Wednesday, May 3, 2023

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ်
ငါ့ခေါင်းထက်မာ လရောင်
ယပြီးကေ
ရီပြတ်လတ်မှု
‌မမျှတခြင်း
ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင်
မဆီမဆိုင်ပန်းသီးတလုံး
အရည်ဓါတ်နည်းလာရေဒေါသ
အဝီးကခွီးဟောင်သံ
ဉာဉ့်မဟုတ်တေငါ
လွှတ်ချလိုက်တေ
မနိုင်ဝန်တိကိုငါရာထမ်းမေဖိ
နှလုံးသားကတော့
ဗိုင်းဖဲ့ပိုင်တိမ်တိပါးသို့။

                        ပန်းသီကြိုး(ရသေ့တောင်)
                        9:46PM/3-5-2023

Tuesday, May 2, 2023

ချွေး၊အသက်ရှူသံ+အာဟာရ


အသက်ရှူသံဇာနှစ်မျိုးလောက်ကြားနိုင်လည်း။ဉာဉ့်စွာတိမ်ခြင်းနက်ခြင်းနန့်မသက်ဆိုင်ပဲ အလင်းနန့်အမှောင်ကို ချခရော်ပြန်ပါအောင်ချိတ်ဆွဲထားရေ။
အိမ်မြှောင်တကောင်ပိုင်
စကားလုံးတိကိုအမဲလိုက်ယင်း
စိတ်စွာ မျက်နှာကြက်မာ ကပ်နိန်ရေ။
အရီပြားယားယံမှုတခုပိုင်
ဆာလောင်နိန်ရေ။
လူနန့်မသက်ဆိုင်ရေရပ်ဝန်းက
ကျွန်တော်နန့်သက်ဆိုင်စွာလည်း
တကူးတကမပြောမိ။
ငါကရပ်ဖို့လို့ထိုင်လိုက်ကေ ငါ့မာလမ်းကိုရောက်နိန်စွာနန့်လည်း ဂွရာမလားယေ။
အနားယူဖို့အတွက်နန့်
အလားတူစွာကိုရှာကြည့်ယင်း
အိတ်ထဲကလက်ထိုးနှိုက်ထုတ်လိုက်တေ
မဂြုတ်တလုံး
စီးကရက်တလိပ်
လီမာရွင့်နိန်ရေမခိုးချေတိ။
မှိတ်ထားလို့မြင်နိန်ရေမြင်ကွင်းတိကို
ငါ့မာအစရှာလို့မရနိုင်။

                       ပန်းသီကြိုး(ရသေ့တောင်)
                       11:19PM/2-5-2023

Monday, May 1, 2023

လူးကျသံ


ဒုံး
တနားချေကြာရေ
အချေငိုသံ
ငါ့သမီးလားသိချင်
ဖတ်လတ်စစာအုပ်ကိုပိတ်
ထိုင်ရာကထပြီးမှ
မဟုတ်လို့သိလိုက်ခါ
ပြန်ထိုင်
ဖတ်လတ်စစာအုပ်ကိုဖွင့်
ငါသမီးငိုသံမဟုတ်
အချေတယောက်ငိုစွာရာ။

                   ပန်းသီကြိုး(ရသေ့တောင်)
                   1-5-2023/3:30PM

Monday, April 24, 2023

နောက်ပြန်လားရေအချိန်

အယင်ကဖြစ်ခစွာတိက
အဂုဖြစ်နိန်စွာမျိုးယာ
အယင်ကလားခရေလမ်းတိက
အဂုလားနိန်ရေလမ်းယာ
အယင်အတွိအကြုံတိက
အဂုကြုံရရေ အတွိအကြုံတိယာ
ဖြစ်တည်ခြင်းသီအိုရီတိုင်းမာ
ရှင်သန်ခြင်းတိကဇာပိုင်အရောင်မျိုးလဲ။

