Saturday, March 9, 2019

အမဲလိုကျခံရတဲ့ငါတို့ရဲ့အလှတှေ




••••••••••••••••••••••••••••••••••••••••

နိုင်​ငံနဲ့​ဝေးရင်​နိုင်​ငံကိုလွမ်းတယ်
ပြည်​နဲ့​ဝေး​ရင်​ပြည်​ကိုလွမ်းတယ်
အိမ်​နဲ့​ဝေးရင်​အိမ်​ကိုလွမ်းတယ်
အ​မေနဲ့​ဝေးရင်​အ​မေကိုလွမ်းတယ်
အ​ဖေနဲ့​ဝေးရင်​အ​ဖေ့ကိုလွမ်းမယ်
ချစ်​သူနဲ့​ဝေးရင်​ကျုပ်​တို့ချစ်​သူကိုလွမ်းကြတာပဲ

အလွမ်း​တွေကိုကန့်​သတ်​ထား​ကြေးဆိုရင်
အာဇာနည်​​နေ့​တွေဖျက်​​ပေးပါ
အမျိုးသား​နေ့​တွေဖျက်​​ပေးပါ
ပြည်​​ထောင်​စု​နေ့​တွေဖယ်​​ပေးပါ
လွတ်​လပ်​​ရေး​နေ့​တွေဖျက်​​ပေးပါ
ခင်​​ဗျားတို့အလွမ်းတရားဝင်​​နေသ​လောက်
ကျုပ်​တို့အလွမ်း​တွေ​တောခို​နေခဲ့ရ
ကျုပ်​တို့အလွမ်း​တွေမီးရှို့ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေဖမ်းဆီးခံ​နေရ
ကျုပ်​တို့အလွမ်း​တွေပစ်​သတ်​ခံ​နေရ
ကျုပ်​တို့အလွမ်း​တွေ​မြေမြုပ်​ခံ​နေရတာ
ခင်​​ဗျားတို့လွမ်းသလို
ကျုပ်​တို့လွမ်းတာပဲ
ခင်​​ဗျားတို့ရဲ့တရားဝင်​တဲ့အလွမ်း​တွေ
ခင်​​ဗျားတို့ရဲ့တရားဝင်​လွမ်းသူ့ပန်း​ခွေ​တွေ
ဘယ်​​ဈေးလဲ?
ကျုပ်​တို့ဆီကယူသွားတဲ့သယံဇာတ​တွေနဲ့
ခင်​​ဗျားတိုလွမ်းကြတယ်
ကျုပ်​တို့ကအသက်​ရင်းပြီးလွမ်းရတယ်
တရားပါတယ်​​ဗျာ...
လက်​ထဲရှိတာထုတ်​ထုတ်​ကြွားရုံနဲ့မပြီးတဲ့
ခင်​​ဗျားတို့ရဲ့အလွမ်းသတ်​နည်းအသစ်​​တွေ
လေးစားပါတယ်​​ဗျာ...
ရဲ့ရင့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ အမဲလိုက်​ခံရ
လက်​တည့်​လိုက်​ကြတာ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ​သွေးသံရဲရဲ
ကျုပ်​တို့ရဲ့အလွမ်း​တွေ ငိုသံမစဲခဲ့ဘူး။

၂၀၁၈အဖွင့်​ရဲ့ဇန်​နဝါရီညတစ်​ည
ကျုပ်​တို့လက်​​ဆောင်​ရလိုက်​ကြတဲ့အလွမ်း​တွေ
နှစ်​ထပ်​ကွမ်း အလွမ်း
နှစ်​နှစ်​ရာ​ကျော်​လာတဲ့ရမ္မက်​စိတ်​နဲ့
အဲ့ဒီညကကျုပ်​တို့အလွမ်း​တွေဖွင့်​ပြဖို့
ခွင့်​ပြုချက်​မရဘူးတဲ့​လေ
ကျုပ်​တိုဘယ်​စိတ်​နဲ့​ဖြေပြီးအိပ်​ရမှာလဲ
ရွှေ​တောင်​စက္ကူ​လောက်​ပါးတဲ့ခင်​​ဗျားတို့အကွက်​​တွေက
ကျုပ်​တို့အလွမ်းကို​သွေး​မြေကျ​စေခဲ့တယ်​။

