Tuesday, October 8, 2019

နောက်မြီးပြတ်ဖိနပ်များ


Unicode
နောက်မြီးပြတ်ဖိနပ်များ
-----------------------------

မွေးကတည်းကပါလာပြီးသားနိမိတ်ကိုမှ
အရောင်ခြယ်ပြီးလှချင်ကြတော့လည်း
လူတိုင်းက မြတ်သောသေခြင်းနဲ့သေချင်ရှာမှာပဲ
တစ်ဦးကောင်းစားဖို့တစ်ဦးအနာခံပေးလိုက်ရတာဟာ
ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို အရိုးစွဲနေတယ်

တကယ်တမ်းပြန်ကြည့်လို့ရမယ့်အတိတ်တိုင်း
မလှပခဲ့ကြပါဘူး
သာသနာငါးထောင်ပတ်လုံး စစ်တိုက်ကြပါလို့
ဘုရားကပဲမှာခဲ့သလိုလို
မငြိမ်းနိုင်တဲ့မီးကို ငြိမ်းမှာကြောက်နေတဲ့လက်တွေနဲ့
ဝတ်ပြုဆုတောင်းလိုက်ပေါ့...

အလင်းနှစ်တွေထက်မြန်တဲ့တိုက်လေယာဉ်တွေကို
ပြည်သူရဲ့သာမန်မျက်စိလောက်နဲ့မမြင်နိုင်ပါဘူး
ဒါမှမဟုတ်
သက်တမ်းတစ်ခုနဲ့မလုံလောက်တာလား
သေချာတာကတော့
ပြည်သူဆိုတာ ဘုန်းတော်ကြောင့်
လျှပ်တိုက်စီးခံထားရတဲ့ဖိနပ်လို
နောက်မြီးပြတ်နေရတာ များတယ်...။

                       ပန်းသီကြိုး(ရသေ့တောင်)
                       ၇.၁၀.၂၀၁၉







Zawgyi
ေနာက္ျမီးျပတ္ဖိနပ္မ်ား

ေမြးကတည္းကပါလာျပီးသားနိမိတ္ကိုမွ
အေရာင္ျခယ္ျပီးလွခ်င္ၾကေတာ့လည္း
လူတိုင္းကျမတ္ေသာေသျခင္းနဲ႕ေသခ်င္ရွာမွာပဲ
တစ္ဦးေကာင္းစားဖို႕ တစ္ဦးအနာခံေပးလိုက္ရတာဟာ
ျဖစ္ရိုးျဖစ္စဥ္တစ္ခုလို အရိုးစြဲေနတယ္

တကယ္တမ္းျပန္ၾကည့္လို့ရမယ့္ အတိတ္တိုင္း
မလွပခဲ့ၾကပါဘူး
သာသနာ ငါးေထာင္ပတ္လံုး စစ္တိုက္ၾကပါလို႕
ဘုရားကပဲ မွာခဲ့သလိုလို
မျငိမ္းနိုင္တဲ့မီးကို ျငိမ္းမွာေၾကာက္ေနတဲ့လက္ေတြနဲ႕
၀တ္ျပဳဆုေတာင္းလိုက္ေပါ့

အလင္းနွစ္ေတြထက္ျမန္တဲ့ တိုက္ေလယာဥ္ေတြကို
ျပည္သူရဲ႕ သာမန္မ်က္စိေလာက္နဲ႕ မျမင္နိုင္ပါဘူး
ဒါမွမဟုတ္
သက္တမ္းတစ္ခုနဲ႕မလံုေလာက္တာလား
ေသခ်ာတာကေတာ့
ျပည္သူဆိုတာ ဘုန္းေတာ္ေၾကာင့္
လွ်ပ္တိုက္စီးခံထားရတဲ့ဖိနပ္လို
ေနာက္ျမီးျပတ္ေနရတာမ်ားတယ္

                         ပန္းသီၾကိဳး(ရေသ့ေတာင္)
                         .၁၀.၂၀၁၉

No comments:

Post a Comment

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