ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဟာ
နယ်နိမိတ်အားဖြင့်၄၃၇.၇၆ စတုရန်းမိုင်ကျယ်ဝန်းပြီး အနောက်ဘက်မှာဘင်္ဂလား
ပင်လယ်အော်နဲ့
ထိစပ်နေတာဖြစ်ပါတယ်။ ပင်လယ် လှိုင်းသံတွေ တဝုန်းဝုန်းကို
အမြဲလိုလို ကြားနေရတဲ့ မယူတောင်တန်း အနောက်
ဘက်ခြမ်း မှာတော့ ရသေ့တောင်မြို့နယ် အပိုင် ကျေးရွာ(၈)ရွာရှိနေပါတယ် ။အဲဒီ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်း
သားတွေဟာ
လယ်ယာကိုင်းကျွန်း လုပ်ငန်းကို လုပ်ကိုင်ကြသလို ရေလုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်။ဒီဒေသမှာနေထိုင်ကြတဲ့
ရခိုင်တိုင်းရင်းသားတွေအထဲ
အောင်ဗလ ဆိုတဲ့ကမ်းခြေရွာလေးမှာနေထိုင်ပြီး
ပုဇွန်သားပေါက်လုပ်ငန်း (Tiger
ပုဇွန်သားပေါက် ) နဲ့ ငွေရှာနေတဲ့
ရခိုင်တိုင်းရင်းသားတစ်ချို့ရဲ့ဘဝတွေကိုမြင်နိုင်အောင်
တင်ပြပေးချင်ပါတယ်။ရသေ့တောင်မြို့နယ် မယူတောင်တန်းရဲ့ အနောက်ဘက်ခြမ်း ကျေးရွာတွေတိုင်းမှာတော့
ပုဇွန်သားပေါက်ထောင်တဲ့အလုပ်ကို အများစုလုပ်ကိုင်ကြတာပါတယ်။
ဒီလိုပုဇွန် သားပေါက်ထောင်တဲ့လုပ်ငန်းကို
လုပ်ကိုင်ပြီးငွေရှာတာဟာ မိသားစုစားဝတ်နေရေးအတွက်ကာမိရဲ့လား။သားပေါက်
ထောင်တဲ့ လုပ်ငန်းရဲ့နောက်ကွယ်မှာ
အခက်အခဲတွေဘယ်လိုရှိနေသလဲ ။ဒီလုပ်ငန်းက အကျိုးကျေးဇူးတွေ ဘယ်လိုရနိုင်သလဲဆိုတာ
ကတော့
စိတ်ဝင်စားစရာကောင်းနေပါတယ်။အဆိုပါဒေသက အောင်ဗလကျေးရွာမှာနေထိုင်ပြီး
ပုဇွန်သားပေါက်ကိုယ်စားလှယ်အဖြစ်
နှစ်ပေါင်းနှစ်ဆယ်ကျော်လုပ်ကိုင်လာတဲ့
ဦးအောင်ကျော်ဇော က သူရဲ့ အတွေ့အကြုံတွေကို အခုလိုပြောပြပါတယ်။
“ပုဇွန်သားပေါက်ထောင်တာကို
ကျွန်တော်တို့ဒေသမှာ သားပေါက်ချေ ထောင်တယ်လို့ခေါ်ပါတယ်။သားပေါက်ချေက တစ်နှစ်
ပတ်လုံးထောင်လို့ရတာတော့
မဟုတ်ပါဘူး ဆောင်းတွင်းအအေးပိုလာတဲ့ရာသီဆိုရင် သားပေါက်ထောင်လို့မရပါဘူး
။ရေအေးလာရင်
ကမ်းနားကို
ပုဇွန်သားပေါက်တွေမပါးတော့ပါဘူး။ဆောင်းတွင်းသုံးလလောက်ကလွဲရင်တော့
တခြားအချိန်တွေမှာ များသောအားဖြင့်
တော့
သားပေါက်ထောင်လို့ရပါတယ်။ဆောင်းတွင်းမဟုတ်ပေမယ် အရှေ့ဘက်က လေတိုက်နေတာမျိုး ဆိုရင်လည်း သားပေါက်မရ
ဘူး
သားပေါက်ထောင်လို့ရတာက အနောက်ဘက်ကလေတိုက်နေတယ်ဆိုရင် ရတယ် ပုဇွန်သားပေါက်တွေက
