ပြည်တွင်းစစ်ကြောင့်သေဆုံးနေရတဲ့အရပ်သားအပြစ်မဲ့ ပြည်သူတွေ တစ်နေ့ထက်တစ်နေ့များလာတယ်။လက်ရှိ ရခိုင်ပြည်
နယ် မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သားသေဆုံးမှုတွေမှာ ကျောင်းသားအရွယ်ကလေးငယ်တွေပါဝင်နေ
သလို အသက်ခုနှစ်ဆယ်ကျော် ရှစ်ဆယ်အရွယ်အဘိုးအိုအဘွားအိုတွေပါနေပါတယ်။ရသေ့တောင်မြို့နယ် သမီးလှကျေးရွာ
မှာအသက်၇နှစ်အရွယ် ကလေးတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ရသလို ဘူးသီးတောင်မြို့နယ် စည်တောင်ကျေး
ရွာမှာ အသက်ရှစ်ဆယ်ကျော်အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ရပါတယ်။ရခိုင်ပြည်နယ်ရဲ့ အခြားတိုက်ပွဲဖြစ်ပွားရာဒေသ
တွေမှာ လည်း နေ့စဉ်ဆိုသလို အပြစ်မဲ့ပြည်သူတွေသေဆုံးနေမှုတွေကို မြင်နေကြားနေရပါတယ်။
စစ်သားစစ်တိုက်လို့သေတာမဆန်းပေမယ့် ပြည်သူတွေစစ်ကြောင့်သေတာကတော့ဆန်းတယ်လို့ဆိုရမှာပါ။စစ်သားပဲ စစ်ပွဲ
မှာတိုက်ရင်းသေတာက ဖြစ်ရိုးဖြစ်စဉ်ပါပဲ ဒါပေမယ့် ပြည်သူတွေက တိုက်ပွဲထဲမပါဝင်ပါဘဲ တိုက်ပွဲကျရတာကတော့ ဖြစ်ရိုး
ဖြစ်စဉ်မဟုတ်ပါဘူး။ဒါဟာ လွဲမှားမှုဖြစ်ပါတယ်။သမိုင်းထဲမှာလည်းပြည်သူတွေစစ်ကြောင့်သေကြေခဲ့ကြပြီးပါပြီ။ခုထိလည်း
သေနေတုန်းပါပဲ။ဒါတွေဟာ စစ်ရဲ့အကျိုးဆက်တွေလို့ဆိုရင် စစ်ကိုပြည်သူတွေဖန်တီးတာမဟုတ်တဲ့အတွက် စစ်ကြောင့်
ပြည်သူတွေသေရတာဟာ မတရားသဖြင့်သေကြရတာဖြစ်ပါတယ်။ဘာကြောင့်ပဲတိုက်တိုက် ပြည်သူတွေဟာ မသေသင့်ပဲ
သေကြ ကလေးတွေမိဘမဲ့ဖြစ်ကြ ၊လင်သေမယား သားသေမိခင်တွေဖြစ်ကြရတယ်။တိုက်ပွဲမှာပြည်သူတွေဘာကြောင့်ကျ
နေတာလဲ ။
စစ်ပွဲတစ်ခုဖြစ်ဖို့ အနည်းဆုံးတော့ဘက်နှစ်ဘက်လိုတယ်။နှစ်ဘက်စလုံးမှာပြည်သူတွေရှိနေတယ်။ပြည်သူဆိုတာ လက်နက်
မဲ့ အရပ်သား တစ်နည်းအားဖြင့် တိုက်ပွဲမှာမပါဝင်တဲ့သူတွေ ဒီလူတွေဘာကြောင့်သေရသလဲဆိုတော့ ဒီလူတွေကိုပစ်မှတ်
ထားလို့သေရတာပါ။ ပြည်သူတွေမတော်တဆ တိုက်ပွဲကျနေရလောက်အောင်လည်းပြည်သူတွေမှာမှ သေဖို့ကံပါနေတယ်
ဆိုတာကတော့ တိုက်ပွဲဖန်တီးသူတွေဘက်က လိုအပ်ချက်ကြောင့်လို့မြင်ပါတယ်။စစ်မြေပြင်မှာရန်သူဘယ်လောက်သတ်နိုင်
သလဲဆိုတာထက် ပြည်သူဘယ်လောက်ကိုကယ်တင်နိုင်သလဲဆိုတာက စစ်သားတွေရဲ့ အရည်အချင်းဖြစ်ပါတယ်။ရဲစွမ်း
သတ္တိဖြစ်ပါတယ်။ကြီးကျယ်မြင့်မြတ်မှုဖြစ်ပါတယ်။
ဒီနေ့အချိန်ထိ ရခိုင်ပြည်နယ်ကပြင်းထန်နေဆဲတိုက်ပွဲတွေမှာ အပြစ်မဲ့ အရပ်သားသေဆုံးသူပေါင်းငါးဆယ်ကျော်ခဲ့ပါပြီ။
