ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲများရဲ့အရှိန်ဟာတစ်နေ့ထက်တစ်နေ့မြင့်တက်လာနေပါတယ်။စစ်တိုင်းကြီးငါးခုမှာတိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့တွေနဲ့အစိုးရစစ်တပ်ရဲ့အပစ်ရပ်ကာလ ပထမ လေးလမှာမပါဝင်ခဲ့တဲ့ ရခိုင်ဒေသဟာ
ဒုတိယတစ်
တစ်ဖြတ်နှစ်လထပ်တိုးရာမှာလည်း ပါဝင်လာခြင်းမရှိပါဘူး။
တိုက်ပွဲတွေနေစဉ်ရက်ဆက်ဆိုသလိုဖြစ်လာမှုနဲ့အတူ နေရပ်စွန့််
ခွာထွက်ပြေး နေကြရတဲ့ စစ်ဘေးရှောင်ရခိုင်တိုင်းရင်းသားဦးရေဟာလည်း
တစ်နေ့ထက်တစ်နေ့တိုးတက်များပြားလာနေပါ
တယ်။တိုက်ပွဲဖြစ်ပွားရာဒေသက ကျေးရွာများမှာနေထိုင်ကြတဲ့
ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့
အတွက် မိသားစုတွေနဲ့အတူ စစ်ဘေးစစ်ဒဏ်ကလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရမှုမှာကျောင်းနေအရွယ်ကလေးတွေ
လည်းပါဝင်နေတာပါ။ဒါအပြင့် တိုက်ပွဲများကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အထဲမှာ
ကျောင်းနေအရွယ်ကလေးငယ်တွေလည်းပါ
ဝင်နေပါတယ်။၂၀၁၉ ဇန်န၀ါရီလ(၂၆)ရက် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာ က ပထမတန်းကျောင်းသားမောင်နိုင်စိုး
လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့မှု၊ဖေဖော်ဝါရီလ (၂၃)ရက်နေ့ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်နေ ဒသမတန်းကျောင်းသား မောင်ဇော်နိုင်ဌေး
ရိုက်နှက်စစ်ဆေးခံရမှု၊ဧပြီ(၂၈)ရက်နေ့ရသေ့တောင်မြို့နယ်ခရုချောင်းကျေးရွာက
အဋ္ဌမတန်းကျောင်းသား
မောင်အောင်မျိုးလှိုင် ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ရမှု၊ ရသေ့တောင်မြို့နယ် ရေကောင်းချောင်း
ကျေးရွာက သတ္တမတန်းကျောင်းသား မောင်( )ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ရမှုတွေဟာ
တိုက်ပွဲရဲ့အကျိုးဆက်
တွေပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့်
ကျောင်းသားအရွယ်ကလေးငယ်တွေ ဘယ်လောက်ထိသေခဲ့ပြီးပြီလဲ။
နိုင်ငံရေးနည်းနဲ့ အဖြေရှာမရနိုင်တဲ့ပြဿနာတွေကြောင့်
အနာဂတ်မျိုးဆက်သစ်လူငယ်တွေကိုဆုံးရှုံးလိုက်ရတာတန်ပါရဲ့
လား။စစ်ဆိုတာ အားကြီးသူနိုင်စမြဲဆိုပေမယ့် နှစ်ဖက်တိုက်ကြရာမှာ
ကြားထဲကပြည်သူတွေဟာ မြေဇာပင်ဖြစ်ကြရတာပါပဲ။
အခုအချိန်မှာ ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲဖြစ်ပွားရာဒေသကကျောင်းတွေဟာ
ပြန်ဖွင့်နိုင်ဖို့အခြေအနေနဲ့ အလှမ်းဝေးနေရပါပြီ။
ဇွန်လရဲ့မိုးစက်တွေနဲ့အတူ ကျောင်းဖွင့်ရာသီဟာ မကြာခင်ရောက်လာတော့မှာဖြစ်ပါတယ်။ပညာရေးဌာနအနေနဲ့လည်း
မေ၂၅ရက်နေ့ကိုကျောင်းအပ်နှံရေးနေ့အဖြစ် မြန်နိုင်ငံနေရာအနှံအပြားမှာ
ကျင်းပပြီးကျောင်းသား/သူတွေကိုလက်ခံတော့
မှာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ကျောင်းသား/သူတွေဟာ ပညာသင်နှစ်တစ်နှစ်ရဲ့ အစကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တက်ကြွ
လန်းဆန်းလာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိအချိန်ထိ
