ဆောင်းခိုပန်းတစ်ခက်
ငွေသဇင် ဆိုရေ
ဆောင်းခိုပန်းတစ်ခက်က
ရခိုင့်ဂုဏ်သတင်းကို
သဇင်ခက်တိပိုင်တော်ဝင်နန်းထိုက်စီရေ
ရခိုင်ပြည်တောင်ပိုင်းနန့်မြောက်ပိုင်းကို
တံထားတစ်စင်းပိုင်ဆက်သွယ်ပီးခရေ
မြန်မာစာသည်ရခိုင်စာလို့
ထောက်ပြခရေ
ကမန်ဟူသည်လူလော့လေးလော့ဟု
အလင်းပြခရေ
သာသနာဝန်နန့်စာပီဝန်ကို
အမျိုးသားရေးအားမာန်နန့်
အမြဲတမ်းတက်ကြွနီခရေ
စာပီခရီးကြမ်းကို နှင်းသောက်လို့လှမ်းခရေပန်း
ရခိုင့်အနာဂတ်ကို
နိုင်သလောက်ထွန်းညှိပီးခရေအလင်းတန်း
ဆောင်းခိုပန်း
ဒေပန်းတစ်ခက်
ရခိုင်သားတိုင်းကို
အမှတ်တရနန့်တမ်းတနိန်ရဖို့
၂၀၂၁မတ်လ(၇)ရက်
မိုးထ ၁၁:၁၀ မိနစ်မာ
ဒေနှစ်ဆောင်းကို နိဂုံးချုပ်လိုက်တေ။
ပန်းသီကြိုး(ရသေ့တောင်)
၁၀-၃-၂၀၂၁
ဆရာတော်ဒွါရာဝတီအသျှင်ကုသလ
ငွေသဇင်(သံတွဲ)အားဒေကဗျာနန့်
တပည့်တော်ရိုသေစွာလက်စုံမိုးလို့
ရှိခိုးကန်တော့ပါရေ အရှင်ဘုရား။
No comments:
Post a Comment