇင်ဘာကဇာအရူးထစွာလည်း
မကောင်းနိုင်ရေလမ်းတိပိုင်
ဒဇင်ဘာကရုန်းရင်းဆန်ခတ်နိုင်ရေ
အသံစုံမြည်ရေ
ယင်းအထဲကမှ
ဂုတ်မဖော်နိုင်ရေပုလင်းတလုံး
မဖုံးရှာမရလိုက်ယာဖြစ်တေပုလင်းတလုံး
လှဲနိန်ရာကပြောရေ
သန်းခေါင်တိုင်ကေငါ့ကိုနိုးပါလတ်။
လပပျပြင်ချေနန့်
မြူခိုးဝဝီချေနန့်
20°C အောက်ကိုငုတ်ဆင်းလာရေညဉ့်စွာ
စည်းကားတောင်ထက်က တရားဖွင့်သံနန့်
ခွီးတကောင်ထဟောင်သံစွာ တချိန်တည်းလာဖြစ်တေ
တိုက်ဆိုင်ရေဆိုစွာလည်း
တတည့်မကျရေပစ်မှတ်တခုပိုင်
ချိန်လို့ပစ်မှလွဲလားစွာမျိုး
ယပိုင်မျိုးပါ
ယပိုင်မျိုးပါရာ
အသက်ရှူသံကြမ်းကြမ်းတိက
ချစ်သူပါးကို နှစ်သစ်ဆုတောင်းပီးဖို့
အချိုသာဆုံးပုံစံနန့် လမ်းလျှောက်ထွက်းလားပါယာ
ညဉ့်စွာနက်လာရေ
လစွာပလာရေ
မျက်စိစွာမှိတ်လာရေ
ယပြီးကေ
...
...
နောက်တရက်ခြောက်ချက်တီးခါမငါနိုးရေ။
ပန်းသီကြိုး(ရသေ့တောင်)
31-12-2022/10:37PM
No comments:
Post a Comment