Saturday, October 23, 2021

ငါရို့ကိုစောက်ရှောက်ပါစထရီး

အချစ်စစ်ကိုရှာဖို့
ယောက်ျားဇာနှစ်ယောက်လောက်
ဖမ်းစားထားယာလဲ
မိုးသောက်ခါလာဆိုလို့
မိုးသောက်ခါပြန်လာရေ
ဖတ်လိုက်ရရေစာသားက
မိုးသောက်ခါပြန်လာပါ။

ပွဲတော်ရက်တိမာ
အတိတ်ဆိုစွာလည်း
ပစိဖိတ်သမုဒ္ဒရာထက်နက်ရှိုင်းယင့်
ဆာရီခြုံလွှာအောက်ကမျက်ဝန်းတစ်စုံကို
စစိနာနာကြည့်ဝံ့သူရှားရေ။

အပြန်အလှန်ထားရရေလေးစားမှုကိုမှ
တဖက်သတ်ဆန်ပြနိန်ကတ်စွာ
လူ့သဘာဝလားယေ
စွဲလမ်းမှုတခုနန့်
အမှောင်ညဉ့်တိနောက်မာ
ကိုယ့်အမှားကြောင့်
ကိုယ်ကျပျောက်လားစွာရာ
လွဲမချပါကေ့
အချစ်စစ်ဆိုစွာ
ရယ်ဒီမိတ်မဟုတ်။

နှလုံးသားတည့်တည့်ကို
ထိုးစိုက်လိုက်ဖို့ဓားသွားကိုမှ
လေးစားမှုနန့် ဖယ်ရှားပြသူ ဗစ်ကီ
သင့်မျက်လုံးမာ အချစ်ကိုတွိရေ
စထရီးဆံပင်ကိုဖြတ်ထုတ်လိုက်တေ
ငါရို့ကို စောက်ရှောက်ပါ စထရီး(Stree)။

                      ပန်းသီကြိုး(ရသေ့တောင်)
                      ၂၂-၁၀-၂၀၂၁
မှတ်ချက်။Stree အိန္ဒိယသရဲကားအားခံစားရွီးဖွဲ့သည်။

Monday, October 4, 2021

လခြမ်းလိုမိန်းကလေး

သူမရဲ့ရယ်သံဟာ
လူခေါ်ခေါင်းလောင်းလေးလိုပဲ
ပညတ်ထားတဲ့ ပန်းတစ်ပွင့်မှန်းသိရင်တောင်
ဘယ်လောက်ရင်ခုန်ခဲ့ရသလဲ 

မီးခိုးကြွက်လျှောက်အတွေးတွေနဲ့
လှောင်ပိတ်သွားရတဲ့ညတွေ
ဟုတ်တယ် ...ဒီလိုညတွေ
ငါ့ကိုယ်ငါပြန်ရှာမရတဲ့
ဒီလိုညတွေဟာ 

ခေါ်သံတွေလား အော်သံတွေလား
ငါ့နားထဲက သံစဉ်အပိုင်းအစတွေဟာ
ပြန့်ကြဲနေလိုက်တာ စိတ္တဇ ဆန်ဆန်
မိန်းခလေးရေ...
မင်းနဲ့မင်းရဲ့ ကိုယ်သင်းရနံ့တွေဆီ
ခေါ်ဆောင်ခဲ့ပါတယ်
မင်းနဲ့မင်းရဲ့အပြုံးတွေဆီ
ဆိုက်ရောက်ခဲ့ပါတယ်
ကျောက်ဆောင်လိုပြိုလဲခဲ့တာတောင်
ငါ့မှာ ဘာသံမှ ပါမလာအောင်ဆွံအ ခဲ့ပါတယ်

နှင်းဆီတစ်ပွင့်လိုနီရဲရဲ နှုတ်ခမ်းတွေနဲ့
ပြုံးနေတာလား
ဘဝကိုမှန်တစ်ချပ်လို့ ပြန်ပြန်ကြည့်ပေမယ့်
လောကဟာ မင်းလောက်ချစ်စရာမကောင်းခဲ့တာ
သေချာတယ်။

