လက်နက်ကြီးပစ်သံတစ်ချက် ပြီးတော့နောက်တစ်ချက် ပြီးတော့အချက်ပေါင်းများစွာ ကြားရတယ်။
ကျွန်တော့် အနားမှာထပေါက် တာမဟုတ်တဲ့အတွက် ကျွန်တော်တွေးကြည့်ခွင့်ရပါတယ်။ကျွန်တော်အသက် ၃၅နှစ်ပြည့်
ပြီးခဲ့ပါပြီ။ဖြတ်သန်းလာခဲ့တဲ့ဘ၀တစ်လျှောက် တိုက်ပွဲဆိုတာကိုကျွန်တော် ငယ်ငယ်ကတည်းတစ်ခါမှ ကိုယ်တွေ့မကြုံခဲ့
ဖူးပါဘူး။ ငယ်ငယ်က အဘွားပြောပြ ခဲ့တဲ့တိုက်ပွဲတွေအကြောင်း ၊ ဗုံးကြဲလေယာဉ်တွေ အကြောင်းကို စိတ်ဝင်တစား နားထောင်ရင်းအိပ်ပျော်ခဲ့တာတွေကို ကျွန်တော်သတိရမိပါတယ်။အဘွားက သူငယ်ငယ်က အကြောင်းတွေကိုပြောတိုင်း
အဘွားရဲ့မျက်ဝန်းထဲမှာဝမ်းနည်းကြေကွဲ နေတဲ့အရိပ်အယောင်တွေကိုလည်း ကျွန်တော်ကောင်းကောင်း ကိုယ်ချင်းမစာ
တတ်ခဲ့ပါဘူး။အဘွားတို့လည်းစစ်ဘေးစစ်ဒဏ်ကို ရှောင်တိမ်းရင်း ဘ၀ကိုခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြတယ်။ဒါတွေက
အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ်လို့ကာလတွေဆိုတော့ အဘွားပြောတာတွေကိုကျွန်တော် အရွယ်ငယ်သေးလို့ကိုယ်ချင်းမ
စာတတ်ခဲ့တာပဲလို့ကျွန်တော်တွေးကြည်မိတယ်။ဘာပဲဖြစ်ဖြစ် ဒါတွေက ပြန်ပြောရင်သာနားထောင်ကောင်းပြီးတကယ်တမ်း
ကျတော့ လူတွေအတွက်တကယ့်ဆင်းရဲဒုက္ခပါလားဆိုတာကို ကျွန်တော်တကယ်နားလည်ခဲ့ပါပြီ။
ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၅၀၀ကျော်ရှိတယ်။အထက်တန်းကျောင်းနဲ့ စာစစ်ဌာနနဲ့ စည်ကားတဲ့ရွာတစ်ရွာဖြစ်ပါတယ်။
ခုတော့ အိမ်တော်တော်များများမှာ လူမရှိကြတော့ပါဘူး။စစ်ဘေးစစ်ဒဏ်ကနေဘေးလွတ်ရာကိုတိမ်းရှောင်သွားခဲ့ပါပြီ။
မြို့ပေါ်မှာဆွေမျိုးရှိသူတွေကလည်း နီးစပ်ရာဆွေမျိုးတွေဆီမှာနေထိုင်ကြပါတယ်။တစ်ချို့လည်း စစ်ဘေးရှောင်ကယ်ဆယ်
ရေးစခန်းတွေကိုရောက်သွားကြပါတယ်။စစ်ရှောင်စခန်းတွေမှာလည်း အစိုးရဘက်ကထောက်ပံ့ပေးမှုအားနည်းတဲ့အတွက်
စားရေးသောက်ရေးအဆင်မပြေလှပါဘူး။ဒေသခံ လူမှုရေးအဖွဲ့အစည်းတွေကလှူတဲ့အလှူတွေလောက်ကိုပဲအားထားနေကြ
ရတာဖြစ်ပါတယ်။
အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေဟာ တစ်နေ့ထက်တစ်နေ့များပြားလာနေပါတယ်။ဒီလိုများပြားလာတဲ့
အတွက် နေရေးစားရေးတွေဟာတစ်နေ့ထက်တစ်နေ့လိုအပ်ချက်တွေများလာပါတယ်။ဒုက္ခရောက်သူအရေအတွက်များ
လာတဲ့အတွက် ရခိုင်ပြည်မှာနေထိုင်ကြတဲ့ပြည်သူလူထုအများစုဟာလည်း ဒုက္ခရောက်ကြရပါတယ်။ဆိုလိုတာက ဒုက္ခသည်
တွေရဲ့စားဝတ်နေရေးကို ပူပင်နေရတယ်။ကိုယ်တိုင်ဒုက္ခသည် မဟုတ်သေးသည်တိုင် ဒုက္ခရောက်လာသူတွေကိုကူညီနိုင်ဖို့
အတွက် စိတ်ပင်ပန်းကြရတယ်။ကိုယ့်အလုပ်ချိန်တွေကို အဆုံးခံပြီး အများအတွက်စဉ်းစားကြရပါတယ်။ဒီနေရာမှာ ငွေကြေး
