အမိုးအကာ မလုံပေမယ့်
ငါတို့ လုံလုံခြုံခြုံ အိပ်ဖူးတဲ့အိမ်ဟာ
လက်နက်ကြီးကျည်ရဲ့ဒေါသအောက်မှာ
စက္ကူလေးတစ်ရွက်လို လောင်ကျွမ်းပြာကျခဲ့တာပေါ့
ငါတို့ ပြေးခဲ့ကြတဲ့ ငါတို့ ရွာဘက်ကို မျှော်ကြည့်မိတိုင်း
မီးခိုးတွေဟာ မြူလိုဆိုင်းလို့ပေါ့ ဗာဒံ
ရွာက ငါစိုက်ခဲ့တဲ့ ပန်းတွေကိုမြင်ရင်
မင်းသဘောကျမှာပါ ဗာဒံ
ဒါတွေမင်းကို ခေါ်ပြချင်ပေမယ့်
မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေးတွေအကြောင်းကြားရင်
မင်းနားလည် နိုင်ပါတယ်
နွေဆိုရင် မင်းပူပြတာမျိုးထက်
ပိုပူတာပေါ့
အိမ်ပစ် ရွာပစ် ဘဝဆိုတာ
အသိုက်မရှိတဲ့ ငှက်တစ်မျိုးလိုပေါ့
ဟိုအပင်နားလိုက် ဒီပင်နားလိုက်နဲ့
တစ်နေဝင်ရင် တစ်ပင်ပင်ပေါ် အိပ်ပစ်ရင်း
မနက်အလင်းရောင်ကို မျှော်ကြရတာမလား
ဘဝဆိုတာ ကိုယ်မလုပ်ဘဲ
ဖြစ်ကြရတာများပါတယ်
ဒါတွေ မင်းသိလား ဗာဒံ
မျက်ဝန်းတွေအားလုံးထဲမှာ
သနားတဲ့ မျက်ဝန်းနဲ့ ငါ့ကို လာကြည့်တာ
ငါ အမုန်းဆုံးပဲ ဗာဒံ
ငါလည်း သနားတဲ့မျက်ဝန်းနဲ့သူများတွေကို
ကြည့်ခဲ့ဖူးပါတယ်
ကိုယ်ချင်းစာတယ်ဆိုတာ
ကိုယ်တိုင်တကယ်ကြုံမှ
ပိုနားလည်ရတာမျိုးပေါ့
ငါမုန်းတဲ့အရာတွေကို
ငါဖက်တွယ်နေရတဲ့အခါ
ငါ နာနာကျည်းကျည်းတွေးကြည့်ဖူးတယ်
ငါတို့ကျမှလား ဆိုတဲ့အတွေးနဲ့
နာကျည်းမိတာပေါ့
တကယ်တော့ စိတ်ဆိုတာ
ငါထင်တာထက်ပိုပြီးထိခိုက်လွယ်ပါလားဆိုတာ
အဲဒီတော့မှ ငါသတိထားမိတယ် ဗာဒံ
လမ်းဆိုတာ သွားဖို့ဖောက်ကြသလို
ဖောက်ရင်းသွားနေကြတဲ့လမ်းတွေလည်းရှိတာပဲ
ငါတို့ကတော့ သွားဖို့ဖောက်ထားကြတဲ့လမ်းကိုရောက်ဖို့
ဖောက်ရင်းသွားကြရမယ့် ခရီးသွားတွေဆိုပါတော့ ကွာ
ဒီစစ်ကြီးပြီးရင်တော့
ငါတို့နေတဲ့ရွာဟာ လမ်းပေါ်ပြန်ရောက်လာလိမ့်မယ်
ဗာဒံ ရေ မင်းသိအောင်ပြောရရင်
ငါမသိသေးတာတွေမပါမှာစိုးတယ်
ဒုက္ခဆိုတာ
ရေနွေးခရားလို့ပဲ
ဝင်ပေါက်ကကျယ်သလောက်
ထွက်ပေါက်ကကျဉ်းနေတာက ခက်တယ်လေ
