Wednesday, February 24, 2021

မယူကမ်း

မယူကမ်းကိုခြီချလိုက်မိတိုင်း
အတိတ်ကနှလုံးသားစွာ
ဂုထိအရင်ပိုင်ခုန်နီတုန်း

အမှတ်တရတိစွာ
မယူတောင်တန်းကိုဖြတ်သန်းတိုက်ခတ်လာရေလီပိုင် အဟုန်ပြင်းနီတုန်း

ဒေရီဒေမြီဒေသဘာဝတရားတိနန့်
ဘင်္ဂလားပင်လယ်စွာ
အတိတ်ကပုံရိပ်တိကို
ဂုထိပြောပြနီတုန်း

မယူကမ်းသားတိစည်းလုံးမှုနန့်
အယူဝါဒကိုပြောပြဖို့
‌မယူတောင်ဦးမာ
တောင်ဦးဘုရားဟိမ့်ရေ
ဗုဒ္ဓဘုရားရှင်ဗျာဒိတ်ပီးပခရေ
လိုင်ရိုးတော်ဓာတ်စေတီဟိမ့်ရေ

မယူကမ်းသားတိစေတနာကို
ချပြဖို့
အစုပွဲတိဟိမ့်ရေ
မယူကမ်းသမချေတိအလှကိုခြယ်သဖို့
အဆိုတော်ဦးမောင်သိန်း၏
မယူကမ်းသမချေဟိမ့်ရေ
မယူကမ်းသားတိမြိုသိပ်မှုကိုမြင်ရဖို့
ပဲရုံမြို့ရိုးဟိမ့်ရေ
မယူ ဒေသကိုစောက်ရှောက်ဖို့
မယူရှင်မနတ်ကွန်း
ရဲပန်ဇင်းနန့်ရဲအောင်တိုင်ဟိမ့်ရေ။

မယူကမ်းစိုင်တလျှောက်
ဘင်္ဂလားပင်လယ်လှိုင်းအူသံတိမပျောက်သရွီ့
တခေါက်ခေါက်တော့
ရောက်အောင်လာလတ်ပါ။

            ပန်းသီကြိုး(ရသေ့တောင်)
            ၂၃-၂-၂၀၂၁

Sunday, February 21, 2021

နင့်သဘောနဲ့နင်ပဲဗာဒံ

မကောင်းဘူးဆိုပြီး
နှာခေါင်းရှူံ့ခဲ့တယ်မလား
နင့်သဘောနဲ့နင်ပဲဗန်ဒါ
ခေတ်ကိုက မျက်နှာပြောင်တိုက်နိုင်သူ
တွေနေရာရတဲ့ခေတ်လေ

ငါတို့ရဲ့ဒုက္ခတွေအကြောင်း
နင်လောင်ပြောင်ခဲ့တုန်းကလည်း
ရယ်ရယ်မောမောပဲမလား
နင့်သဘောနဲ့နင်ပဲဗန်ဒါ
ကိုယ်ချင်းစာတရားဆိုတာဝယ်ထည့်လို့
ရတဲ့အရာမဟုတ်ပေမယ့်
လူတွေသေတာကိုရယ်နိုင်တဲ့နှလုံးသားမျိုး ကိုငါတို့အံ့ဩခဲ့ရတယ်
နင့်သဘောနဲ့နင်ပဲဗန်ဒါ။

ဆန္ဒဆိုတာထုတ်ဖော်လို့ရတာရှိသလို
မျိုသိပ်ထားရတာလည်းရှိပါတယ်
ဒီတစ်ကြိမ်တော့ ငါတို့မျိုသိပ်ထားတယ်ဗန်ဒါ
အတွေ့အကြုံဟာ သင်ခန်းစာကောင်းဆိုရင်
ငါတို့ရဲ့ဇာတ်ပေါင်းခန်းအရောက်မှာ
သမိုင်းတစ်ကြောင်းလောက်ရေးပစ်ခဲ့ပါ
ဒါလည်းနင့်သဘောနဲ့နင်ပဲဗန်ဒါ။

ဖော်မလင်မလိုတဲ့အမုန်းတွေကို
အပြုံးအစစ်ပါလို့ပြောခဲ့တာလည်း
နင်ပါပဲ ဗန်ဒါ
ကိုယ်တိုင်ကြုံမှယုံကြေးဆိုရင်
ဗုဒ္ဓက ငါတို့ကိုဘာမှပေးလို့ရမှာမဟုတ်ဘူး
နင့်သဘောနဲ့နင်ပဲဗန်ဒါ
စောစောအိပ်ရင်စောစောနိုးပါတယ်
အချိန်ဟာအမြဲတမ်းအံကိုက်ဖြစ်နေကြပါပဲ
ငါတို့ကသာ အံလွဲနေကြတာ။

                       ပန်းသီကြိုး(ရသေ့တောင်)
                       ၅-၂-၂၀၂၁

Not good
Did you get a runny nose?
In your opinion, you are Vanda
He can face the times
It was a time of space

About our troubles
When you were burning
Are you laughing?
In your opinion, you are Vanda
Compassion is bought
Not what you get
We were amazed at the kind of heart that can make people laugh at death
In your opinion, you are Vanda.

Desire can be expressed
It also has to be swallowed
This time we swallowed Vanda
If experience is a good lesson
When it comes to our theater
Write a history
This is also your intention, Vanda.

Hate that does not need formalin
He said it was a real smile
You are Vanda
If you believe in yourself
The Buddha can give us nothing
In your opinion, you are Vanda
If you go to bed early, you wake up early
Time is always right
We are the ones who are wrong.

                   Panthikyoe(Rathedaung)
                        5-2-2021

Wednesday, February 3, 2021

ကျွန်တော်ရဲ့စာဖတ်ပရိသတ်တွေကို ပြောချင်တာ

 ကျွန်တော့် Blog မှာ ကဗျာတွေစာတွေပုံမှန်မတင်ဖြစ်တာကြာပါပြီ ။ကျွန်တော်တို့ဒေသရဲ့တိုက်ပွဲအခြေအနေတွေ

ကြောင့် အင်တာနက်လိုင်းတွေအပိတ်ခံရတာကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ခုတော နိုင်ငံရေးအလှည့်အပြောင်းတစ်ခု

ကြောင့် အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးခဲ့ပါပြီ။ကဗျာတွေ၊စာတွေတင်ပါတော့မယ်။အားပေးတဲ့အတွက်လည်း

ကျေးဇူးအများကြီးတင်ပါတယ်။

                                                                                                             ပန်းသီကြိုး(ရသေ့တောင်)

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