အတွေးထဲမာကုတ်တွယ်ပူးကပ်လို့
ပစ္စက္ခအသက်ရှူမှုစွာ
ပင်လယ်လှိုင်းတိပိုင်
လွမ်းမနိန်ချင်ကေလည်း
အောက်မိစရာတိက အခါအခါ
ရောက်လာရေ
အချိန်စွာ ကုန်မှန်းမသိကုန်ရေ
အိမ်ဆိုစွာဇာလည်းလို့
ရရဲတတင်း ဖွင့်မပြောဝံ့စွာလည်းကြာယာ
ဘဝကို အပ်ကြောင်းထပ်အောင်လားထားရေ
လမ်းတိ
လီနန့်ရွင့်ပါလာရေ မှေးမှိန်ခြင်းတိ
ဖြောင့်တန်းမနိန်ရေ ဒေသနာတရားတိ
ညဉ့်လည်းနက်ပါလတ်ယာ
ဘဝလည်းကျပ်ပါလတ်ယာ
အဆုံးတဖက်မာတော့
ဇာတ်လမ်းကစဖို့ပျင်တရာသိမ့်လတ်
အခန်းဆက်အိမ်မက်တိကတော့
ညဉ့်ဆိုစွာရှည်မှန်းမသိလီကောင်းလီပါယာ
ရောင်နီလာဖို့အတွက် နာရီကြည့်တိုင်းလည်းမရ
ငါစိုက်ပျိုးထားရေ ပစ္စက္ခလက်တံစွာ
နာရီအဝိုင်းထက်မာ တချက်ချက်လားယင်း
လားယင်း ...လားယင်းနန့်
ဇာနှစ်ပတ်မြောက်မှန်းမသိ။
ပန်းသီကြိုး(ရသေ့တောင်)
၂၁-၃-၂၀၁၃