နဂိုအလှတရားကဟိမ့်ပြီးသားရာ
ကောက်ကွေ့မို့မောက်နိန်ရေမျဉ်းတိ
အသူအနားသတ်ပြီးထားစွာလဲဝေ
မိုးသောက်ရောင်နီဦးကနိန်ပနာ
ညဇာဆည်းဆာထိ လှရေ
ညဉ့်အမှောင်မာတောင်
ရယ်သံလွင်လွင်ချေနန့် လှရေ
မြစ်မှန်ကေမရိုးနိုင်ရေစီးဆင်းခြင်းတိဟိမ့်ရေအတိုင်း
မင်းစီးဆင်းနိန်ရေ
မြစ်မှန်ကေ မအီးနိုင်ရေ လှိုင်းထန်ခြင်းအတိုင်း
မင်းလှိုင်းထန်နိန်ရေ
မြစ်မှန်ကေ တိုက်စားနိုင်ရေအတိုင်း
မင်းတိုက်စားရေ
မြစ်မှန်ကေ အနည်ချရေအတိုင်း
မင်းအနည်ချလိုက်ပါ
စီဆင်းခြင်းနိယာမမာ
မင်းပျံသန်းမိကေ
တဟုန်ပ
အတောင်ညောင်းပြန်အကျမာ
မင်းဘဝဇာပိုင်ပြန်လှဖို့သိမ့်လည်း။
ပန်းသီကြိုး(ရသေ့တောင်)
၂၉-၅-၂၀၂၁
No comments:
Post a Comment