စနစ်တခုရဲ့ သားကောင်ဆိုတာ
အသံကြောင်နေတဲ့ ဂစ်တာတစ်လက်လိုပဲ
ဘယ်ကီးနဲ့တီးတီး သံစဉ်မညီနိုင်ဘူးလေ
ဒါဟာ ဘယ်သူအပြစ်လဲလို့ စဉ်းစားကြည့်ဖူးတယ်
ငါတို့ ဟာ ဖော်မြူလာအမှားနဲ့ ဖော်စပ်ခံလိုက်ရတဲ့
ဆေးတစ်မျိုးလိုပဲ
အကိုင်အတွယ်မတတ်ရင်
ဘယ်အရာမှတာရှည်မခံဘူး
ဒါတွေမင်းသိလား ဗာဒံ
ယုံကြည်ချက်ကို အသက်နဲ့လာပြီးခြိမ်းခြောက်နေတာ
ရယ်စရာမကောင်းဘူးလား ဗာဒံ
မင်းဆိုရင်ကော
ဒါတွေတကယ်ဖြစ်နေတယ်ဆိုတာကို ယုံမှာလား
လူသတင်းလူချင်းဆောင်ဆိုပေမယ့်
ခုခေတ်က သူ့လူကိုယ့်ဘက် တွေများပါတယ်
ငါတို့သိတာက
ငြိမ်းချမ်းတဲ့အရပ်ဆီသွားဖို့
အသက်ပေးရတာ မဟုတ်ပါဘူး
ယုံကြည်ချက်တွေပေးခဲ့တာပါ
သေသူတွေဟာ အသက်ကိုစတေးပြီး
ယုံကြည်ချက်တွေပေးခဲ့တယ်
ဒါတွေ မင်းသိလား ဗာဒံ
ငါတို့ စားလိုက်တဲ့ အစာတိုင်း
အာဟာရဖြစ်လို့လား
တကယ်တော့ လူဆိုတာ
စဉ်းစားရအခက်ဆုံး ပုစ္ဆာပါပဲ
ယူထားမိတာ မှန်ရင်တောင်
ကိုယ်ကပဲ ပေးနေရသလိုလုပ်တတ်တယ်လေ
ဒါတွေ မင်းသိလားဗာဒံ
ဘယ်အရာမှ မမြဲဘူး
ဒါကို ယုံကြည်လိုက်ရုံနဲ့လည်း
တည်ငြိမ်မှုကို ချက်ခြင်းပြန်မရနိုင်ဘူး
ပြေးနေတဲ့သူတွေအတွက်
ပန်းတိုင်ဆိုတာ
အမောဖြေရုံ သက်သက်မဟုတ်ဘူး ဗာဒံ
အဲဒါ ဘဝ ပေါ့
တစ်ခုတော့ရှိတယ်
ဘဝဆိုတာလည်း အမြဲ အမောဖြေရမယ့်
နေရာမဟုတ်ဘူးလေ
ဒါတွေ မင်းသိလား ဗာဒံ
အတွေးဟာ ဆပ်ပြာပူးပေါင်းလေးနဲ့တူတယ်
လေထဲမှာ လွင့်နေခွင့်ရဖို့
အချိန်အများကြီးမယူဘူး
လွင့်နိုင်သလောက်လွင့်ပြီးရင်
ပေါက်ထွက်သွားရမှာလဲ သူတာဝန်ပဲ
ငါတို့ဘဝ တွေဆိုတာလည်း ဒီလိုပါပဲ
မတရားမှုရဲ့ အခြားအမည်တစ်ခုက
အနိုင်ကျင့်ဗိုလ်ကျတာပဲ ဗာဒံ
မင်းဆီတိုက်ခတ်လာတဲ့ လေတွေတိုင်းကိုတော့
မင်းကာနိုင်မှာမဟုတ်ဘူးလေ
မင်းပြိုလဲမသွားဖို့ကတော့ မင်းတာဝန်ပဲ ဗာဒံ
တစ်ခုတော့မှတ်ထားပေါ့ကွာ
လဲတိုင်းလည်း မရှုံးပါဘူး ။
ပန်းသီကြိုး(ရသေ့တောင်)
၂-၉-၂၀၂၀
အောက်ကလင့်မှာအသံဖိုင်နဲ့နားဆင်နိုင်ပါတယ်။