မိုးသောက်ကဗင်နီတဝင်ထိ
ကိုယ့်စိတ်နန့်ကိုယ်သာယာဖို့
ကိုယ်စိတ်နန့်ကိုယ်ပါ။

ဒေဖက်အစမာ
ဟိုဖက်ကအဆုံးဖြစ်လားရကေလည်း
ဟိုဖက်ကပြန်စကေ
ဒေဖက်အဆုံးယာ
နီပူစွာကလည်းကိုယ့်အကြောင်းနန့်ကိုယ်
အချိန်ကိုနောက်ပြန်လားခိုင်းမိတိုင်း
ငါစွာ ဒေဘဝကိုပိုပိုချစ်လာရေကာ။

                    ပန်းသီကြိုး(ရသေ့တောင်)
                    10:39pm/24-4-2023

Tuesday, April 4, 2023

အိမ်မက်တခုတော့ဟိမ့်ရေ

ခြီသံတရှပ်ရှပ်နန့်တတူ
လီအဟုန်ချေတခုပါလာရေ
ငါကတော့ လပြည့်ညဉ့်မာ
မဝံ့မရဲလင်းနိန်ရေကြည်ချေတိကို
လိုက်ရှာကြည့်ယင်း
အာကာကိုမော်ကြည့်နိန်တုန်း...

ဘဝကိုဆွဲထုတ်ကြည့်ခါကြည့်လိုက်
အနာဂါတ်ကိုစမ်းဖိစမ်းဖမ်းရှာကြည့်ခါကြည့်လိုက်
အိမ်မက်တခုတော့ဟိမ့်ရေ။

ရှာတွိသည်ဖြစ်စီ
ရှာမတွိသည်ဖြစ်စီ
အိမ်မက်တခုတော့ဟိမ့်ရေ။

လူကြိုက်များသည်ဖြစ်စီ
လူကြိုက်နည်းသည်ဖြစ်စီ
အိမ်မက်တခုတော့ဟိမ့်ရေ။

အာကာမာ မဝံ့မရဲလင်းနိန်ရေကြယ်ချေတိကိုကြည့်ရေ
ငါမာ အိမ်မက်တခုတော့ဟိမ့်ရေ။

                    ပန်းသီကြိုး(ရသေ့တောင်)
                    4-4-2023/9:23PM

Tuesday, March 21, 2023

ပစ္စက္ခအဝိုင်းထဲမာ တချက်ချက်မြည်နိန်ရေ မရေရာခြင်းတိလား

အတိတ်စွာ
အတွေးထဲမာကုတ်တွယ်ပူးကပ်လို့
ပစ္စက္ခအသက်ရှူမှုစွာ
ပင်လယ်လှိုင်းတိပိုင်
လွမ်းမနိန်ချင်ကေလည်း
အောက်မိစရာတိက အခါအခါ
ရောက်လာရေ

အချိန်စွာ ကုန်မှန်းမသိကုန်ရေ
အိမ်ဆိုစွာဇာလည်းလို့
ရရဲတတင်း ဖွင့်မပြောဝံ့စွာလည်းကြာယာ
ဘဝကို အပ်ကြောင်းထပ်အောင်လားထားရေ
လမ်းတိ 
လီနန့်ရွင့်ပါလာရေ မှေးမှိန်ခြင်းတိ
ဖြောင့်တန်းမနိန်ရေ ဒေသနာတရားတိ

ညဉ့်လည်းနက်ပါလတ်ယာ
ဘဝလည်းကျပ်ပါလတ်ယာ
အဆုံးတဖက်မာတော့
ဇာတ်လမ်းကစဖို့ပျင်တရာသိမ့်လတ်
အခန်းဆက်အိမ်မက်တိကတော့
ညဉ့်ဆိုစွာရှည်မှန်းမသိလီကောင်းလီပါယာ
ရောင်နီလာဖို့အတွက် နာရီကြည့်တိုင်းလည်းမရ
ငါစိုက်ပျိုးထားရေ ပစ္စက္ခလက်တံစွာ
နာရီအဝိုင်းထက်မာ တချက်ချက်လားယင်း
လားယင်း ...လားယင်းနန့်
ဇာနှစ်ပတ်မြောက်မှန်းမသိ။

