လွန်ရေ လို့မဟိမ့်လား
လွန်ရေလို့မဟိမ့်လား
အတန်တန်ကားမကျ
မိုးရွာကေလည်းအလွန်
လီထကေလည်းအလွန်
ချစ်တေခါ အပြစ်မမြင်လတ်
ယင်းပိုင်နန့် အရှိဖက်အိမ်ကလင်မယားလည်းကွဲခယာ
ပတ်ဝန်းကျင်မာ ရယ်စရာတိရာရွင့်လို့
တာရှည်ခံလွန်းနိန်ပြန်ယာ
အတန်တန်ကားမကျ
ဒေကမ္ဘာစွာ အလွန်များရေ
အတန်တန်မကျ
ဟိမ့်သမျှကုန်အောင်စားစွာလည်းသူ
မဟိမ့်လို့ရင်ကွဲခါလည်းသူ
လူမြင်လွန်းရေအရပ်မာ
ကားရီကားရား ရာရပ်နလီဖိ။
ကားရီကားရား ရာရပ်နလဖိ။
အတန်တန်ကားမကျ။
လက်ထဲက...
လက်ထဲကခုန်ထွက်လားရေ လောဘတိကိုလိုက်ဖမ်း
ကိုယ့်ဒဏ်နန့် ကိုယ့်ငရဲခန်းမာ
ဇာသူကို ထိုးချချင်သိမ့်စွာလည်း
အတန်တန်ကားမကျ
လွန်ရေလို့မဟိမ့်လား
လွန်ရေလို့မဟိမ့်လားယေ။
ကိုယ်ဖြန့်ထားရေ ဝါဒတခြွီနန့်
ကိုယ်စွာကိုယ်ရာမွီနလီပါ
လက်ဝါးအောက်ဖက်က ဖောက်ထွက်လာရေလို့
သဘောထားကေ
သံမှိုကိုအပြန်ခတ်သွင်းထားခရေ ရက်တိမာ
အတန်တန်ကားမကျ။
လွန်ရေလို့မဟိမ့်လားယေ။
ပန်းသီကြိုး(ရသေ့တောင်)
၂၆-၇-၂၀၂၁
ပန်းသီကြိုး(ရသေ့တောင်)
၂၆-၇-၂၀၂၁
No comments:
Post a Comment