တောင်းတလုံးက ခေါင်း ထက်မာ...
နီထွက်ရာ အရပ်အတိုင်း မျက်နှာမူလို့
အခက်အခဲတိကြားက
အညောင်းဖြေရရေတချက်ချေမာ
ခေါင်းခု နန့် ပွတ်သုတ်လိုက်တေချွေးတိ
နိရက်ထဲကို အားအဖြစ် ပြန်လို့စီးဝင်လားရေ။
ဘဝဆိုစွာ ခေါင်းခုထဲက အားနန့်
ဆွဲဆန့်ထားရရေ ကာလအပိုင်းအခြားတစ်ခုရာ
အခြေခံအရေးသုံးပါးမာ
အစားတစ်လုပ်အတွက် ဇာလောက်အားထုတ်ပြီးယာလဲ
ရောင်နီတိမ်ဖုံးနိန်စွာကို
နရိပ် ရရေစိတ်နန့် ကျေးဇူးတင်ယင်း
ခေါင်းခု ကိုခွီလို့ခေါင်းမာတင်လိုက်တေ
ဘဝ ကို ဒေခေါင်းခုနန့် ပြန်ဝယ်ဖို့
လမ်းရှည်သရွီ တော့ လျှောက်ရဖို့သိမ့်ယေ။
ပန်းသီကြိုး(ရသေ့တောင်)
၅-၇-၂၀၂၁
Right
ReplyDelete