လွမ်းလို့လွမ်းတယ်​​ပြောတာအပြစ်​လား
လွမ်းတာကိုသစ္စာ​ဖောက်​တယ်​လို့သတ်​မှတ်​ရ​အောင်
ကျုပ်​တို့ကသစ္စာခံထားကြတာလဲမဟုတ်
ခင်​​ဗျားတို့မတရားလုပ်​လို့
ကျွန်​ဇာတ်​မှာမြုပ်​​နေရတာကကျုပ်​တို့ပါ
ကိုယ့်​ထီးကိုယ့်​နန်းကိုလွမ်းတာ အပြစ်​လား​ဗျ
အင်္ဂလိပ်​လက်​​အောက်​က
ခင်​​ဗျားတို့ဘဝကို
ကျွန်​ပီပီသသအဖြစ်​ ခံစားပြစမ်းပါ
ကျုပ်​တို့ကိုသတ်​လို့ရပါတယ်
ကျုပ်​တို့အလွမ်းကိုလာလာမသတ်​နဲ့
ကျုပ်​တို့အလွမ်းဟာ ခင်​​ဗျားတို့​ရှေ့​ထိ
ရောက်​​အောင်​​လျှောက်​လာတဲ့တစ်​​နေ့
အပြစ်​ဆိုတာ ​ကျေ​အေးခွင့်​မရှိ​ကြေး။

               ပန်းသီကြိုး(ရ​သေ့​တောင်​)
                 ၁၇.၁.၂၀၁၈

အနံအသက်ကင်းတဲ့ကျုပ်တို့ရဲ့လောကောင်များနဲ့ဒီမိုရေစီ



•••••••••••••••••••••••••••••••••••••••••••••••

ငါတို့ဟာဇရာ​ထောင်း​နေတဲ့
အရွယ်​အိုလူကြီးများလိုပဲ
ကိုယ့်​အိမ်​မှာကိုယ်​​နေပါလျှက်​နဲ့
ဘာမှဝင်​စွက်​ဖက်​ခွင့်​မရှိဘူး

ခေတ်​​နောက်​ပြန်​ဆွဲ​နေတဲ့အ​တွေးမျိုး
ခု​ခေတ်​အ​နေအထားနဲ့ငါတို့ဟာအံ​ချော်​​နေရပြီလား
ဒီမိုက​ရေစီအစိုးရလက်​ထက်​မှာ
ရာဇသတ်​ကြီးထဲထပ်​တိုးလိုက်​တဲ့ပုဒ်​မ
အမြင်​ကပ်​ပုဒ်​မှာ
သမိုင်းအစစ်​ဟာသစ္စာ​ဖောက်​မှုဖြစ်​​ကြောင်းငြိတယ်
ဆန္ဒထုတ်​​ဖော်​သူ​ဟာကျည်​အစစ်​​တွေထိတယ်
စီစဉ်​သူ​တွေပံ့ပိုးသူ​တွေ
နောက်​ထပ်​ လာ​ရောက်​နား​ထောင်​သူ​တွေ
အလိုတူအလိုပါလုပ်​လာနိုင်​​ခြေအရ
ပုဒ်​မ ဟာလိုရာဆွဲလို့ရတဲ့သ​ရေကွင်းဖြစ်​​ကြောင်း
အထင်​အရှား​တွေ့လာရတာ
ဒီမိုက​ရေစီအ​ရေးကို
အသက်​စွန့်​တိုက်​ပွဲဝင်​လာသူ​တွေရဲ့
အန္တိမပန်းတိုင်​ဖြစ်​သွား​ပေါ့
အာဏာရှင်​ကို​တော်​လှန်​ရင်း
အာဏာသုံးတတ်​လာ​တော့လည်း
ယက်​ကန်​ယက်​ကန်​ရုန်း​နေရတဲ့ပြည်​သူဟာ
ကျား​ကြောက်​လို့ရှင်​ကြီးကိုးတဲ့အဖြစ်​လို
ဆိုးပြီးရင်း​ဆိုး​တော့တယ်​။

ရင်​ကြား​စေ့​ရေးဆိုလား
ပျဉ်​ပြား​စေ့​အောင်​ရိုက်​ထားတဲ့​ခေါင်းတလားထဲ
အပြစ်​မဲ​ကြောင်းဘယ်​လို​ပြောရမလဲ
ရခိုင်​အ​လောင်း​ကောင်​​တွေကို
ငါးသိန်းနဲ့တန်​ဖိုးဖြတ်​လိုက်​ပြန်​တယ်
ဘာ​တွေလဲ...
ဘာ​တွေလဲ​ဗျာ...
ကျုပ်​တို့ရဲ့​အောင်​စီဂျင်​ပမာဏဟာ
အချိန်​မတန်​ပဲရပ်​တန့်​ခဲ့ရတယ်
ငိုသံနဲ့မျက်​ရည်​ကို​ကျောခိုင်း
ခင်​​ဗျားတို့အာဏာဟာ
တ​ဖြေး​ဖြေးရိုင်းဖို့တတ်​လာတာပဲအဖတ်​တင်​တယ်
ဘယ်​မလဲ...ခင်​​ဗျားတို့ရဲ့ယုံကြည်​ချက်​​တွေ
နှစ်​နှစ်​ဆယ်​​ကျော်​တိုက်​လာတဲ့အ​ရေးကို
ခင်​​ဗျားတို့ပဲကိုယ့်​​ရေနဲ့ကိုယ်​​ဆေးကြပါ
ကျုပ်​တို့ဟာအနံအသက်​ကင်းတဲ့
အပုပ်​​ကောင်​​တွေပါပဲ။