အနောက်လေတိုက်မှ
ကမ်းနားကို
ပါးလာတာဖြစ်ပါတယ်။အနောက်တောင်ဘက်ကလေတိုက်နေရင်လည်း သားပေါက်ထောင်လို့ရပါသေးတယ်
အရှေ့ဘက်
ကလေတိုက်နေရင်တော့
သားပေါက်လုံး၀မရပါဘူး” လို့ဆိုပါတယ်။
သားပေါက်ထောင်လို့ရအချိန်ကိုလည်း
ဦးအောင်ကျော်ဇောက အခုလို ဆက်ပြောပါတယ်။ “ ကျွန်တော်တို့ သားပေါက်ကို ဖြား ကြီးတဲ့ရက်( ဒီရေ ကြီးတဲ့ ) ရက်တွေမှာ
ထောင်ကြပါတယ်။ဖြားနဲ့လိုက်ပြီးလုပ်ရတာဖြစ်ပါတယ်။ကျွန်တော်ကတော့ ကိုယ်တိုင်
ပုဇွန် သားပေါက်
မထောင်ပါဘူး။ဖောက်သည်တွေဆီကတစ်ဆင့်ပြန်ဝယ်ပြီးတစ်ခြားမြို့နယ်က ပုဇွန်တာ သမား
တွေဆီသွား သွင်း
ပါတယ်။ ကျွန်တော်က အခုဆိုရင် ဖောက်သည်တွေဆီက သားပေါက် တစ်ကောင်ကို
ငါးကျပ်နဲ့ဝယ်ပါတယ် ။ ပြန်သွင်းတဲ့အခါတော့
တစ်ဆယ်
၊ဆယ်နှစ်ကျပ်ဆိုသလို ပြန်သွင်းရပါတယ်” လို့ဆိုပါတယ်။ ဝယ်ဈေးကတော့
ပုံမှန်တော့မဟုတ်ပါဘူး ။တစ်ခါတစ်လေဆိုရင်
သားပေါက်တစ်ကောင်ကို
၁၈ကျပ်လောက်ထိပေးဝယ်ရတဲ့ အခါလည်း ဝယ်ရပါတယ်။သားပေါက်ဈေးကောင်းတာက ဝယ်သူများပြီး
သားပေါက်ထောင်လို့သိပ်မရတဲ့
အချိန်မျိုးတွေမှာ ဈေးကောင်းတတ်ပါတယ်။ဈေးကောင်းရင်ကောင်းသလို ကျွန်တော်တို့ ပြန်သွင်းတဲ့
အခါလည်း
ဈေးကောင်းရတာကြောင့် ဝယ်နိုင်တယ်လို့ဆိုပါတယ်။
ပြန်သွင်းတဲ့အခါ
တစ်ဝက်ကျော်ကျော် မြတ်တဲ့အတွက်
တွက်ချေကိုက်တယ်လို့ တော့ ပုံသေပြောလို့မရပါဘူး ။ ပုဇွန်သားပေါက် ဆိုတာက သေးငယ်လွန်းသလို
အကြမ်းလည်းသိပ်မခံတဲ့ အတွက်
အသေအပျောက်ကတော့ ရှိပါတယ်။သားပေါက်
တစ်သိန်း ဆိုရင်
အနည်းဆုံး
တစ်သောင်း လောက်ကတော့ သေတာပါပဲ
အချိန်ကြာတာနဲ့အမျှအသေအပျောက်ပိုများပါတယ်” လို့ဆိုပါတယ်။
ဖောက်သည်ဆီကတစ်ဆင့်ပြန်ဝယ်ထားတဲ့
ပုဇွန်သားပေါက်တွေကို ဦးအောင်ကျော်ဇောတို့အနေနဲ့ ရေတွက်ပြီး
လေးထောင့်ဖော့ဘူးတွေနဲ့ ထည့်ထားရပါတယ်။ဒီနေရာမှာ ဖောက်သည်ဆိုတာကတော့
ဦးအောင်ကျော်ဇောတို့လို သားပေါက်ကိုယ်
စားလှယ်တွေက
သားပေါက်ထောင်သူတွေဆီက တိုက်ရိုက်ဝယ်ကြတာမဟုတ်ပဲ
ကြားကဖောက်သည်တွေရှာထားကြတာဖြစ်ပါတယ်။
ဒီဖောက်သည်တွေဟာ
ငွေကြေးမတတ်နိုင်လို့ သားပေါက်ထောင်တဲ့ပိုက် မဝယ်နိုင်သူတွေကို ပိုက်ဝယ်ပေးထားပြီး
သားပေါက်ထောင်
ခိုင်းပါတယ်
ရလာတဲ့သားပေါက်တွေကို ပိုက်ထုတ်ပေးထားသူက
