Saturday, December 31, 2022

ငါမှတ်မရ

ဆောင်းဝတ်အင်္ကျီတိကလီမာရွင့်ခ
လေးငါးခြောက်ဆောင်းလား
ငါမှတ်မရ။

အလှစီးဖိနပ်တိကမျက်စိမွိနီခ
လေးငါးခြေက်ကြိမ်လား
ငါမှတ်မရ။

ငါကိုယ့်ငါလည်း
ငါမှတ်မရ
လေးငါးခြောက်ကြိမ်လား
ငါမှတ်မရ။

               ပန်းသီကြိုး(ရသေ့တောင်)
               31-12-2022/8:16PM

Thursday, December 29, 2022

သံသယနိုးစက်

‌စည်းအပြင်မာတော့ခါ
ကမ္ဘာနန့်အဆက်အသွယ်ပြန်လုပ်တေ
ယင်းနောက်ပိုင်း
တရားဝင်အလှပိုင်ရှင်တိအဖြစ်
တဖြုတ်ဖြုတ်ထွက်ကျလာ

လက်ဖက်ရည်ပုံမှန်ခွက်ထဲ
ဘဝစွာဇွန်းလားအရည်လားမသိ
ဘုရားဟောတရားတိကိုလည်း
သံသယစိတ်နန့်ရာစောင့်ကြည့်မိ

မိုးသောက်ဖက်ပုံမှန်မြည်နိန်ကျနိုးစက်စွာ
ကမ္ဘာမြီကို သဇင်တခက်ပိုင်လှမ်းကြည့်ရေ
နှင်းတိကတော့
နီအလာကိုထိုင်စောင်းယင်း
သံသယနိုးစက်စွာ အသံမကျယ်ကေလည်း
နေရာတိုင်းကကြားရေ

ငါ့မာထပိတ်ဖို့အင်အားကမရှိ။

                          ပန်းသီကြိုး(ရသေ့တောင်)
                          28-12-2022/3:52PM

Wednesday, December 28, 2022

အသားစတိ၏ဆက်ထုံး


သက္ကရာဇ်အထပ်ထပ်
ကျောက်သားတိ
တက်နိန်ရေရညှိကအစိမ်းရောင်။

အကျယ်အဝန်းတခု၊ရှည်လျားခြင်းတခု
ခြီမဦးကသွီးက
အမဲရောင်းတွင်းနက်ပါးမာ လင်းလက်နိန်တုန်း။

မြစ်ပိုင်စီးရေမျက်ရည်တိလည်းခမ်းပြီးယာ
အနာဆိုစွာလှပရိုးမဟိမ့်ရေရှုမဝစရာ
စိုင်းသည်တုံးထက်က အသားစတိ။

သံသရာဆိုစွာထပ်တူချမရေစက်ဝန်း
လည်နိန်လား လှည့်နိန်လား
အမျှင်ဓါတ်ကင်းရေအသက်တခုပိုင်
ဆင်းပြီးယင်းဆင်းလာရေလှီကားထစ်တိ
အောက်ကိုရောက်ကေလည်း
ဆင်းနိန်တုန်း။

365တိတထပ်ပြီးတထပ်
တရစ်ပြီးတရစ်ပြုန်းလာရေဇာတိထဲက
မြွီကျစ်တေပိုင်ရမ္မက်နန့်
အာကာပြင်ထက်ကိုတက်လာရေကြယ်ချေတလုံး
ဆယ်စုနှစ်...ပြီးကေ
သန်မာရေခြီနှစ်ဖက်
အတိတ်စွာနှင်းစက်တိပိုင်အငွိပျံလားယင့်။

                       ပန်းသီကြိုး(ရသေ့တောင်)
                       28-12-2022/7:44PM

ငါ့နံရိုးချေတိ၏အသက်ရှူသံ

စိတ်ချနှလုံးချယာ
ငါ့နံပါးမာ
ဉာဉ့်ကအက်ကြောင်းထဲစိမ့်ဝင်နိန်ဗျာယ်
ငါက နိမ့်လိုက်မြင့်လိုက်ဖြစ်နိန်ရေ

အိမ်မြှောင်ချေစုတ်ထိုးလိုက်တေ
ခွီးတကောင်ဟောင်သံကြားရေ
အရာ ငါ့နံရိုးချေတိအသက်ရှူသံကြားရေ

သောက်ရီအိုးကစိမ့်ထွက်လာရေရီတစက်ပိုင်
သူရို့အိပ်စက်နိန်ကတ်တေ
ငါကတော့နံရံတိပိုင်တည်ငြိမ်နိန်ပြန်ရေ

ဖောက်ဝင်လာရေမှိန်ဖျော့ဖျော့အလင်းစကားတစ်ခွန်းမာ
လူးလားခေါက်ပြန်လျှောက်ယင်း
ဆက်ထုံးလည်းမပျီနိုင်ဗျာယ်။

                           ပန်းသီကြိုး(ရသေ့တောင်)
                           27-12-2722/10:30PM


Tuesday, December 27, 2022

အတိတ်နန့်အနာဂတ်စွာတချိန်တည်းဖြစ်နိန်ရေခေတ်

ရင်းနှီးဖူးခရေမျက်နှာတချို့နန့်
မရင်းနှီးဖူးရေမျက်နှာတချို့ပေါင်းကေ
အတိတ်နန့်အနာဂတ်စွာ
တချိန်တည်းလားဖြစ်တေ။

ကောင်းခြင်းလား
ဆိုးခြင်းလား
ဒေနေရာမာ 
ဖြေစရာတခုကမိန်းခွန်းတခုအဖြစ်နန့်
လပြာလုံပါယင့်လား...။

ခမ်းနားနုံချာနိန်ရေအလှအပတိစွာ
လူကြိုက်များပါရေ
အတိတ်နန့်အနာဂတ်စွာ
တချိန်တည်းလားဖြစ်တေ။

                        ပန်းသီကြိုး(ရသေ့တောင်)
                        27-12-2022,10:01AM

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