                           ပန်းသီကြိုး(ရသေ့တောင်)
                           ၂၁-၃-၂၀၁၃
                           World Poetry Day

Thursday, February 23, 2023

မှည့်ဝင်းလတ်ဆတ်သောသစ်သီး

မယူမြစ်ရီပြင်စွာ ငြိမ်ငြိမ်သက်သက်
စီးမျောလို့
အဝီးကလှမ်းမြင်နိန်ရေ
ကမ်းအစတနေရာ
မလားဖြစ်စွာ‌ကြာယာမလားယေ
လားမရစွာကြာယာမလားယေ
အမှတ်သညှာပြုခရေ
ပြားဇီးပင်လည်း
မဟိမ့်လိုက်ယာ
ရီပြင်ထက်မာတော့အမည်းစက်ချေတစက်စွာ
ဘဝတခု
ကမ္ဘာကြီးမာလည်းငါစွာအမည်းစက်ချေတစက်
ဘဝတခု
မှော်ဆန်‌ရေသဘာဝကိုချစ်တေ
မယူမြစ်ပြင်ကြီးကိုချစ်တေ
အမှတ်ရခြင်းတိစွာ
အလိုက်ကာသင့်မှည့်နိန်ရေ
သစ်သီးတမျိုးပိုင်
အမြဲတမ်းလလတ်ဆဆတ်ပါယာ။

                           ပန်းသီကြိုး(ရသေ့တောင်)
                           ၂၃-၂-၂၀၂၃
                           3:03PM

Saturday, January 28, 2023

ဘဝကိုဝိုင်းအောင်ရွီး

Photo-K/T Memories 

ဘဝကိုစိတ်မာမှတ်
လက်ဇာနှစ်ချောင်းထောင်ရဖို့လည်း
သမိုင်းစာမျက်နှာထက်က
ယုံရခက်စရာတိအစား
လက်တွိဘဝကို ဝိုင်းအောင်ရွီးဖို့
နားတိကြားဖို့
မျက်စိတိမြင်ဖို့
ယုံကြည်ချက်တိခိုင်မာဖို့...

ရက်ကျဆန်နိန်ရေဘဝ
တလုပ်တဆုပ်နန့်
ဘဝကိုသိမ်းထုပ်ထားတွင်း
အတိုးကအရင်းဖြစ်
ဘဝကိုကျွန်စိတ်သွင်းပစ်ဖို့အစား

အာရက္ခရို့
ပင်လယ်နန့်လှိုင်းစွာခွဲမရရေပိုင်
မလွတ်မြောက်ခြင်းနန့်နိမ့်ကျခြင်းကိုခွဲမရ
အလင်းစွာတပြောင့်တည်းလားရေ
အကွေ့အကောက်ရောင်ပြန်တိကတော့
မတူကွဲပြားမှုရို့၏ချစ်စဖွယ်ဘာသာစကားရာဖြစ်တေ။
ဒုက္ခဆိုကေလည်း
ငါရို့ကရခိုင်လူမျိုးရာ
နီလာကေနှင်းပျောက်လားပါလိမ့်မေ
မျက်စိကိုစုံမှိတ်
နှလုံးသားကိုယုံတမ်းစကားမဟုတ်တေ
ယုံကြည်ခြင်းတိပီးဖို့
အာရက္ခနိုင်ငံတော်သီးခြင်းကို
သံပြိုင်လိုက်ဆို...ကတ်။

