လှုပ်လီလှုပ်လဲ့ ရီပြင်ထက်က လီညှင်းတိပိုင်
အသက်ရှူခြင်းတိသန့်စင်နိုင်ဖို့
ဇာတိစိတ်ကိုအဆုံးထိဆွဲတင်
အဆင်မပြေမှုတခုတလီလည်း
နီရောင်အညှိုးမာ
လက်ညိုးထိုးစရာမဟုတ်ကြောင်းတွိရေ။
တနားချေပါရာ
မကြာခင် ကြယ်တိလင်းပါလိမ့်မေ
လီမာရွင့်နိန်ရေအိမ်မက်တိ
အာရက္ခ အာသီသ ကိုသောက်သုံး
ပီတိနန့်ပြုံးရေ နှလုံးသားတိများပါစီ။
မပြည့်ဝခြင်းဆိုစွာလည်း
ဘဝ၏လိုအပ်တေအရာဖြစ်ကြောင်း
သက်သီပြနိန်သူတိုင်း၏ကျေးဇူးတော်ကို
အောက်မိပါ၏
ညဉ့်ကောင်းကင်ထက်မာ
ကြယ်တိ၏အတောက်ပဆုံးအရပ်ကို
ညို့ကြိုးတဆုံး
အားကုန်သုံးလို့ပစ်လိုက်ယင့်
နှလုံးသားတစုံတခုမာ
ဒေတခါလောက်တော့
စိုက်ခွင့်ပြုပါ။
ပန်းသီကြိုး(ရသေ့တောင်)
၁၂-၁၁-၂၀၂၁