ဗြုန်းခနဲ စိမ်းကားလားရေ
ကိုယ်တိုင်မစီမံနိုင်ရေနှလုံးသားချေ
နာကျင်ခံစားရလွန်းရေကား
ပြဿနာစွာ ကြိုတင်ပြင်ဆင်ခွင့်မဟိမ့်
သဘာဝရာလို့ဆိုကေလည်း
ဒေသဘာဝတရား အတိုင်းလှလိုက်ပါမေ
လုံခြုံရေရင်ဘတ်တစုံအောက်မာ
ကိုယ့်စိတ်နန့်ကိုယ် အိပ်ခရရေရက်တိ...
ပြန်လိုချင်မိရေအရာတိုင်းလည်း
ကိုယ့်အတွက်အကောင်းဆုံးမဖြစ်
နားလည်မိစွာက ဇာမှန်းမသိ
ဝမ်းနည်းစိတ်နန့် ငိုပစ်တေ
အယင်အတိုင်းပြန်ဖြစ်လီဖို့လား
မေမေဇာလားခစွာလည်း...
ဘာဘာကပြောရေ
အပျိုမဖြစ်လာလို့လတ်။
ယင်းနိက
အိပ်စက်ခြင်းစွာ နှလုံးမသီ
ပြန်ပြောဖို့မတတ်တေ အိမ်မက်တိရာ
နှလုံးသားကိုလာဖျစ်ထားရေ
ယင်းနိကမိုးလင်းခါ
ဘာဘာကတေးခြင်းဆိုရေ
"ရင်နီချေလည်းနိုးနိန်ယာ
စာချေတိလည်းနိုးနိန်ယာ
နီလည်းထွက်လို့လာပါယာ
မိုးလည်းလင်းလို့နိန်ပါယာ"
မျက်လုံးကိုဖွင့်ကြည့်လိုက်တေ
အဝါတခေါက်သန်းရေ
မျက်ရည်စတိက
ခြောက်သွိနိန်ရေ မျက်ရည်စီးကြောင်းချေအတိုင်း
နှခပ်စကိုဖြတ်စီးလားရေ။
ပန်းသီကြိုး(ရသေ့တောင်)
၆-၆-၂၀၂၂
7:50AM
No comments:
Post a Comment