သားပေါက်ထောင်သူဆီကပြန်ဝယ်ပါတယ်။သားပေါက်ထောင်သူ
တွေအနေနဲ့လည်း
ရလာတဲ့သားပေါက်တွေကို ပိုက်ထုတ်ပေးသူဆီမှာပဲ
သွင်းကြရတာဖြစ်ပါတယ်။ဒီလိုသွင်းရတဲ့အတွက် ဈေးနှိမ်ပြီး
ဝယ်တာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။ဦးအောင်ကျော်ဇော
တို့အနေနဲ့ ဖောက်သည်သုံးလေးယောက်လောက် ရထားရင် လုပ်ငန်း
လည်ပတ်နိုင်တယ်လို့ဆိုပါတယ်။သားပေါက်ထောင်တဲ့ ပိုက်တစ်လက်အတွက် ကုန်ကျစရိတ်က
ငါးသောင်းလောက်ကုန်ကျတယ်လို့ဆို
ပါတယ်။သားပေါက်ထောင်သူတစ်ယောက်အနေနဲ့
ပိုက်နှစ်လက်ကိုင်တယ်လို့ဆိုပါတယ်။
သားပေါက်ထောင်သူတစ်ယောက်အနေနဲ့
တစ်ရက်ဝင်ငွေဟာ
ပုံမှန်တွက်လို့တော့မရပါဘူး။ဒါပေမယ့် ပုဇွန်သားပေါက်
အတက်နည်းတဲ့နေတွေမှာတောင်အနည်းဆုံး ၇၀၀၀ကျပ်
လောက်ရတယ်လို့ဆိုပါတယ်။ပုဇွန်သားပေါက်အတက်များတဲ့နေတွေဆိုရင်တော့
လေးငါးခြောက်သောင်းကနေ သိန်း ကျော်အောင်ရတဲ့နေ့တွေလည်းရှိတယ်လို့ဆိုပါတယ်။ တစ်ဖြား
(ဒီရေကြီးတဲ့ရက်တွေ)ပုဇွန်သားပေါက်ထောင်ရင် လေးငါးသိန်းထိရတဲ့
အခါမျိုးတွေရှိတယ်လို့
အောင်ဗလကျေးရွာသား ပုဇွန်သားပေါက်ထောင်သူတစ်ယောက်က ပြောပါတယ်။ဒီအလုပ်က မိသားစု
စားဝတ်
နေရေးအတွက်တော့
အဆင်ပြေစေတယ်လို့လည်းဆိုပါတယ်။ သီတင်းကျွတ်၊သင်္ကြန် လို့အချိန်အခါတွေမှာ
ဝယ်ချင်တာတွေဝယ်နိုင်ဖို့ ပုဇွန်သားပေါက်ထောင်တဲ့အလုပ်က ကျေးရွာထဲကလူငယ်တွေအတွက်
အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။
ပုဇွန်သားပေါက်ထောင်ဖို့အတွက်
ပင်လယ်ထဲကိုလှေနဲ့ သက်စွန့်ဆံဖျား သွားစရာလည်းမလိုပါဘူး။ပင်လယ်ကမ်းစပ်မှာပဲ ထောင်ရတာဖြစ်ပါတယ်။
ပုဇွန်သားပေါက် အကောင်လေးတွေဟာသေးငယ်လွန်းတာကြောင့် ပုဇွန်သားပေါက်နဲ့
မနီးစပ်တဲ့လူတွေ
အတွက်
တော်တော်လေးအာရုံစိုက်ပြီးကြည့်မှမြင်နိုင်မှာဖြစ်ပါတယ်။
ပုဇွန်သားပေါက်အကောင်လေးတွေရဲ့အရွယ်အစားဟာအပင်
ပေါက်လေးတစ်ပင်ရဲ့
အမြစ်မွှားလေးတစ်ချောင်းလောက်သာရှိပါတယ်။ဒီလို သေးငယ်တဲ့ ပုဇွန်သားပေါက်တွေကို
ရေတွက်ဖို့အတွက်
ဦးအောင်ကျေ်ာဇောတို့လို
ပုဇွန်သားပေါက်ကိုယ်စားလှယ်တွေအနေနဲ့ သားပေါက်အကောင်ရေတဲ့သူကိုငှါးရပါတယ်
။ဒီလိုငှါးတဲ့အခါ
သားပေါက်များများရရင်
ရသလို လူများများငှားရပြီး ရေတွက်ရတဲ့အချိန်ကြာရင်ကြာသလို ၇၀၀၀ ကနေ ၁၀၀၀၀