                                ပန်းသီကြိုး(ရသေ့တောင်)
                                28-1-2023/10:41PM





Saturday, January 21, 2023

သူကဘုရားမကြိုက်စွာမလုပ်


သူက
ဘုရားမကြိုက်စွာမလုပ်
အလိမ်အဝါကခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘုရားမကြိုက်စွာမလုပ်
မတော်လောဘက ခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘုရားမကြိုက်စွာမလုပ်
မာန်မာနတိက ခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘုရားမကြိုက်စွာမလုပ်
မတရားခြင်းက ခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘုရားမကြိုက်စွာမလုပ်
‌ဘဝင်ရှုးခြင်းက ခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘရားမကြိုက်စွာမလုပ်
အဆိုးမြင်ဝါဒက ခေတ်ကာလနန့်ရာဆိုင်ရေ
သူက
ဘုရားမကြိုက်စွာမလုပ်...
သူက
ဘရားမကြိုက်စွာမလုပ်...
သူက
ဘုရားမကြိုက်စွာမလုပ်

သူက
ဘုရားမကြိုက်စွာမလုပ်
သူကလွဲကေ အားလုံးသူသိရေ။

                    ပန်းသီကြိုး(ရသေ့တောင်)
                    ၂၀-၁-၂၀၂၃




Friday, January 6, 2023

အမှား(၉)

အေသတ္တဝါလို့ပြောလိုက်မိလို့
မာန်ပါခရေ
ကျွန်တော် ဇာမှားခပါလည်း။

                  ပန်းသီကြိုး
                  6-1-2023

Thursday, January 5, 2023

မြင့်မားခြောက်ကပ်လာရေအသိဉာဏ်တိ

မျက်နှာ နောက်ဆုံးပေါ်အသားအရီအတု
အထားအသိုက ပုံစံတကျမှားဖို့
လမ်းခုလတ်တိုင်းစွာ 
ထိုမရောက် ဒေမရောက်။

မှတ်ဉာဏ်ထဲက ထိုမကျဒေမကျလူးသားတိထွက်ကျ
မြင့်မားခြောက်ကပ်လာရေအသိဉာဏ်
လမ်းတိမာရွင့်နိန်ရေ၊
လှည်ကွက်မဆန်ရေမျက်လှည်ဆရာတိပိုင်
အရိုးစတိ၏စိုထိုင်းစကိုရှာဖို့ အပူတပြင်း

အမြတ်ထုတ်တေဆိုစွာ
အမြတ်တိကိုအထုပ်ထုပ်ထားလိုက်စွာလား
စိုင်းစားကြည့်ရေ
ဟုတ်ယာဖိ
မြင့်မားခြောက်ကပ်လာရေအသိဉာဏ်တိကပြောရေ

ခေါင်းပုံဖြတ်တေဆိုစွာ
ခေါင်းတိပုံနိန်လို့အဖြတ်ခံကတ်ရစွာလား
စိုင်းစားကြည့်ရေ
ဟုတ်ယာဖိ
မြင့်မားခြောက်ကပ်လာရေအသိဉာဏ်တိကပြောရေ

သာရာပင်း တိစွာလောက်ကောင်တိပိုင်ဗျာယ်လို့
မြင့်မားခြောက်ကပ်လာရေအသိဉာဏ်တိကပြောရေ
ဟုတ်ယာဖိလို့ ငါပြန်ပြောလိုက်တေ။

                             ပန်းသီကြိုး
                             5-1-2023/5:43AM




နောက်လာမည့်ပိုစ့်များ

အရည်ဓါတ်

တိမ်တိက ဗိုင်းဖဲ့တိပိုင်အဆုပ်ဆုပ် ငါ့ခေါင်းထက်မာ လရောင် ယပြီးကေ ရီပြတ်လတ်မှု ‌မမျှတခြင်း ခြီကျိုးနိန်‌ရေ ဗဟပ်တစ်ကောင် မဆီမဆိုင်ပ...

လူကြည့်များသောပိုစ့်များ