👇
https://youtu.be/b69T6dyuhvk
[Zawgyi]အမိုးအကာ မလုံေပမယ့္
ငါတို႔ လုံလုံၿခဳံၿခဳံ အိပ္ဖူးတဲ့အိမ္ဟာ
လက္နက္ႀကီးက်ည္ရဲ႕ေဒါသေအာက္မွာ
စကၠဴေလးတစ္႐ြက္လို ေလာင္ကြၽမ္းျပာက်ခဲ့တာေပါ့
ငါတို႔ ေျပးခဲ့ၾကတဲ့ ငါတို႔ ႐ြာဘက္ကို ေမွ်ာ္ၾကည့္မိတိုင္း
မီးခိုးေတြဟာ ျမဴလိုဆိုင္းလို႔ေပါ့ ဗာဒံ
႐ြာက ငါစိုက္ခဲ့တဲ့ ပန္းေတြကိုျမင္ရင္
မင္းသေဘာက်မွာပါ ဗာဒံ
ဒါေတြမင္းကို ေခၚျပခ်င္ေပမယ့္
မၿပီးျပတ္ေသးတဲ့ ၿငိမ္းခ်မ္းေရးေတြအေၾကာင္းၾကားရင္
မင္းနားလည္ ႏိုင္ပါတယ္
ေႏြဆိုရင္ မင္းပူျပတာမ်ိဳးထက္
ပိုပူတာေပါ့
အိမ္ပစ္ ႐ြာပစ္ ဘဝဆိုတာ
အသိုက္မရွိတဲ့ ငွက္တစ္မ်ိဳးလိုေပါ့
ဟိုအပင္နားလိုက္ ဒီပင္နားလိုက္နဲ႔
တစ္ေနဝင္ရင္ တစ္ပင္ပင္ေပၚ အိပ္ပစ္ရင္း
မနက္အလင္းေရာင္ကို ေမွ်ာ္ၾကရတာမလား
ဘဝဆိုတာ ကိုယ္မလုပ္ဘဲ
ျဖစ္ၾကရတာမ်ားပါတယ္
ဒါေတြ မင္းသိလား ဗာဒံ
မ်က္ဝန္းေတြအားလုံးထဲမွာ
သနားတဲ့ မ်က္ဝန္းနဲ႔ ငါ့ကို လာၾကည့္တာ
ငါ အမုန္းဆုံးပဲ ဗာဒံ
ငါလည္း သနားတဲ့မ်က္ဝန္းနဲ႔သူမ်ားေတြကို
ၾကည့္ခဲ့ဖူးပါတယ္
ကိုယ္ခ်င္းစာတယ္ဆိုတာ
ကိုယ္တိုင္တကယ္ႀကဳံမွ
ပိုနားလည္ရတာမ်ိဳးေပါ့
ငါမုန္းတဲ့အရာေတြကို
ငါဖက္တြယ္ေနရတဲ့အခါ
ငါ နာနာက်ည္းက်ည္းေတြးၾကည့္ဖူးတယ္
ငါတို႔က်မွလား ဆိုတဲ့အေတြးနဲ႔
နာက်ည္းမိတာေပါ့
တကယ္ေတာ့ စိတ္ဆိုတာ
ငါထင္တာထက္ပိုၿပီးထိခိုက္လြယ္ပါလားဆိုတာ
အဲဒီေတာ့မွ ငါသတိထားမိတယ္ ဗာဒံ
လမ္းဆိုတာ သြားဖို႔ေဖာက္ၾကသလို
ေဖာက္ရင္းသြားေနၾကတဲ့လမ္းေတြလည္းရွိတာပဲ
ငါတို႔ကေတာ့ သြားဖို႔ေဖာက္ထားၾကတဲ့လမ္းကိုေရာက္ဖို႔
ေဖာက္ရင္းသြားၾကရမယ့္ ခရီးသြားေတြဆိုပါေတာ့ ကြာ
ဒီစစ္ႀကီးၿပီးရင္ေတာ့
ငါတို႔ေနတဲ့႐ြာဟာ လမ္းေပၚျပန္ေရာက္လာလိမ့္မယ္
ဗာဒံ ေရ မင္းသိေအာင္ေျပာရရင္
ငါမသိေသးတာေတြမပါမွာစိုးတယ္
ဒုကၡဆိုတာ
ေရေႏြးခရားလို႔ပဲ
ဝင္ေပါက္ကက်ယ္သေလာက္
ထြက္ေပါက္ကက်ဥ္းေနတာက ခက္တယ္ေလ