လောက်ထိပေးရ
တယ်လို့ဆိုပါတယ်။လေးထောင့်ဖော့ဗူးတစ်ဗူးမှာပုံမှန်အားဖြင့်
ပုဇွန်သားပေါက် အကောင်ရေ ၂၅၀၀ ထိထည့်နိုင်တယ်လို့ဆိုပါတယ်။
ပုဇွန်သားပေါက်များများရလို့ထည့်စရာအခက်အခဲရှိတယ်ဆိုရင်တော့
တစ်ဗူးမှာ သားပေါက်အကောင်ရေ ၃၀၀၀ထိထည့်ကြတယ်လို့
ဦးအောင်ကျော်ဇောက
ဆိုပါတယ်။ဒါပေမယ့် ၃၀၀၀
ထက်တော့ပိုမထည့်နိုင်ဘူးလို့ဆိုပါတယ်။ပိုထည့်မိရင်ပုဇွန်သားပေါက်လေးတွေ
အသေများတယ်လို့ဆိုပါတယ်။သားပေါက်ရေ
တဲ့အလုပ်ကိုတော့ များသောအားဖြင့် အမျိုးသမီးတွေသာလုပ်ကြတာများပါတယ်။တစ်
နေကုန်ထိုင်ပြီး
ရေတွက်ရင် အမျိုးသမီးတစ်ယောက်ကို ဖော့ဗူး ဆယ်ဗူးလောက်ထိပြီးတယ်လို့
ဉီးအောင်ကျော်ဇောဆီမှာ သားပေါက်
ရေတွက်နေတဲ့
အမျိုးသမီးတစ်ဦးကဆိုပါတယ်။တစ်ဗူးမှာ သားပေါက်အကောင်ရေ ၂၅၀၀ ထည့်တာဖြစ်တဲ့အတွက်
အမျိုးသမီးတစ်ဦး
ရဲ့တစ်နေ့တာ
သားပေါက်ရေတွက်နိုင်တဲ့ပမာဏကအကောင်ရေ ၂၅၀၀၀ လောက်ပြီးတယ်လို့ဆိုရမှာပါ။ဦးအောင်ကျေ်ာဇောတို့အနေနဲ့
ပုဇွန်တာသမား
တွေဆီမှာ သားပေါက်ချဖို့တစ်ခေါက်သွားရင် အနည်းဆုံးသားပေါက်အကောင်ရေ
သုံးသိန်းလောက်ပါတယ်လို့ဆိုပါ
တယ်။ပုဇွန်သားပေါက်တွေကို
ဝယ်ယူပြီး
အလွန်ဆုံးငါးရက်လောက်ပဲထားလို့ရတယ်လို့လည်းဆို့ပါတယ်။ငါးရက်ထက်ပိုကြာမယ်ဆို
ရင်တော့
ပုဇွန်သားပေါက်တွေသေတာများတယ်လို့ဆိုပါတယ်။ဒီလိုငါးရက်လောက်သိုလှောင်ထားစဉ်မှာလည်း
ရေကို တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်လှည်ပေးရတယ်လို့ဆိုပါတယ်။
“ရေကတော့
လှည်ပေးနိုင်လေကောင်းလေပဲ ။ ရေလှည်တဲ့နေရာမှာလည်း ပင်လယ်ရေကိုသာလှည်ရတာဖြစ်လို့
ကျွန်တော်တို့ အနေနဲ့
၁၀ပိဿာဝင်ဗူးတစ်ဗူးကို
တစ်ထောင် လောက်ပေးဝယ်ရတယ်။ပင်လယ်ကမ်းနားထိ သွားခပ်ရတာဆိုတော့ ရွာနဲ့ နည်းနည်း လှမ်းတဲ့
အတွက်
ပိုပေးရတာလည်းပါတယ်။နောက်ပြီးကျွန်တော်တို့အနေနဲ့ရေမလှည်ရင် ပုဇွန်သားပေါက်တွေ
သေကုန်မှာမို့တစ်ဗူးတစ်ထောင်
ဆိုလည်း
ဝယ်ရတာပါပဲ” လို့ဆိုပါတယ်။
ပုဇွန်သားပေါက်
ကိုယ်စားလှယ်တွေအနေနဲ့ ပုဇွန်တာသမားတွေနဲ့ အဆက်အသွယ်လုပ်ထားပြီး
သားပေါက်ပုဇွန်တွေကို တာသမား
တွေဆီအရောက်သွားပိုကြရပါတယ်။ဦးအောင်ကျော်ဇောကတော့
သူ့အနေနဲ့ မြေပုံ၊ပေါက်တော၊မင်းပြား စတဲ့မြို့နယ်တွေထိသွားပို့