တိုက်ပွဲတွေအဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ဒေသ
အချို့မှာတော့ ကျောင်းတွေပုံမှန်ပြန်ဖွင့်နိုင်ဖို့အရေးက
မလွယ်လှပါဘူး။ဌာနဆိုင်ရာ ညွှန်ကြားချက်တွေနဲ့တိုက်ပွဲဖြစ်ရာ
ဒေသတွေမှာ ကျောင်းတွေပုံမှန်အတိုင်းဖွင့်ဖို့ ဖြစ်နိုင်ပါ့မလား။စစ်ဘေးစစ်ဒဏ်က
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျောင်းသား
မိဘတွေ အနေနဲ့လည်း မိမိတို့သားသမီးတွေရဲ့ပညာရေးကို
တွေးပူရုံကလွဲပြီး ဘာတွေများလုပ်ပေးနိုင်မှာလည်း။
သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က စစ်ဘေးရှောင်ကျောင်းသား/သူ တွေရဲ့စာရင်းကို ကယ်ဆယ်ရေးစခန်းတာဝန်ခံတွေ
ကတစ်ဆင့်ကောက်ယူမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကျောင်းသားမိဘတစ်ဦးကဆိုပါတယ်။ဒါပေမယ့်
မိမိတို့ သားသမီးတွေရဲ့ပညာရေးအတွက်တော့ စိတ်မအေးနိုင်ဖြစ်နေတယ်လို့လည်းဆိုပြန်ပါတယ်။
“ကျွန်တော်မှာသားကဒီနှစ်ဆယ်တန်းတက်မှာပါ ဒါပေမယ့်
ကျွန်တော်တို့မိသားစုအနေနဲ့မိုးရာသီကိုဘယ်လိုဖြတ်သန်းရမ
လဲဆိုတာတောင်ကျွန်တော်စဉ်းစားလို့မရပါဘူး အလုပ်အကိုင်လည်းလုပ်လို့မရတော့ သားသမီးတွေရဲ့ပညာရေးကိုတော့
တွေးမိတိုင်းစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်က လယ်လုပ်ပါတယ်
ဒါပေမယ့် ကျွန်တော်တို့ ဒီနှစ်လယ်လုပ်ဖို့လည်း
မစဉ်းစားရဲ့ပါဘူး။ကျွန်တော်တို့ဒေသမှာ တိုက်ပွဲတွေကမကြာခဏဆိုသလိုဖြစ်နေတော့
ကျွန်တော်တို့ရွာပြင်ကိုထွက်ပြီး
လုပ်ကိုင်စားသောက်ဖို့က မလွယ်ပါဘူး။” လို့ရသေ့တောင်မြို့နယ်က ကျေးရွာသားတစ်ဦးကဆိုပါတယ်။သူတို့ဟာ နေရပ်စွန့်ခွာပြီးကယ်ဆယ်ရေးစခန်းမှာ
ရောက်နေသူတွေမဟုတ်သေးပါဘူး။ဒါပေမယ့်အသွားအလာဆင်ခြင်ပြီးနေရတဲ့
အတွက် လုပ်ကိုင်စားသောက်ဖို့မလွယ်ဒါကြောင့် သားသမီးပညာရေးကို
ထောက်ပံ့ပေးနိုင်ဖို့ခက်ခဲတယ်လို့ဆိုပါတယ်။
ဒါကြောင့်ရခိုင်ပြည်နယ်ရဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေ
မှာ စစ်ပွဲတွေဆက်ရှိနေမယ်ဆိုရင် ကျောင်းသား/သူတွေအနေနဲ့တော့
ပညာရေးနောက်ကျရဖို့ရှိနေပါတယ်။IDP Camp တွေမှာ ရှိနေမယ့်ကလေးတွေအတွက် ပညာသင်ကြားနိုင်မယ့်အခွင့်
အလမ်းတွေကို အစိုးရဖက်က ပြည့်ပြည့်၀၀ထောက့်ပံ့ပေးနိုင်မယ်
ဆိုရင်တော့ကလေးတွေပညာရေးအတွက် မိဘတွေ
နည်းနည်းတော့စိတ်အေးကြရမှာပါ။ဒါပေမယ့်
IDP Camp တွေဆီလည်းမရောက်ပဲ နီးစပ်ရာဆွေးမျိုးသားချင်းတွေဆီမှာ
မှီခိုနေသူတွေ ၊ မိမိတို့ကျေးရွာတွေမှာပဲ အခြေအနေကြည့်ပြီး
နေသူတွေအတွက်တော့ ငွေကြေးတက်နိုင်ရင် ပြဿနာ
မရှိနိုင်ပေမယ့် ငွေကြေးမပြည့်စုံသူတွေအတွက်ကတော့
သက်ပြင်းသာ အခါခါချနေရအုန်းမယ့်အဖြစ်ပါ။ဒီလိုသာတိုက်ပွဲတွေ
ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျောင်းတက်ခေါင်းလောင်းထိုးသံကို
လွမ်းဆွတ်နေကြမယ့်ကျောင်းသား/သူတွေဟာ စစ်ပွဲတွေ
မြန်မြန်ရပ်ဖို့ပဲဆုတောင်းနေကြရအုန်းမှာပါ။
ပန်းသီကြိုး(ရသေ့တောင်)