ထိခိုက်ဒဏ်ရာရသူတွေလည်းမနည်းလှတော့ပါဘူး။ပျောက်ဆုံးနေသူတွေလည်းရှိနေပါတယ်။ဒါတွေဟာစစ်ရဲ့အကျိုးတရား
ဆိုရင်တော့ အကြောင်းမကောင်းခဲ့သူတွေဟာပြည်သူတွေလို့ပြောလို့ရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲပြည်တွင်းစစ်သမိုင်း
တစ်လျှောက်မှာ စစ်ကြောင့်ပြည်သူတွေဘယ်လောက်သေခဲ့ပြီလဲ။ရွာတွေဘယ်နှစ်ရွာပျက်စီးခဲ့ပြီလဲ။မိသားစုတွေဘယ်
လောက်ဘ၀ပျက်ခဲ့ရပြီလဲ မသိပါဘူး။သေချာတာက မနည်းတော့ပါဘူး။
ဒီနေရာမှာစစ်သားတွေသေတာကို ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး။စစ်သားရဲ့အလုပ်က စစ်တိုက်ရတဲ့အလုပ်ဆိုတော့
စစ်တိုက်တယ်ဆိုတာ အသေအပျောက်ရှိမှာပါပဲ။ဒါဟာ တရားနည်းလမ်းကျပါတယ်။သေ့သင့်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး
စစ်သားတိုင်းလည်းတိုက်ပွဲမှာမကျပါဘူး။လူတိုင်းဟာသေမျိုးဆိုပေမယ့် အချိန်မတန်ဘဲသေဆုံးရတာဟာ ဖြစ်သင့်ပါရဲ့လား။
တကယ်တော့လူတွေဟာ ကိုယ်ကျိုးရှာနေရင်းသူတစ်ပါအကျိုးကိုထိခိုက်စေခြင်းဟာ သိလိုကျူးလွန်တာပဲဖြစ်ဖြစ် မသိလို့
ကျူးလွန်တာပဲဖြစ် တစ်နည်းနည်းနဲ့တော့ထိခိုက်အောင်လုပ်နေကြတယ်ဆိုတာသေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့
တိုက်ပွဲတွေဖြစ်နေတယ် ရန်ပွဲတွေဖြစ်နေတယ် အကြမ်းဖက်မှုပေါင်းစုံဖြစ်နေတယ် ဒါတွေကသက်သေပါဘဲ။ဘယ်တိရိစ္ဆာန်မှ
လူတွေကိုလာပြီး အကြမ်းဖက်နေကြတာမဟုတ်ပါဘူး။လူတွေကိုလူတွေကပဲ အကြမ်းဖက်နေကြတာဖြစ်ပါတယ်။အသိဉာဏ်
မြင့်ပါတယ်ဆိုတဲ့ လူသားတွေမှာ အသိတရားကင်းမဲ့လာတာတွေကြောင့် လူ့ပတ်ဝန်းကျင်ဟာ မငြိမ်းချမ်းတဲ့ ဘ၀ကိုရောက်
ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်သက်ဆိုးရှည်နေတာနဲ့အမျှ ကျွန်တော်တို့ရဲ့အသိတရားဟာ အမုန်းတရား
တွေဆီကိုပဲ ဦးတည်နေကြရအုန်းမှာပါ။ဒါတွေကိုရပ်တန့်ပစ်ဖို့ ပြည်သူတွေတိုက်ပွဲမကျဖို့ တကယ်လို့အပ်နေတာကတော့
စစ်ပွဲတွေမရှိဖို့လိုပါတယ်။စစ်ပွဲတွေမရှိတော့သည့်တိုင်အောင် ကျွန်တော်တို့လူမှုဝန်းကျင်ကို အကောင်းအတိုင်းပြန်တည်
ဆောက်ဖို့ ကျွန်တော်တို့အချိန်ယူရအုန်းမှာဖြစ်ပါတယ်။တကယ်ငြိမ်းချမ်းချင်ရင် တကယ်ငြိမ်းချမ်းချင်တဲ့စေတနာကိုမွေးမြူ
ဖို့ပဲလိုပါတယ်။ကျွန်တော်တို့ဘယ်အချိန်ထိ တလွဲစေတနာကောင်းနေကြအုန်းမှာလဲ။
ပန်းသီကြိုး(ရသေ့တောင်)
၀၉၄၂၁၇၆၅၉၂၅
blackfog2013@gmail.com
No comments:
Post a Comment