တယ်လို့ဆိုပါတယ်။ဒီလိုသွားဖို့အတွက်
စက်လှေကိုစင်းလုံးငှါးပြီးသွားကြရတာဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့်
သုံးသိန်းခွဲဝန်းကျင်
လောက်
ကုန်ကျတယ်လို့ဆိုပါတယ်။မိမိတို့သားပေါက်ချမယ့် ပုဇွန်တာတွေကို ရောက်ရင်တော့
မိမိတို့မှာပါလာတဲ့ ပုဇွန်သားပေါက်
ထည့်ထားတဲ့ဗူးတွေမှာ
သားပေါက်ဘယ်နှစ်ကောင်ပါလည်းဆိုတာကို ရေတွက်ရပါတယ်။ဒီလိုရေတွက်ရပုံကို
ဦးအောင်ကျော်ဇောက
အခုလိုဆက်ပြောပြပါတယ်။
“
ကျွန်တော်တို့ သားပေါက်ချမယ့်တာတွေကိုရောက်တဲ့အခါ
သားပေါက်ထည့်လာတဲ့ဗူးတွေမှာသားပေါက်ဘယ်နှစ်ကောင်ပါလဲဆိုတာ
ကို
တာသမားတွေရှေ့မှာ ရေတွက်ရပါတယ်။ဗူးတိုင်းကိုတော့ရေတာမဟုတ်ပါဘူး။ တာသမားတွေက သူတို့ကြိုက်တဲ့ဗူးတစ်ဗူးနှစ်ဗူး
လောက်ကိုသာဆွဲပြီးရေတာဖြစ်ပါတယ်။အဲလိုရေတွက်တဲ့အခါ
သားပေါက်ကောင်ရေ ၂၂၀၀လောက်ဖြစ်တယ်ဆိုပါတော့ ကျွန်တော်မှာ
ပါတဲ့ဗူးတိုင်းကို
၂၂၀၀ နဲ့တွက်ပြီးငွေချေမှာပါ။ဒီလိုဆိုရင် ကျွန်တော်တို့က တစ်ဗူးမှာ ၂၅၀၀
ထည့်တာဖြစ်လို့ တစ်ဗူးမှာ ၃၀၀လောက်
လျော့သွားတာပေါ့။ဗူးအရေအတွက်များရင်များသလိုနစ်နာနိုင်တယ်လေ
အဲလိုဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့အနေနဲ့ တာသမားတွေကို
နောက်ထပ်တစ်ဗူးနှစ်ဗူးလောက်ကိုထပ်ပြီး
ဆွဲရေကြည့်ဖို့တောင်းဆိုနိုင်ပါတယ်။အဲလိုထပ်ရေကြည့်လို ၂၄၀၀ဖြစ်တယ်ဆိုရင်တော့
ပျှမ်းမျှတစ်ဗူးကို
အကောင်ရေ၂၃၀၀ နဲ့တွက်ပါတယ်။ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဘက်ကလည်းကျေနပ်နိုင်ပါပြီ။၂၅၀၀ထည့်
လာလို့
၂၅၀၀ဖြစ်တယ်ဆိုတာတော့ လုံးဝမရှိဘူး။ သားပေါက်က
တစ်နေ့ပိုထားရင်တစ်နေ့အတွက်လျော့တာပဲ မသေပဲမနေဘူး။ရေ
လှည်ပေးသည့်တိုင်အောင်
သေတာကတော့သေတာပါပဲ နည်းနည်းသေတာနဲ့များများသေတာပဲကွာတယ်” လို့ဆိုပါတယ်။
ပုဇွန်သားပေါက်ကိုယ်စားလှယ်တွေအနေနဲ့
သားပေါက်တွေ အသေအပျောက်ရှိသည့်တိုင်အောင် သူတို့အတွက်ကတွက်ချေ
ကိုက်တယ်လို့ဆိုပါတယ်။တစ်ခါတစ်ခါ
အခက်မသင့်လို့
အသေအပျေိာက်များတာကြောင့်ရှုံးတဲ့အခါမျိုးတွေနဲ့လည်းကြုံရတယ်လို့ဆိုပါ
တယ်။နောက်ကြုံရတဲ့အခက်အခဲတစ်ခုကတော့
အကြွေးပေးရတဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့အနေနဲ့ တစ်ပတ်စောင့် ငါး