စစ်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အရပ်ကို
မင်းမစွန့်ခွာနိုင်ခဲ့ဘူး
ယမ်းငွေ့တွေဟာမြူယောင်ဆောင်တတ်ကြသလို
နိုင်ငံတော်ဟာ အယောင်ဆောင်ထားတဲ့
နတ်ဘုရားတစ်ပါးလို့ 
မင်းနဲ့အပြိုင်လှချင်နေတယ်လေ

ကောင်းမွန်စွာအိပ်စက်ဖို့
မျက်လုံးမှိတ်ထားရုံနဲ့မလုံလောက်ပါဘူး
မင်းဟာ စိတ်လိုလက်ရရူးမိုက်ခဲ့သူပါ။

နွေဦးဟာ ပိတောက်တွေဖူးမယ့်အစား
မီးတွေပဲလာပွင့်နေတယ်။
မင်းဟာ ရင့်ကျက်မှုထံ ကျရှုံးခဲ့သူပါပဲ
ဒီထက်မပိုဘူး။

နံနက်ခင်းတွေဆီက
အေးချမ်းမှုကိုလက်ဖြန့်တောင်းမိတာမှားသလား
တောတောင်တွေတောင်အမြဲစိမ်းလန်းခွင့်မရှိပါဘူး
ဒါဟာအရူးလို့ ရူးမိုက်ခဲ့ရတဲ့
ချဉ်ချင်းတက်ရောဂါလိုပေါ့။
ငါဟာမီးသင့်ထားတဲ့သစ်ရွက်ခြောက်တစ်ခုလိုပေါ့။
ကြွပ်ကြွပ်ရွရွပါပဲ။

သတိတရ နစ်မျောနေမိတဲ့တိမ်တွေဆီ
စိတ်ကူးနဲ့စိုစွတ်ခဲ့ဖူးတယ်ဆိုရင်
အလွမ်းဟာလုံလောက်ရဲ့လားလို့
မင်းမေးခဲ့ဖူးတာ သတိရမိတယ်

ညဆိုတာမှောင်မှာပဲတဲ့
မင်းဟာ ညတွေလိုမှောင်မဲနေခဲ့တာလား
နားလည်အောင်မကြိုးစားပဲ
ငါနားလည်ခဲ့မိတာဟာ 
မီးကိုချစ်တဲ့ပိုးတစ်ကောင်လို
လောင်မြိုက်ခြင်းအပေါ်သာယာခဲ့ပေါ့

အလုပ်ကိုယ်စီနဲ့
လူတွေဟာကိုယ်စီရှုပ်နေတဲ့ခပ်ရှင်းရှင်းသတ္တဝါတစ်မျိုး
ငါဟာ လည်ချောင်းကိုလက်ထိုးအန်ထုတ်လိုက်တာတောင် 
မက်မက်မောမော နှမြောခဲ့မိအောင်
ရူးသွပ်ခဲ့တာပါ

ညဉ့်ရဲ့အနက်ရှိုင်းဆုံးဟာ
မနက်ခင်းတွေနဲ့ပိုနီးကြသလို
မင်းရဲ့အမှိုက်မဲဆုံးဟာ
ငါ့ရဲချစ်ခြင်းနဲ့ပိုနီးခဲ့တယ်
ဘာကိုမှဆုပ်ကိုင်ထားချင်စိတ်မရှိခဲ့ပါဘူး
တကယ်ကိုလွတ်လွတ်လပ်လပ်ချစ်ခဲ့တယ်
ချည်နှောင်စရာတွေအစား
စတေးခြင်းသက်သက်နဲ့ခိုင်မြဲပါစေ
တန်ဖိုးဟာ
ထားတတ်သူတို့အတွက်သာဖြစ်ကြောင်း
မင်းကောင်းကောင်းသိရောပေါ့
ငါ့မှာတော့ 
ရင်ကိုဆုပ်ရင်း အပေါက်အပြဲတွေကိုဖာထေး
လူတွေအမြင်မှာ ခြောက်ပြစ်ကင်းဖို့ထက်
မင်းစိတ်နဲမင်းကိုလုံစေချင်ရုံပါပဲ။

                   ပန်းသီကြိုး(ရသေ့တောင်)
                   ၂၃-၉-၂၀၂၁










နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