တည်​ငြိမ်​​အေးချမ်း​ရေးဆိုတာရဖို့
ပြည်​သူကိုနူတ်​လုံ​အောင်​ပညာ​ပေးတဲ့​ဇာတ်​ကား​တွေ
စစ်​အစိုးရလက်​ထက်​ကလည်းကြည့်​ဖူးပါတယ်
စနစ်​ပဲ​ပြောင်းသွားပြီး
ဒီ​နေ့ထိ ကျုပ်​တို့ဘဝ​တွေဟာ
ခေတ်​မ​ပြောင်းဘူးဆိုတာအ​သေအချာပဲ။

                    ပန်းသီကြိုး(ရ​သေ့​တောင်​)
                     ၂၀.၁.၂၀၁၈

၂၀၁၈ရဲ့နှင်းမကြိုက်ဆောင်း


၂၀၁၈ဟာဇန်​နဝါရီကိုလက်​ထိုးအန်​လိုက်​ပုံများ
ရုပ်​နဲ့နာမ်​ခွဲဖို့ဥာဏ်​ပါလာဖို့မလို​ဘူး
Norincoကို
ခရက်​တစ်​​ပေးဖို့မလိုဘူး
ဘယ်​​လောက်​မိုက်​တဲ့တရားလဲ
လက်​ညိုးတစ်​ချက်​အလှုပ်​မှာ
ငိုသံ​တွေဖုံးလွှမ်း
အေးစက်​စက်​နဖူးကို
တရားသ​ဘောနဲ့ရှုဖို့
ဇန်​နဝါရီဟာ နှင်း​ယောင်​​ဆောင်​ခဲ့တာ​ပေါ့။

မိုးပြာ​ရောင်​​အနားသတ်​မျဉ်း​တွေ
စပျစ်​ဝိုင်​​သောက်​ဖို့
ဇန်​နဝါရီဟာ​သွေးဆာ​နေတဲ့
သွေးစုတ်​ဖုတ်​​ကောင်​လို
သား​ကောင်​လိုက်​​ရင်း
ဆယ့်​ခုနှစ်​ရာစု​နှောင်းပိုင်းက
လက်​ကျန်​မျိုးဆက်​ကိုသွား​တွေ့တယ်​။

သစ္စာတရားကိုမုန်းတဲ့
အတိမာန နှလုံး​သွေး​တွေက
အရှင်​သခင်​​တွေရင်​ဘတ်​မှာစီးဆင်း
ဖြုတ်​ထုတ်​သတ်​သတင်းဟာ
ခေါင်းစီးပိုင်းမှာစတိုင်​ကျကျပဲ​​လေ
ဘာမှငြင်းလို့မရတဲ့တလင်းမှာ
အမှန်​တရားကိုစာလုံးမှန်​​အောင်​​ပေါင်းသူ​တွေက
မညှက်​ညှက်​​အောင်​အနင်းခံရတယ်
ဇန်​နဝါရီ​က​တော့
တိုးတိုးတိတ်​တိတ်​​တောင်​လက်​တို့​ဖော်​မရဘူး
ငါတို့မှာ နံရံ​တွေနဲ့ပြည့်​လို့။

နူတ်​​ကြောင့်​​သေရတာလည်းငါတို့
လက်​​ကြောင့်​​ကြေရတာလည်းငါတို့
အတိတ်​ကိုပြန်​ရစ်​လို့
အကြီးမားဆုံးအပြစ်​လို့ဆိုရင်
သမိုင်းဟာဘာသာရပ်​ဖြစ်​စရာမလိုဘူး
သီဟတင်​စိုးမင်းသားဖြစ်​စရာမလိုဘူး
၁၉ဇူလိုင်​မှာပန်း​ခွေကိုင်​စရာမလိုဘူး
အဖြစ်​မှန်​​တွေဟာ
လက်​​တွေ့ကျန်​ခဲ့ရတဲ့ပစ္စုပ္ပန်​တစ်​ခုပဲ
ကမ္ဘာလည်​​နေသ​ရွေ့
အဖြစ်​မှန်​​တွေပြန်​ပြန်​သစ်​​နေရတာမဟုတ်​လား
ဇန်​နဝါရီ​ရေ မင်းဟာ
ပြက္ခဒိန်​ ထဲမှာ​တော့
ဝမ်းနည်းစရာ​တွေထပ်​ဖြည့်​လိုက်​ပြန်​ပြီ။