ရက်စောင့်ဆိုသလို
မျိုးအကြွေးလည်းပေးကြရပါတယ်။ဒီလိုအကြွေးမပေးလို့လည်းမဖြစ်ပြန်ပါဘူး
ပုဇွန်သားပေါက်ဆိုတာက လက်ငင်း
ရမှရောင်းမယ်ဆိုပြီးတင်းခံနေလို့လည်းမဖြစ်ပါဘူး
လက်ငင်းမရလို့မရောင်းရင်လည်းပုဇွန်သားပေါက်လေးတွေသေကုန်မှာဖြစ်တာ
ကြောင့်
အကြွေးလည်းရောင်းရတယ်လို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သားပေါက်လုပ်ငန်းကို
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင်လုပ်လာ
တာကိုကြည့်ခြင်းအားဖြင့်
ဒီလုပ်ငန်းဟာ တွက်ချေကိုက်တယ်လို့တော့ဆိုနိုင်ပါတယ်။ဒီလုပ်ငန်းနဲ့ပတ်သက်လို့
ဦးအောင်ကျော်ဇောက
သူ့အမြင့်ကို
အခုလိုပြောပါတယ်...
“
ပုဇွန်သားပေါက် အလုပ်က မျိုးငှဆွေငှဆိုသလိုပဲ ဗျ
။သားပေါက်ထောင်တဲ့သူလည်းစားရတယ်။သူတို့ဆီကတစ်ဆင့်ပြန်ဝယ်ပြီး
ကျွန်တော်တို့ဆီပြန်သွင်းကြတဲ့
ဖောက်သည်တွေလည်းစားရတယ်။သားပေါက်ရေတဲ့သူလည်းစားရတယ်။စက်လှေသမား ၊တာသမား
အကုန်အကျိုးရှိတယ်
နောက်ဆုံး ရေလှည်ဖို့ ပင်လယ်ရေကိုတောင်ကျွန်တော်တို့ငွေပေးရတာဆိုတော့
ရေခပ်ရောင်းတဲ့သူလည်းစားရ
တယ်လို့ပြောလို့ရပါတယ်”
လို့ဆိုပါတယ်။
ဒီလိုအကျိုးအမြတ်ရှိတဲ့
ပုဇွန်သားပေါက်လုပ်ငန်းကိုတော့ ဦးအောင်ကျော်ဇောတို့ ဒေသခံတွေကို သဘာဝတရားကြီးက
စားမကုန်အောင်ပေးထားတဲ့
လက်ဆောင်တစ်မျိုးလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ဒီအချက်ကို ပိုသေချာစေတာက
ပုဇွန်သားပေါက်
ဖမ်းယူလို့ရတဲ့နေရာဟာ
ရခိုင်ပြည်နယ်ထဲမှာတော့ မယူကမ်းအနောက်ဘက်ခြမ်းကမ်းခြေရွာတွေဖြစ်တဲ့
ဦးအောင်ကျော်ဇောတို့
ဒေသမှာသာ
အများဆုံးဖမ်းယူရရှိတာဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့အခြားပင်လယ်ကမ်းခြေတွေမှာတော့
ဒီလိုစီးပွားဖြစ်လုပ်လို့ရလောက်
အောင်ရတာမျိုးမရှိပါဘူး။တကယ်တော့ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းတည်ရှိနေတဲ့
မယူကမ်းအနောက်ဘက်ကမ်းခြေ
ဟာ
သဘာဝသယံဇာတတွေပေါကြွယ်ပြီး နေချင်စရာကောင်းတဲ့ ငွေရွှင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။
ပန်းသီကြိုး(ရသေ့တောင်)
Arakan Roma Radio တွင်
ရေးသားဆောင်းပါး
Arakan Roma Radio တွင်
ရေးသားဆောင်းပါး