စနစ္တခုရဲ႕ သားေကာင္ဆိုတာ
အသံေၾကာင္ေနတဲ့ ဂစ္တာတစ္လက္လိုပဲ
ဘယ္ကီးနဲ႔တီးတီး သံစဥ္မညီႏိုင္ဘူးေလ
ဒါဟာ ဘယ္သူအျပစ္လဲလို႔ စဥ္းစားၾကည့္ဖူးတယ္
ငါတို႔ ဟာ ေဖာ္ျမဴလာအမွားနဲ႔ ေဖာ္စပ္ခံလိုက္ရတဲ့
ေဆးတစ္မ်ိဳးလိုပဲ
အကိုင္အတြယ္မတတ္ရင္
ဘယ္အရာမွတာရွည္မခံဘူး
ဒါေတြမင္းသိလား ဗာဒံ
ယုံၾကည္ခ်က္ကို အသက္နဲ႔လာၿပီးၿခိမ္းေျခာက္ေနတာ
ရယ္စရာမေကာင္းဘူးလား ဗာဒံ
မင္းဆိုရင္ေကာ
ဒါေတြတကယ္ျဖစ္ေနတယ္ဆိုတာကို ယုံမွာလား
လူသတင္းလူခ်င္းေဆာင္ဆိုေပမယ့္
ခုေခတ္က သူ႔လူကိုယ့္ဘက္ ေတြမ်ားပါတယ္
ငါတို႔သိတာက
ၿငိမ္းခ်မ္းတဲ့အရပ္ဆီသြားဖို႔
အသက္ေပးရတာ မဟုတ္ပါဘူး
ယုံၾကည္ခ်က္ေတြေပးခဲ့တာပါ
ေသသူေတြဟာ အသက္ကိုစေတးၿပီး
ယုံၾကည္ခ်က္ေတြေပးခဲ့တယ္
ဒါေတြ မင္းသိလား ဗာဒံ
ငါတို႔ စားလိုက္တဲ့ အစာတိုင္း
အာဟာရျဖစ္လို႔လား
တကယ္ေတာ့ လူဆိုတာ
စဥ္းစားရအခက္ဆုံး ပုစာၦပါပဲ
ယူထားမိတာ မွန္ရင္ေတာင္
ကိုယ္ကပဲ ေပးေနရသလိုလုပ္တတ္တယ္ေလ
ဒါေတြ မင္းသိလားဗာဒံ
ဘယ္အရာမွ မၿမဲဘူး
ဒါကို ယုံၾကည္လိုက္႐ုံနဲ႔လည္း
တည္ၿငိမ္မႈကို ခ်က္ျခင္းျပန္မရႏိုင္ဘူး
ေျပးေနတဲ့သူေတြအတြက္
ပန္းတိုင္ဆိုတာ
အေမာေျဖ႐ုံ သက္သက္မဟုတ္ဘူး ဗာဒံ
အဲဒါ ဘဝ ေပါ့
တစ္ခုေတာ့ရွိတယ္
ဘဝဆိုတာလည္း အၿမဲ အေမာေျဖရမယ့္
ေနရာမဟုတ္ဘူးေလ
ဒါေတြ မင္းသိလား ဗာဒံ
အေတြးဟာ ဆပ္ျပာပူးေပါင္းေလးနဲ႔တူတယ္
ေလထဲမွာ လြင့္ေနခြင့္ရဖို႔
အခ်ိန္အမ်ားႀကီးမယူဘူး
လြင့္ႏိုင္သေလာက္လြင့္ၿပီးရင္
ေပါက္ထြက္သြားရမွာလဲ သူတာဝန္ပဲ
ငါတို႔ဘဝ ေတြဆိုတာလည္း ဒီလိုပါပဲ
မတရားမႈရဲ႕ အျခားအမည္တစ္ခုက
အႏိုင္က်င့္ဗိုလ္က်တာပဲ ဗာဒံ
မင္းဆီတိုက္ခတ္လာတဲ့ ေလေတြတိုင္းကိုေတာ့
မင္းကာႏိုင္မွာမဟုတ္ဘူးေလ
မင္းၿပိဳလဲမသြားဖို႔ကေတာ့ မင္းတာဝန္ပဲ ဗာဒံ
တစ္ခုေတာ့မွတ္ထားေပါ့ကြာ
လဲတိုင္းလည္း မရႈံးပါဘူး ။
ပန္းသီႀကိဳး(ရေသ့ေတာင္)
၂-၉-၂၀၂၀
No comments:
Post a Comment