တတ်နိုင်သူတွေက ငွေ ၊ လုပ်အားတတ်နိုင်သူကလုပ်အားဆိုသလို ကူညီကြရတယ်။ဒါတွေကလည်းဒုက္ခရောက်သူတွေကို
ကူညီနိုင်ဖို့အတွက် ဒေသခံအချင်းချင်း နိုင်ရာတာဝန်ကိုမျှယူကြရင်း တဖြေးဖြေးဒုက္ခသည်တွေများလာတဲ့အခါ ၀န်ထုပ်
ဝန်ပိုးတစ်ခုလိုဖြစ်လာရတာဖြစ်ပါတယ်။စစ်ဘေးရှောင်စခန်းတာဝန်ခံအချို့ရဲ့အဆိုအရ အစိုးရကလူတစ်ဦးကို တစ်နေ့
၃၀၀ကျပ်နှုန်းထောက်ပံ့တယ်လိုဆိုပါတယ်။ဒီနေ့ခေတ်အချိန်အခါ အရဆိုရင် တစ်နေ့၃၀၀ကျပ်နဲ့လူတစ်ဦးရဲ့စားဝတ်
နေရေးကိုဖြေရှင်းဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ပိုပြီးတိတိကျကျပြောရရင်တော့ လုံးဝမလောက်ငှပါဘူး။
ဒါဟာ အထက်လူကြီးများရဲ့စေတနာဆိုရင်တော့ ကျွန်တော်တို့ပြည်သူတွေကိုယ်က ကံနည်းလွန်းတာပါ။တိုက်ပွဲတွေ
ဖြစ်ကြတိုင်း တကယ်အထိနာကြရတာကတော့ အပြစ်မဲ့ပြည်သူတွေပါပဲ။အစိုးရလည်းမနာသလို တော်လှန်သူဘက်ကလည်း
မနာပါဘူး။ဒါကြောင့်လည်းတိုက်ပွဲတွေများတာဟာ တစ်ချို့တွေအတွက်အကျိုးစီးပွားလိုဖြစ်နေကြမယ်ဆိုတာကိုညွှန်ပြ
နေတဲ့စကားကိုသတိရမိပါတယ်။ခေတ်ပျက်မှာ စီးပွားရှာရတာပိုလွယ်တယ်တဲ့။ဒါကြောင့်ပဲ စစ်ပွဲတွေကို
လူတွေကိုယ်တိုင်
မွေးမြူနေကြသလားလို့ တွေးမိတယ်။
အခုဆိုရင် ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒုက္ခသည်တွေနဲ့ အတူရွာခံတွေကလည်းဒုက္ခကိုမျှဝေခံစားနေ
ကြရတာပါပဲ။ဆန်တစ်ပြည်ရှိရင် နိုဆီလေးဗူးကို ဒုက္ခသည်တွေအတွက် မျှနေရတဲ့အခြေအနေတွေဖြစ်နေတော့ ကိုယ်အိမ်မှာ
ကိုယ်ထွက်ပြေးစရာမလိုပဲနေထိုင်နေရသူတွေလည်း ဒုက္ခကင်းတယ်လို့မဆိုနိုင်ပါဘူး။ကိုယ်လူမျိုးတွေဒုက္ခရောက်နေကြတဲ့
အခါ တတ်နိုင်သလောက်တော့ဒုက္ခတွေမျှဝေခံစားကြရတာပါပဲ။
မိုးရာသီကိုရောက်လာရင် ဒုက္ခတွေလည်းပိုများလာမယ်။ဒီနှစ် စပါးစိုက်တဲ့ရာသီမှာ ကိုယ့်လယ်ကိုယ်မလုပ်နိုင်ကြရင် နောက်
နှစ်မှာပိုပြီးဒုက္ခရောက်ကြရမှာဖြစ်ပါတယ်။စပါးပင်တွေနဲ့စိမ်းလန်းနေမယ့်မိုးရာသီကို တိုက်ပွဲတွေနဲ့တော့ဖန်တီးလို့ရနိုင်မှာ
မဟုတ်ပါဘူး။လူတွေရဲ့ဒုက္ခကို လူတွေကကူညီဖြေရှင်းပေးကြသလိုပဲ လူအချင်းချင်းတိုက်နေတဲ့တိုက်ပွဲတွေကို ဘယ်လိုလူ
တွေကရပ်တန့်ပေးနိုင်မလဲလို့တွေးတိုင်း ပြည်တွင်းစစ်ကိုပိုမုန်းလာမိပါတယ်။ငယ်ငယ်က အဘွားရဲ့အတွေအကြုံမျိုးတွေ
ကိုဒီနေ့ကျွန်တော်တို့ခံစားလာရတာဟာ အဘွားတို့ခေတ်ကို ကိုယ်ချင်းမစာတတ်ခဲ့လို့လားလို့ကိုယ်ကိုကိုယ် အပြစ်ရှိသူ
တစ်ယောက်လိုတွေးမိတိုင်း ခေတ်ကောင်းစနစ်ကောင်းမှာလူဖြစ်နေကြရသူတွေကိုအားကျမိတာအမှန်ပါပဲ။
ပန်းသီကြိုး(ရသေ့တောင်)
ယနေ့ခေတ်ဂျာနယ်
၂၀၁၉
No comments:
Post a Comment