ပိုနီးလာသလားဇန်​နဝါရီ
တိုင်​ထိပ်​​ပေါ်​ရောက်​ဖို့ ခရုတစ်​​ကောင်​လို​လျှောက်​လာတာပါ
ရာစု နှစ်​ခု​ကျော်​ဝဋ်​​ကြွေးကို
မ​လောက်​မငှ​ကြေးနဲ့လည်း​ရေးခဲ့ပြီ
မဝ​ရေစာ​​ပေး​နေတဲ့ ပြည်​​ထောင်​စုအဆို​အောက်​မှာ
ငါတို့ငါးပါး​မှောက်​​နေရ
ဒါဟာတရားမျှတလွတ်​လပ်​ခြင်း​တွေလား
ပြည်​​ထောင်​စုဆိုတဲ့​အော်​သံ​အောက်​မှာ
ပြည်​တွင်းစစ်​​တွေဖြစ်​​နေရ
ဒါဟာခွင့်​တူညီမျှတဲ့ဝါဒ​တွေလား
တကယ်​​တော့
ခင်​​ဗျားတို့ဟာမိုက်​​ကြေးခွဲ​နေတဲ့
ရုပ်​ရှင်​ထဲက​ဗီလိန်​​တွေလိုပဲ
အာဏာရှိတုန်း​တော့အစွမ်းကုန်​ထုတ်​သုံးပြလိုက်​တာပဲမဟုတ်​လား
ခင်​​ဗျားတို့​ခေတ်​ကျမှ ​ထောက်​ခံမှုကိုပွဲလုပ်​ပြလာရတာ ကြည်​ညိုဖွယ်​ပါပဲ
၂၀၁၈ရဲ့ဇန်​နဝါရီဟာ
နှင်းမကြိုက်​တဲ့​ဆောင်းဖြစ်​​ကြောင်း
မြေကျခဲ့တဲ့​သွေး​တွေနဲ့
ထောင်​နံရံ​တွေဟာက ငြင်းလို့မရတဲ့သက်​​သေပဲ။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                      ၂၃.၁.၂၀၁၈



အေးစနေခေြတေွ



အ​ဟောင်းအ​မြေး​တွေက
တစ်​ထပ်​ပြီးတစ်​ထပ်
ဇရာအလိုအရ
အရိုး​ပေါ်အ​ရေတင်​​နေတဲ့အ​သွေးအသားထဲ
နေမြင့်​လာချိန်​​လောက်​ပဲ
အ​နွေးဓာတ်​ဟာကျက်​စားတဲ့​​ဆောင်းကို
မျက်​တွင်းနက်​နက်​​တွေနဲ့ပဲ
ကြည့်​​နေမိ​တော့တယ်​။

                  ပန်းသီကြိုး(ရ​သေ့​တောင်​)
                  ၂၆.၁.၂၀၁၈

အမာရွတ်



နဂိုပျက်​လား​ဖို့အတွက်
နာကြင်​ခံစားရပြီး​ကေလည်း
အတွက်​​ပေါ်စရာတံဆိပ်​အဖြစ်
အလိုလိုခတ်​နှိပ်​ခံရ​ရေ။

အမြင်​အာရုံအဖုံးကိုဖွင့်​လိုက်​တိုင်း
ဒေအကိုင်းမာရာနားမိလီယင့်
အဖုံးပိတ်​ခြင်းဖွင့်​ခြင်းနန့်​မဆိုင်​​ရေ
Pixelပါဝင်​နှုန်းအများဆုံးပုံရိပ်​တိ
ပြတ်​ပြတ်​သားသားဟိမ့်​လိုက်​​တေပင်​။

ဇာစိတ်​နန့်​ပင်​အိပ်​အိပ်
ဒေအရိပ်​တိကနီ​ပြောက်​မထိုးနိုင်​ခ
ယင်းပိုင်​နန့်
သက္ကရာဇ်​ အမှာစာကိုပြန်​ဖတ်​ဖို့
ဖြစ်​လာရ​ရေ။

                 ပန်းသီကြိုး(ရ​သေ့​တောင်​)
                 ၂၉.၁.၂၀၁၈

နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